Background
ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်သီးနှံဖြစ်တဲ့ မတ်ပဲသီးနှံရဲ့ ယခုနှစ် ဈေးနှုန်းမှာ ယခင်နှစ်က ရရှိတဲ့ဈေးနှုန်းထက် ဈေးကောင်းရရှိနေကာ ဈေးကွက် ခိုင်မာလျက်ရှိကြောင်းသိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ယခုနှစ် တွင် မတ်ပဲစိုက်ဧက ၁၁၄၇၁၇၄ ဧကစိုက်ပျိုးခဲ့သဖြင့် ယခင် ၂၀၁၅ ခုနှစ်က ထက် စိုက်ဧက ၁၃၁၁၁ ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ဟင်္သာတခရိုင်မှာ ပဲဈေးကွက်ကြီးမား၍ ပဲကုန်စည်ဒိုင်၊ ပဲပွဲရုံနှင့်ပဲကုန် သည်များ အများအပြားရှိပြီး ပြည်၊ အညာဒေသများနှင့် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဟင်္သာတ ခရိုင်ပတ်ဝန်းကျင်မြို့နယ်များ တွင် ပဲမျိုးစုံကို အဓိက စိုက်ပျိုးလျက်ရှိ
OPPO က ထူးခြားကောင်းမွန် သည့် 4G စနစ်သုံး A37 ဖုန်းအမျိုး အစားကို ကျပ် ၂၂၉၀၀၀ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း OPPO ၏သတင်းထုတ်ပြန်ချက်များတွင် ဖော် ပြထားသည်။OPPO သည် အဆိုပါ စမတ်ဖုန်း အမျိုးအစားသစ်တစ်ခုဖြစ်သည့် ဗ၃၇ ဖြင့် မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းဈေးကွက် ကို ဦးဆောင်သွားရန် ရည်ရွယ်ထား ကြောင်း သိရသည်။
OPPOအဆိုပါစမတ်ဖုန်းA37 အမျိုး အစားသည် ၂၀၁၆ ခုနှစ်အတွင်းမြန်မာ ပြည်ဈေးကွက်နှင့်အထူးသင့်လျော်မှု ရှိ စေမည့်စမတ်ဖုန်းဖြစ်ပြီး ဇူလိုင် ၁ ရက် မှစတင်ကာ ဈေးကွက်အတွင်း စတင် ဖြန်ချိလျက်ရှိကြောင်း သိရသည်။
ပြည်ဈေးကွက်သို့ မင်းတုန်း၊ ပုသိမ်နဲ့ ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆန်အိတ်တစ်နေ့လျှင် အိတ်၅၀၀ခန့်သာ အဝင်ရှိပေမယ့် အရောင်း အဝယ် မဖြစ်တာ တွေ့ရပါတယ်။ မိုးမြေပဲအသစ်များ အနည်းငယ် ဝင်ရောက်လာ သဖြင့် မြေပဲဆန်ဈေးလည်း အနည်းငယ်ကျလာတာ တွေ့ ရပါတယ်။
ယခုအချိန်မှာ ဆီစက်များနဲ့ ဝယ်လက်များက အဝယ်ပျောက် နေသဖြင့် ဈေးမှာ ယခင်တစ်ပတ်ထက်စာလျှင် ဈေးကျနေတာ တွေ့ရပါ တယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိသာလျှင် ၂၀၀၀ ကျပ်၊ လုံးဆန် တစ် ပိသာလျှင် ၂၂၅၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျ လာတာကို တွေ့ရပါတယ်။ မြေပဲဆီဈေးကတော့ တစ်ပိသာလျှင် ၅၂၀၀ ကျပ်ဖြင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။
