Main menu

Background

Thursday, 28 Jul 2016

ဆူဇူကီး မြန်မာမော်တော်ကုမ္ပဏီသည် ၎င်းင်း၏ ကားအမျိုးအစားသစ် တစ်ခုဖြစ်သည့်Ertiga ကို ကျပ် ၂၀၉ သိန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါကားအမျိုးအစားမိတ်ဆက်ပွဲ တွင် ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါ ကားအမျိုးအစားသစ် မိတ်ဆက်ပွဲကို ဆူဇူကီးမြန်မာမော်တော် ကုမ္ပဏီမှ ဇူလိုင်လ ၁၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာ   ပလာဇာပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့သည်။

Thursday, 28 Jul 2016

အခုခေတ်ကာလ ကုန်သွယ်မှု လောကတစ်ခွင်မှာ ကြား နေရတဲ့ စကားတစ်ခွန်းကတော့Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုခြင်းပါ။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလောက တစ်နည်းအားဖြင့်မြန်မာ့ကုန်သည်လောကမှာRe-export စနစ် ပေါ်ထွန်းလာတာ သိပ် မကြာသေးတော့ ကုန်သည်တော်တော်များများသာမက ပြည်သူတွေပါ ဒီစနစ်နဲ့ အကျွမ်းတဝင် မဖြစ်ကြသေး။Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုမယ်ဆိုရင် ျွန-နထစသမအ စနစ်ရဲ့လုပ်ထုံးလုပ်နည်းတွေ၊Re-export စနစ်မှာ ဘယ်လို ကုန် ပစ္စည်းတွေကိုကုန်သွယ်မှုပြုနေသလဲ။ နိုင်ငံတော်ကရော ဘယ်လောက်အတိုင်းအတာအထိခွင့်ပြုထားသလဲ။ စတဲ့စတဲ့အခြေခံ အချက်တွေကို သိထားဖို့ လိုအပ်လှပါတယ်။Re-export စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် စီးပွားရေ

Thursday, 28 Jul 2016

မုံရွာကုန်စည်ဒိုင် ဇူလိုင်လတတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ်ဝယ်လက်ပါးလို့ မြေပဲဆန်ဈေး ဆက်လက်အေးခဲ့ရာ မြေပဲလုံး ဆန်(နီ) တစ်ပိဿာ ကျပ် ၂၇၀၀၊ မြေပဲဆန်(ဖြူ) တစ်ပိဿာ ၂၆၂၅ ကျပ်၊ ဆီဆန် တစ်ပိဿာ ကျပ် ၂၀၀၀ ဖြစ်ခဲ့သော်လည်း ယခင်လကထက်  တစ်ပိဿာ ကျပ် ၄၀၀ ခန့် လျော့ကျလာခဲ့ကာ  အရောင်း အဝယ်ပါ အေးသွားတယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။
တရုတ်ဝယ်လက်  ပုံမှန်အဆွဲမရှိဘဲ ဒေသတွင်း  ဝယ်လိုအားသာများခဲ့လို့ ဒိုင်မှာ တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊  မုံရွာဝန်းကျင်ရှိ ဆားလှော်ဖိုတွေက ကုန်သည်နဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမှုတွေ ရှိနိုင် တယ်လို့ သိရပါတယ်။

Thursday, 28 Jul 2016

ဒီတစ်ပတ် မန္တလေးဈေးကွက်မှာ မတ်ပဲဈေးကျဆင်းခဲ့ပြီး ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းဈေးအနည်းငယ် တက်ရိပ်ပြခဲ့ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာမတ်ပဲကို ပဲခွဲစက်တွေက တစ်ပိသာ ၂၅၀၀ ကျပ် (တစ်တန်ကို ၁၅၃၀၉၇၅ ကျပ်) နဲ့ ဈေး ဖွင့်ခဲ့ပြီး တစ်နေ့ကို သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်က တစ်ပိသာ၁၅၁၁ ကျပ် ရှိခဲ့တဲ့ ပဲတီစိမ်းကြီး ယခုတစ်ပတ်မှာ တစ်ပိဿသာ၁၅၂၉ ကျပ် ( တစ်တန်ကို ၉၃၆၃၄၄ ကျပ် ) နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး  တရုတ်ဝယ်လက်နဲ့ ပဲခွဲစက်တွေက တစ်နေ့ကို အိတ် ၁၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီး က ယခင်တစ်ပတ်ထက်ဈေးမြင့်ပြီး ယခုတစ်ပတ်မှာ တစ်ပိသာ ၂၂၇၁ ကျပ် ( တစ်တန

Thursday, 28 Jul 2016

ယခုကာလသည် မိုးတွင်းကာလ ဖြစ်၍ ပုသိမ်မြို့ရဲ့ အဓိကဈေးကွက် တစ်ခုဖြစ်တဲ့ ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၊   ပြည်ပဈေးကွက် ခိုင်မာစွာ ရရှိထားတဲ့   ပုသိမ်ထီးဈေး ကွက်မှာ  ပြည်တွင်းတွင်ရန်ကုန်၊ မန္တလေး၊  နေပြည်တော်၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်၊  တောင်ကြီးမြို့ များရှိ ဟိုတယ်များနဲ့ ငွေဆောင်၊ချောင်း သာ၊ ငပလီကမ်းခြေဟိုတယ်များတွင် အလှဆင်ရာ မှာလည်းေ ကာင်း ၊ မြန်မာ့ ရိုးရာ ရှင်ပြု၊ နားသ၊ အလှူမင်္ဂလာ ပွဲများမှာလည်းကောင်း အသုံးပြုလျက် ရှိပြီး လေးလက်မမှ လက်မ ၂၀ အထိ အရွယ်အစား အမျိုးမျိုးဖြင့် ထုတ်လုပ် လျက်ရှိပါတယ်။

Wednesday, 27 Jul 2016

ကယား xxxx  ကယား xxxxx ကယားဌာနေ ကယား တို့ဌာနေ xxxxxx ငွေတောင်ဆည်ဒီမောဆို ခေါင်ရည်ချို သောက် မယ် xxxxx ဟေ့ xxxxxx၁၉၉၅-၉၆ ခုနှစ်က ကယားပြည် နယ်ရဲ့   ကျောင်းသားအားကစားပွဲ တော်မှာ အကော်ဒီယံနဲ့တီးခတ်ထားတဲ့ ကယားပြည်နယ်ရဲ့ သီချင်းတစ်ပုဒ်ပါ   ငွေတောင်ဆည်နဲ့  ရိုးရာခေါင်ရည်ဟာ ကယားလူမျိုးတို့ရဲ့ အထင်ကရ နေရာ နဲ့ရိုးရာဖြစ်သလို  ...ဟိုး ...ရှေးနှစ် ပေါင်းများစွာကတည်းက  လူတွေ မသိ ရှိ သေးတဲ့ ကယားတို့ရဲ့ဒေသထွက်ကုန် တစ်ခုကိုလည်း     မိတ်ဆက်ပေးပါ                        ရစေ...အဲဒါကတော့ ဆီးဘူး ငရုတ် သီးပါ။ ကျွန်မတို့   ကယားပြည်နယ် တစ်ခုလုံးမှာ    ''ဆီးဘူး''လို့ခေါ်တဲ့ ကယားရွာ တစ်ရွာမှာပဲ   စိုက်ပျိုးတဲ့ ငရုတ်သီး

Tuesday, 26 Jul 2016

ဟင်္သာတ  မတ်ပဲဈေးကွက်မှာ ယခုဇူလိုင်လ    တတိယပတ်အတွင်း မတ်ပဲဈေးများ ကျဆင်းလာခဲ့ပါတယ်။    ဇူလိုင်လ ၁၈ ရက်က  မတ်ပဲတစ်တင်း လျှင်ကျပ် ၅၅၀၀၀ အထိရှိနေရာမှ ၂၀ ရက်တွင်ကျပ် ၅၄၀၀၀ သို့ကျဆင်းခဲ့ ပါတယ်။ဇူလိုင်လဆန်းပိုင်းက ပိဿာ ၂၀ ဝင်တစ်တင်းလျှင်   ကျပ် ၅၇၀၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြသော်လည်း   ဒုတိယ ပတ်မှာ ကျပ် ၅၇၃၀၀ နဲ့   အရောင်း အဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဈေးကျဆင်းနေမှုကြောင့်   မတ်ပဲလှောင် လက်များနဲ့    မတ်ပဲလက်ကျန်ရှိတဲ့ စိုက်ပျိုး    ထုတ်လုပ်သူများအနေနဲ့ ရောင်းဝယ်မှုနည်းပါးလာခဲ့ကာ တက် ဈေးကို မျှော်လျက်ရှိကြောင်း  သိရပါ တယ်။
 လှိုင်ထွဋ် ( ဟင်္သာတ )

