အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများလိုက်နာရန် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ စာရင်းဝင်ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀ဝ နှင့်အထက်ရှိသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာကို ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်းသိရသည်။ ယင်း အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု နှင့် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ တိုးမြှင့်လာနိုင် မည်ဖြစ်ကာ အကြံပေးကော်မတီအနေဖြင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု တိုးတက်ရန် ဆက်လက်ကြိုးပမ်း ဆောင် ရွက်မည်ဖြစ်ကြောင်း ခေတ္တအကြံပေး ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုန










