၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီ ၁၀ခု
၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကား ကုမ္ပဏီ ၂၅ ခုကို motoringresearch.com က စစ်တမ်းကောက်ယူ ဖော်ပြခဲ့ရာ ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီမှာ ဗောက်ဆွာ ဂွန်ပင်ဖြစ်ကြောင်း သိရသည်။ motoringresearch.com ၏ ဖော်ပြထားချက်အရ ဂျာမနီနိုင်ငံအခြေ စိုက် ဗောက်ဆွာဂွန် မော်တော်ကား ကုမ္ပဏီမှထုတ်လုပ်သည့် ဇိမ်ခံကားများ မှာ လူကြိုက်များလာခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာတွင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး မော်တော်ကားကုမ္ပဏီ အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ် မေ ၂၈ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အခြေစိုက် ထုတ်လုပ်ခဲ့သည့် ဗောက်ဆွာဂွန် မော်တော်ကားများမှာ ယခုအချိန်တွင် ကမ္ဘာ့န