ဝေေ၀မင်း
တောင်တွင်းဒေသတို့တွင် နွေစပါးများလှိုင်လှိုင်ထွက် ရှိနေပြီဖြစ်သော်လည်း ကြို့ပင်ကောက် နွေစပါးထက် တောင်တွင်းဒေသမှ ထွက်ရှိသည့် နွေစပါး များကို လူ ကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။ကြို့ပင်ကောက် မှထွက်သော နွေစပါးများမှာ အစို ဓာတ်များခြင်း၊ အကျိုးအကျေများ၍ စပါးအရည်အသွေး ညံ့သဖြင့် အစိုဓာတ် ၂၅ ရာခိုင်နှုန်းရှိသဖြင့် ပေါင် ၅၀ စပါး တင်း ၁၀၀ လျှင် ကျပ် ၄၆၀၀၀၀ ရှိပြီး ဝယ်သူအကြိုက် နည်းကြောင်း သိရသည်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံ သို့ ဇွန်လအတွင်း နေ့စဉ် ကြက်သွန်နီ ကားအစီးရေ ငါးစီးမှ ၂၀ စီးအထိ တင်ပို့လျက်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၇၈၂ သန်း တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၁၆၁၂၉ ဒသမ၂၄၀ တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်၊ ဧပြီလကနေ ဇွန်လကုန်ထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းတန်ဖိုးရှိကြက်သွန်နီတန်ချိန် ၂၁၀၂၈ ဒသမ ၄ တင်ပို့ လာနိုင်လို့ ယခင်နှစ်ကထက် ကြက်သွန်နီဈေးကွက် ပိုမိုကျယ်ပြန့် လာတာကို တွေ့ရှိရပါတယ်။ မြန်မာပြည်တွင်းမှာ ' ကြက်သွန်နီ ' ကို မုံရွာ၊ မြင်းခြံ၊ တောင် သာ၊ ပခုက္ကူ ၊ မန္တလေး၊ ကျောက်ဆည်၊ မကွေးဒေသတို့မှာ အများ ဆုံးစိုက်ပ
ဇွန် ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၇၉၆၇ တန်ဖိုးရှိတဲ့ နနွင်းတက် (ရှမ်းစ) ၇၄ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ယခင်တ စ်ပတ်ကလည်း ၇၁ တန်ခွဲ တင်ပို့ခဲ့တာ ကြောင့် မူဆယ်ကနေ တရုတ်ပြည်ကို နနွင်းတက်တွေ ပုံမှန်တင်ပို့နေ တယ်လို့ ဆိုရ ပါမယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို မိမိဘက်ပေါက် ဈေး(ငွေလဲ နှုန်းအရ)ဇွန် ၁၇ ရက်က ၉၁၇၁၉၀ ကျပ် ရှိခဲ့ပြီး ဇွန် ၂၄ ရက်မှာတော့ ၉၁၉၅၆၀ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။
