Background
အောက်တိုဘာလဆန်းတွင် ပဲဈေးအချို့ဈေးမြင့်တက်ခဲ့လို့ ပဲသစ်ပေါ် ချိန်မှစ၍ ဈေးကောင်းမရဘဲ ဈေးအေးခဲ့တဲ့ ပဲတီစိမ်းသီးနှံဟာ ယခုတစ်ပတ် မှာတော့ တစ်တင်းကျပ် ၂၄၅၀၀ ရရှိခဲ့တဲ့အတွက် ပဲသစ်ပေါ်ချိန်အဖွင့်ဈေးကို မီလုနီးပြီ ဖြစ်ပါတယ်။ ပဲသစ်ပေါ်စ သြဂုတ်လဆန်းမှာ တစ်တင်း ၂၅၅၀၀ ကျပ်ဖြင့် ဈေးဖွင့် ခဲ့ပြီး ပဲအဝင်လှိုင်လာချိန်မှစ၍ ပဲဈေးနှုန်းများ လျော့နည်းကျဆင်းခဲ့ကာ မန္တလေးဝယ်လက်က နေ့စဉ်ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲဝင်ရောက် မှု နည်းပါးလာ သော်လည်း ပန်းတောင်း၊ မင်းတုန်း၊ ကံမနယ်စုံမှ အိတ် ၁၀၀ ကျော် နေ့စဉ် ဝင်ရောက်ခဲ့သလို မန္တလေးဝယ်လက်မှ အဝင်ရှိသလောက် ဝယ်ယူခဲ့လို့ အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတ
မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း)မှာ နေ့စဉ်(ဥပုသ်နေ့မှအပ) လယ်ယာထွက်ကုန်သီးနှံများအား အနယ်နယ်အရပ်ရပ်မှ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များလာရောက်ပြီး အရောင်း အဝယ်ပြုလုပ် ကြပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှာ ပဲတီစိမ်း တစ်ပိဿာ၁၃၆၉ ကျပ်(တစ်တန် ၈၃၈၃၆၂ ကျပ်) နဲ့အရောင်း အဝယ်ဖြစ်လို့ ယခင်တစ်ပတ်ဈေးနှုန်း အောက်တစ်ပိဿာ ၅၃ ကျပ်(တစ်တန် ၃၂၄၅၇ ကျ ပ်) နဲ့ ဈေးအေးသွားပေမယ့် နေ့စဉ် သုံးတင်းအိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၈၃ ကျပ်(တစ်တန် ၆၆၃၂၁၈ ကျပ်) နဲ့ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း နေ့စဉ်သုံးတင်းအိတ် ၁၀၀ ခန့်၊ ပဲကြီးတစ်ပိဿာ ၁
ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ လုံးဆန်အဝယ်ရပ်သဖြင့် ဈေးကျလာပါတယ်။ ဆီဆန်ဈေးမှာ အဝယ်ရှိသော်လည်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်ဘက် မှ တစ်နေ့လျှင် အိတ် ၁၅၀၀ ခန့်အဝင်ရှိပြီး မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့်ရန်ကုန်ဘက်မှ ဆီဆန်ကို အဝယ်ရှိနေတာတွေ့ရပါ တယ်။ လုံးဆန်ကိုဝယ်လက်အဝယ်ရပ်သဖြင့် ဈေးကျနေတာတွေ့ရပါ တယ်။ မြေပဲဆန်ဈေးအနေဖြင့် စက် တင်ဘာလဆန်းတွင် ဆီဆန်တစ် ပိဿာလျှင် ကျပ် ၁၆၀၀ နဲ့ လုံးဆန်တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဈေးရှိခဲ့ပြီး စက်တင်ဘာလကုန်တွင် မြေပဲဆီဆန်တစ်ပိဿာလျှင် ၁၄၅၀ ကျပ်နှင့် လုံးဆန် တစ်ပိဿာလျှင် ကျပ် ၁၉၀၀ဖြင့်ဈေးကျလာ တာတွေ့ရ ပါတယ်။
ဧရာဝတီမြစ်အနောက်ဘက် ကမ်းတစ်လျှောက်ရှိကျေးရွာများဖြစ်တဲ့ ဖိုးဦးတောင်၊ သစ်စိမ့်ပင်၊ ပြည်၊ မှော်ဘီ၊ ဇီးအုပ်၊ ဝက်ထီးကန်စတဲ့ကျေးရွာများမှ ထွက်ရှိတဲ့ သြဇာသီးများ ပြည်သစ်သီး ဝလံဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် လာတာကြောင့် ဈေးလည်းချိုလာတာ တွေ့ရပါတယ်။ သြဇာသီးပေါ်ချိန်ဖြစ် လို့ အရောင်း အဝယ်လည်းသွက်လျက် ရှိကာ ရန်ကုန်သို့တင်ပို့နေတာကို တွေ့ ရပါတယ်။ ပြည်သြဇာသီးရာခြင်းဈေး တစ်လုံးလျှင် (ချော) ကျပ် ၁၅၀၊ (လ တ်) ကျပ် ၁၀၀ နဲ့ ရောင်းချလျက်ရှိပါတယ်။ ဒေသတွင်းလက်လီဈေးကတော့ တစ် လုံးလျှင်(ချော) ကျပ် ၂၀၀ (အသေး သန့်) ကျပ် ၁၀၀ နဲ့ရောင်းချနေတာ တွေ့ရပါတယ်။ ရာသီပေါ် ချိန်သီးနှံဖြစ် လို့ ဒေသတွင်းရော၊ နယ်တင်ပို့မှုပါ
မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၈ ရက်က ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံမှ ဝယ်လိုအား မြင့်တက်မှုကြောင့် ဈေးကွက်တိုးတက်မည့်အလားအလာ များကို ေ တွ့ခဲ့ရသော် လည်း ပို့ကုန်အားနည်းကျဆင်းမှုနှင့် ပြိုင်ဖက်သီးနှံများဖြစ် သော ပဲပုပ်ဆီဈေးများ ကျဆင်းမှုကြောင့်ဈေးကွက် အလား အလာအပေါ် ဂယက်ရိုက်ခတ်မှုကြောင့် ယခုကဲ့သို့ ကျဆင်း ခဲ့ရခြင်းဖြစ်သည်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင် (-Bursa Malaysia Derivative Exchange)တွင် ဒီဇင်ဘာအတွက် ကြိုရောင်း ဈေးက တစ်ရက်အတွင်း အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၅၉၆ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက် ဈေးပိတ်ချိန်မှာ တ
စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၈၅၅၇၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၅၅၀ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ SCG တစ်မျိုးသာ တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၂၀၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန်၄၃၂၀ ကျော်တင်သွင်းမှု ပိုခဲ့တယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ် ကာလတူမှာ ဘိလပ်မြေတင် သွင်းမှုမှာ တန်ချိန် ၇၁၉၀ ရှိခဲ့တာကြောင့် ယခု သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုပိုခဲ့တယ်လို့ သိရပါတယ်။
ယခုတစ်ပတ်တွင် အစုရှယ်ယာ ဈေးနှုန်းများသည် ဈေးအတက်အကျ အနည်းငယ်ဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ FMI, MTSH တို့၏ရှယ်ယာဈေး နှုန်းများမှာ အတက်အကျ ကျပ် ၁၀၀၀ ခန့်သာရှိေ သာ်လည်း MCB ၏ ရှယ်ယာ ဈေးနှုန်းမှာ နေ့စဉ်အတက်အကျ ကျပ် နှစ်ရာခန့်သာရှိကြောင်း YSX ၏သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ ရှယ်ယာဈေးနှုန်း အတက်အကျ အနည်းငယ်သာ ရှိသော်လည်းအရောင်း အဝယ်ဖြ စ်မှုမှာ နေ့စဉ်လေးထောင် ကျော်မှ ကိုးထောင်ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများလည်း ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြီးခဲ့ သည့်ရက်သတ္တပတ်က ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည် တွ င်းရွှေဈေးများမြင့် တက်ခဲ့ရသော်လည်း ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးကျဆင်းပြီး ပြည်တွင်းငွေလဲ နှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များထံမှ သိရသည်။
ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများသည် ဆက်လက်မြင့်တက်လျက် ရှိရာ ယခုထက်ပိုမိုမြင့်တက်လာပါက မြန်မာငွေဖောင်းပွလာမည်ကိုစိုးရိမ်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်လျက်ရှိသည်။ ြ ပည်တွင်းငွေလဲနှုန်းများသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက် ခဲ့ရာ ယခုတစ်ပတ်တွင် အနည်းငယ်ကျဆင်းခဲ့သော်လည်း ရက်သတ္တပတ်တစ်ပတ်၏ နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ပြန်လည်မြင့် တက် လာခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် ကျပ် ၁၂၇၀ သို့ ရောက်ရှိခဲ့သည်။
ယွမ်ငွေလဲနှုန်းများ မြင့်တက်မှုကြောင့် ပြည်ပွဲရုံများ သို့ ပြည်ပမှ တင်သွင်းလာတဲ့ ကြက်သွန်ဖြူများ ဈေးတက်လာ တာ တွေ့ရပါတယ်။ ပြည်ပွဲရုံကို ဝင်ရောက်လာတဲ့ ကြက်သွန် ဖြူတွေဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့ တရု တ်နိုင်ငံတို့မှ ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူတွေ ဖြစ်တဲ့အတွက် ယွမ်နဲ့ ပေးချေရတာကြောင့်ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဈေး မြင့်တက်ပေမယ့် ကြက်သွန်ဖြူ အဝင်ပုံမှန်ရှိသလို အရောင်း အဝယ်လည်း ပုံမှန်ရှိနေပါတယ်။ ယ ခုတစ်ပတ် ပြည် ကြက် သွန်ဖြူ (ပွဲရုံ) တစ်ပိဿာဈေး (ကြူကုတ်) ၄၂၀၀ ကျပ်၊ ၄၃၀၀ ကျပ်နဲ့ ရောင်းချနေပြီး ပွဲရုံများမှာ တစ်ရက်ကို အိတ် ၁၀၀၀ နီးပါး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ရှမ်းစကတော့ ဈေ