 

Tuesday, 26 Jul 2016

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်ဝါးတန်းကုန်စည် ဒိုင်မှာ ဆန်ချောများအဝင်နည်းပြီး  ဈေးနှုန်းမြင့်တက်ခဲ့ပေ မယ့် ဆန်ကြမ်းဈေးတွေကတော့  ယခင်တစ်ပတ်အတိုင်းဈေး ငြိမ်နေပါတယ်မူဆယ်ဆန်ဈေးကွက်မှာ ဆန်ကားအဝင်နည်း ပြီး အရောင်းအဝယ်ပါးနေတာကို တွေ့ရပါတယ်။လူကြိုက်များတဲ့ မြန်မာ့ဆန်ပေါ်ဆန်း(ရှယ်) အရောင်း အဝယ်ဖြစ်ပြီး အဝင်နည်းလို့ ဈေးအနည်းငယ်တက်သွားတယ် လို့ ရန်ကုန်မြို့ရဲ့ ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဇူလိုင်  ၂၁ ရက်ဈေးနှုန်းများအရ ဖျာပုံ ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်    ကျပ် ၃၅၅၀၀ နဲ့ လတ်စ တစ်အိတ်  ကျပ် ၃၃၀၀၀ ၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၇၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ်၃၅၀၀၀၊ နယ်စုံပေါ်ဆန်

Thursday, 21 Jul 2016

ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာမှ သင်ချောဖျာများ ရက်လုပ် ပြီး မုံရွာနဲ့ မန္တလေးဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ကုန်ကြမ်းအဖြစ်သုံးတာကတော့ သင်ပင်နဲ့ အနားကွပ် တဲ့ ကတ္တီပါစ ပါ။ သင်ပင်ကို ကသာ၊ မော်လိုက်၊ ဖောင်းပြင်ကနေ ဝယ်ပါတယ်။ သုံး ထောင့်ထွာရှိတဲ့ အပင်၄၀၀ပါ တစ်စည်းကို ကျပ် ၃၅၀၀ကနေကျပ် ၅၀၀၀ ထိ ပေးဝယ်ရပါတယ်။ အနားကွပ်ပါတဲ့ ကတ္တီပါတစ်ကိုက်ကို ကျပ် ၇၀၀ ကနေ ကျပ် ၁၀၀၀အထိ ပေးရပါတယ်လို့ ဆားခါးကျေးရွာမှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောပါတယ်။သင်ချောင်းရေ ၄၀၀ပါတစ်စီးကို ရက်လုပ်ရင် ဖျာတစ်ချပ်ရကြောင်း၊ ရောင်းဈေးက (၆ပေ ထ ၄ပေ) (၆ပေ ထ ၄ပေခွဲ) တစ်ချပ်ကို ကျပ် ၂၀၀၀၀ နဲ့ အသေး (၆ပေ ထ ၃ပ

Thursday, 21 Jul 2016

ဒီတစ်ပတ် မုံရွာဈေးကွက်မှာ  ပဲတီစိမ်းနဲ့  ပဲစင်းငုံနီဈေး ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း  ဆက်လက်ရှိနေ ပြီး၊ ကုလားပဲဖြူလုံးကြီးကတော့ ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီး ကတော့ ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း တစ်ပိသာ ၁၃၉၄ ကျပ်(တစ်တန်ကို ၈၅၃၆၇၁ ကျပ်)နဲ့ ဈေးဖွင့်ခဲ့ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်ကြောင်း သိရပါ တယ်။  ပဲစင်းငုံနီဈေးကလည်း   ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း တစ်ပိသာ ကျပ် ၂၃၉၀ (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်) နဲ့ဈေးဖွင့်ခဲ့ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်း ဝယ်လိုအားပုံမှန်ရှိနေတဲ့ ကုလားပဲဖြူလုံး ကြီးက ယခင်တစ်ပတ် က တစ်ပိဿာ ၂၀၄၂ ကျပ်ရှိနေရာက ယခု တစ်ပတ်မှာ

Pages