Main menu

Background

စီးပွားရေးသတင်း

ခြောက်နှစ်အတွင်း ပထမဆုံး ကုန်သွယ်မှုအကျပ်အတည်း အမေရိကန်ကြုံတွေ့

Fri, 02/14/2020 - 12:45 -- journal_editor

      ကမ္ဘာ့စီးပွားရေးအင်အား  အကြီးမားဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်းတွင် ကုန်သွယ်မှု အကျပ်အတည်းဖြင့်  ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စီအင်န်ဘီသတင်းဌာန၏  ရေးသားဖော်ပြထား ချက်အရ သိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် ထိုကဲ့သို့ ကုန် သွယ်မှု အကျပ်အတည်းဖြင့်  ကြုံတွေ့ခဲ့ရခြင်းမှာ ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ် ကြုံတွေ့ခဲ့ ရခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၁၆ ခုနှစ် သမ္မတ ဒေါ်နယ်ထရန့်  တက်လာချိန်တွင် အမေရိကန် နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့သော် လည်းနောက်ပိုင်းတွင် အထူးသဖြင့် ၂၀၁၈-၂၀၁၉ ကာလများတွင် ကမ္ဘာ့စီးပွားရေး  ဒုတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်

၂၀၁၉ စတုတ္ထသုံးလပတ်တွင် ဖို့ဒ်ကုမ္ပဏီ အရှုံးပေါ်

Fri, 02/14/2020 - 12:44 -- journal_editor

     ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ဖို့ဒ်မော်တော်ကား ကုမ္ပဏီအနေဖြင့်  အရှုံးပေါ်ခဲ့ကြောင်း စစ်တမ်းတစ်ခု၏ ဖော်ပြထားချက်ကို ကိုးကား၍ စီအင်န်ဘီစီ  သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။ စီးပွားရေး  စီမံခန့်ခွဲမှုနှင့် စက်မှုလုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် အမေရိကန်နိုင်ငံသား ဟင်နရီဖို့ဒ်  စတင်တည် ထောင်ခဲ့သည့် ဖို့ဒ်မော်တော်ကားကုမ္ပဏီအနေဖြင့် ကမ္ဘာ တစ်ဝန်း ဈေးကွက်ဖြန့်ကြက်လျက်ရှိရာ  မော်တော်ကား လောကတွင် အောင်မြင်မှုများ ရရှိနေသည်။ မြောက်အမေရိက ဈေးကွက်မှ အစပြုခဲ့သည့် ဖို့ဒ်မော် တော်ကားကုမ္ပဏီအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ဈေးကွက် ချဲ့ထွင်နိုင်ခဲ့သလို အလုပ်အကိုင် ဖန်တီးပေးမှုများလည်း ပြု လုပ်ပေးနိုင်ခဲ့သည်။

ပြည်ပပို့ကုန်ဈေးကွက်ကို ဘယ်လိုရှာဖွေမလဲ

Fri, 02/14/2020 - 11:36 -- journal_editor

     ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ရန် ကြိုးပမ်းခြင်းသည် မည်သည့်ပို့ကုန်လုပ်ငန်းအတွက်မဆို အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်သည်။ တစ်ဦးချင်းလုပ်ငန်းဖြစ်စေ၊ အစုအဖွဲ့လုပ်ငန်းဖြစ်စေ ပြည်ပမှ Export order ရရှိရေးအတွက် နည်းဗျူဟာရှိသင့်သည်။ Export order မရရှိဘဲ မည်သည့်ကုမ္ပဏီမှ ရပ်တည်ရန်မဖြစ်နိုင်ချေ။ ပြည်ပပို့ကုန်လုပ်ငန်းကြီးတစ်ခု၏ ဦးစားပေးအလုပ်တစ်ခုအနေဖြင့် ၎င်း၏ထုတ်ကုန် ပစ္စည်းများကို ရောင်းချရန် Export order ရရှိရေး မဟာဗျူဟာအပေါ် အာရုံစိုက်သင့်သည်။

Export order ဘယ်လိုရမလဲ

ရေလမ်းမှ ဘိလပ်မြေအဝင်လျော့

Thu, 02/13/2020 - 16:06 -- journal_editor

    ဇန်နဝါရီ ၂၆ ရက်မှ  ဖေဖော်ဝါရီ ၁ ရက်သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၄၂၅၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်  ှဃွ ဘိလပ်မြေတစ်မျိုးသာ  တင်သွင်းခဲ့ ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၅၈၀ ကျော်တင်သွင်း ခဲ့ခြင်းကြောင့်  ယခုတစ်ပတ်  တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၅၀ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့သည်။ ဇန်နဝါရီ ၂၅ ရက် မှ ၃၁ ရက်အတွင်း နယ်စပ်လမ်းမှဘိလပ်မြေအဝင်မှာ တန်ချိန် ၂၃၈၄၀ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၉၄၇၀ကျော်ရှိခဲ့ခြင်းကြောင့်   ယခုတစ်ပတ်မှာ  တန်ချိန် ၁၄၃၆၀ ကျော် အဝင်ပိုခဲ့ သည်။ ထို့ကြ