အောင်လံဈေးကွက်မှာ ယခုတစ်ပတ် ပဲစင်းငုံနီဈေး ယခင် တစ်ပတ်အတိုင်း ဆက်လက်ရှိနေပြီး တစ်ပိသာ1၄၅၀ ကျပ် ( တစ်တန်ကို ၁၅၀၀၃၅၅ ကျပ် ) နဲ့ ပြည်ပအတွက် ရန်ကုန်ဝယ် လက်တွေက အဝယ်ရှိခဲ့ပေမယ့် အရောင်း အဝယ်ဖြစ်မှုအနေနဲ့ တစ်နေ့ကို အိတ် ၁၅၀ မှ ၂၀၀ ခန့်သာ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကတော့ ယခင်တစ်ပတ်ထက် ဈေးအနည်း ငယ်ကျခဲ့ပြီး နှမ်းနီတစ်ပိသာ ၁၉၁၀ ကျပ်၊ နှမ်းနက် တစ်ပိသာ ၂၀၀၀ ကျပ်၊ သိပ္ပံနှမ်း တစ်ပိသာ ၃၃၃၅ ကျပ် နဲ့ ဈေးဖွင့်ခဲ့ပြီး တစ် နေ့ကို နှမ်းမျိုးစုံ အိတ် ၃၀၀ မှ ၄၅၀ ကြား အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဒေသအနှံအပြားတွင် ကူဘိုတာအမှတ်တံဆိပ်ဖြင့် လယ်ထွန် စက်များ၊ ရေစုပ်စက်များစသည့် လယ် ယာလုပ်ငန်းသုံးပစ္စည်း ကိရိယာများကို ရောင်းချလျက်ရှိသည့် ှ Siam Kubota Corporation Co., Ltd. သည် မြန်မာ နိုင်ငံတွင် ကျင်းပမည့် ကလေးများနေ့ နှင့်အပြည်ပြည်ဆိုင ်ရာ ကလေးများနေ့ ကိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါးသောကလေးငယ် များအား ကျောင်းသုံးစာရေးကိရိယာ
ပြည်ပွဲရုံမှာ ဇွန်လဆန်းမှစ၍ မန်ကျည်းမှည့်တွေ အဝင်နည်းလာပြီး ဈေးအနည်းငယ် တက်လာတာ တွေ့ ရပါတယ်။ လှောင်မန်ကျည်းမှည့်တွေ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေခဲ့ ရာမှ ဇွန်နောက်ဆုံးပတ် အတွင်း မန်ကျည်းမှည့် လက်ကျန်အပေါ်တွင် ဈေးအနည်းငယ် ထပ်မံမြင့်တက်လာ ခဲ့ပါတယ်။ နယ်သို့ တင်ပို့မှုမရှိတော့ဘဲ ဒေသတွင်း ပုံမှန်အရောင်းအဝယ်ဖြစ် နေပါတယ်။ စားသုံးမှုနည်းပေမယ့် ပရဆေးဖော်စပ်ခြင်း၊ အိမ်တွင်းယိုလုပ် ငန်းတို့မှ သုံးစွဲမှုရှိသဖြင့် အရောင်း အဝယ် ပုံမှန်ရှိနေကြောင်းလည်း သိရ ပါတယ်။ ယခုဇွန် နောက်ဆုံးပတ်မှာ မန်ကျည်းမှည့် တစ်ပိသာ(ပွဲရုံဈေး) ကျပ် ၁၈၀၀ဖြစ်ပြီး ဒေသတွင်း လက်လီ ဈေးကတော့ ကျပ် ၂၀၀၀နဲ့ ကျပ် ၂၂၀၀ ဈ
မုံရွာကုန်စည်ဒိုင် ဇွန်လလကုန်ပတ် ပဲမျိုးစုံဈေး ကွက်မှာ ပြည်ပဝယ်လိုအားရှိတဲ့ ငုံနီ၊ စိမ်းကြီးနဲ့ မတ်ပဲတို့ ဆက်လက်ဈေးမာနေသလို လုပ်ငန်းသုံးဝယ်လိုအား အနည်းငယ်သွက်လာလို့ ကုလားပဲဈေး တက်လာတာ တွေ့ရ ပါ တယ်။ မိုးရာသီဖြစ်ပေမယ့် မိုးရွာသွန်းမှုနည်းပြီး ရာသီ ပွင့်လင်းနေတာကြောင့် ကြာဆန်စက်သမားတွေ လုပ်ငန်းသွက်ကာ ပဲအဝယ်လိုက်ခဲ့သလို ခွဲစက်၊ အမှုန့် ကြိတ်စက်နဲ့ ပဲကြော်ဖိုလုပ်ငန်းသမားတွေ ဝယ်လိုအား ကောင်း တာကြောင့် အခုလို ကုလားပဲဈေးမြင့်လာတာဖြစ် တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် အတွင်းမှာ ထိုင်ဝမ်နဲ့ ၉၂၉ တစ်တင်းကျပ် ၃၈၀၀၀နဲ့ V2တစ်တင်း ကျပ် ၄၀၈၀၀ အထိ အမြင့်ဈေးဖြစ်ပေါ်ခဲ့ ကာ တစ်ရက် ကုလားပဲမျိုးစ