ကျပြီးရင်းကျနေသည့် ပြည်တွင်းငွေလဲနှုန်း

Thu, 02/13/2020 - 16:04 -- journal_editor

     ပြည်တွင်းငွေလဲနှုန်းဈေးကွက်သည်  နှစ်စကတည်းက  ကျဆင်းနေခြင်းဖြစ် ပြီး အကျဘက်ကိုဆက်လက် ဦးတည်နေနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ပြောသည်။  လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖေဖော်ဝါရီ  ၆ ရက်အတွက် ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင်  ၁၄၅၃ ကျပ် သတ်မှတ်ထားပြီး ဈေးကွက်အနေအထားအရ အနည်းငယ်ကျဆင်းမှုသာရှိခဲ့ ကြောင်း သိရသည်။'ငွေလဲနှုန်းက တအိအိနဲ့ကျနေတယ်။ ဈေးကလည်း တစ်ပတ်နဲတစ်ပတ်ကို တအားကြီး ကွာခြားမှုမရှိဘူး။ ဒီတစ်ပတ်အတွင်း  အနေအထားနဲ့ပြောမယ်ဆိုရင်တောင် သုံးကျပ်လောက်က တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကိုရိုနာ ဗိုင်းရပ်စ် မငြိမ်သရွေ့ကတော့ ဈေးကျနေဦးမယ်လို့သုံးသပ်ရတာပဲ။

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန်ငါးသောင်းခန့်တင်ပို့

Thu, 02/13/2020 - 16:02 -- journal_editor

     ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၆တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀ဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၂၀ဝ၀၊  ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၂၀ဝ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၂၅၀ နှင့် မြန်မာ-အိန္ဒိယနယ်စပ်  တမူးကုန် သွယ်ရေးစခန်းမှ  ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ်  တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်   တန်ချိန် ၃၅၀ဝ နီးပါးလျော့နည်းတင်ပို့ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းဈေးနှုန်း ကျဆင်းနိုင်

Thu, 02/06/2020 - 13:39 -- journal_editor

      ၂၀၁၉ ခုနှစ်တွင် ငရုတ်ကောင်းထွက်ရှိမှုများပြားသောကြောင့်  ပြင်းထန် သောဈေးနှုန်းကျဆင်းမှုတစ်ရပ် ဖြစ် ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုနှစ်တွင်လည်း ငရုတ်ကောင်းဈေးနှုန်းများသည် ပြန် လည်ကောင်းမွန်သည့် အခြေအနေ ရောက်ရှိရန် အလား အလာ မရှိသေး ကြောင်းနှင့် ငရုတ်ကောင်း သုံးစွဲသော နိုင်ငံများ၏ ဝယ်လိုအားများသည် ယခု တိုင်အားကောင်းသော တိုးတက်မှုကို မမြင်ရသေးကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် တွင်  ၂၀၁၇ ခုနှစ်က စတင်စိုက်ပျိုးခဲ့ သော များစွာသော ငရုတ်ကောင်းစိုက်ခင်း များမှ အားရလောက်သော သီးနှံများစွာ ထွက်ရှိဖို့  မျှော်မှန်းခဲ့ကြောင်းနှင့် ပို၍ မြင့်မားသော ဈေးနှုန်းများရရှိဖို့ကို မျှော်လင့်၍ အိမ်သု

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီ ၁၀ခု

Thu, 02/06/2020 - 13:25 -- journal_editor

     ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကား ကုမ္ပဏီ ၂၅ ခုကို motoringresearch.com  က စစ်တမ်းကောက်ယူ ဖော်ပြခဲ့ရာ ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီမှာ ဗောက်ဆွာ ဂွန်ပင်ဖြစ်ကြောင်း သိရသည်။ motoringresearch.com ၏ ဖော်ပြထားချက်အရ ဂျာမနီနိုင်ငံအခြေ စိုက် ဗောက်ဆွာဂွန် မော်တော်ကား ကုမ္ပဏီမှထုတ်လုပ်သည့် ဇိမ်ခံကားများ မှာ လူကြိုက်များလာခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာတွင်   ကမ္ဘာ့ရောင်းအား အကောင်းဆုံး မော်တော်ကားကုမ္ပဏီ အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်   မေ ၂၈ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အခြေစိုက် ထုတ်လုပ်ခဲ့သည့်    ဗောက်ဆွာဂွန် မော်တော်ကားများမှာ ယခုအချိန်တွင် ကမ္ဘာ့န

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပ

Thu, 02/06/2020 - 12:41 -- journal_editor

     အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅  ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့  Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးတို့ တက်ရောက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ဆော

ရေထွက်ကုန်ဖြစ်သည့် ခရု၊ ကမာနှင့် ဂုံးများ တိုးချဲ့မွေးမြူရေးလုပ်ငန်းများ တွန်းအားပေးသင့်

Thu, 02/06/2020 - 12:37 -- journal_editor

       မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀ဝ ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသည့်  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အော်များနှင့် ထိစပ်လျက်ရှိသည်။ ကမ်းရိုးတန်းဒေသ တစ် လျှောက်လုံးတွင်  ရေငန်ခရု၊ ကမာနှင့် ဂုံး စသည့် ရေသတ္တဝါများ ပေါက်ပွားနေထိုင်ကြသည်။ အဆိုပါရေထွက်ပစ္စည်းများအား ကမ်းရိုးတန်းဒေသတွင် နေထိုင်သူ အနည်းငယ်ကသာ စားသုံးကြသည့် အလေ့အထ ရှိသည်။ နိုင်ငံအတွင်းရှိ လူများစုမှာ အဆိုပါရေထွက်ပစ္စည်း များကို စားသုံးသည့် အလေ့အထ အလွန်နည်းကြသည်။ ဖော်ပြပါရေထွက်ပစ္စည်းများသည် နိုင်ငံတကာ ဈေးကွက်အားလုံး မှ ခုံမင်နှစ်သက်စွာ စားသုံးကြသည့် ရေသတ္တဝါ မျာ

Pages

Subscribe to RSS - စီးပွားရေးသတင်း