ထုပ်ပိုးမှုအဆင့် မြှင့်တင်ရန် လိုအပ်လျက်ရှိသော မြေပဲဆားလှော်
မြန်မာနိုင်ငံတွင် နှစ်စဉ် မြေပဲစိုက်ဧက ၂၃ သိန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အနက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ဧကခုနစ်သိန်းကျော်စိုက်ပျိုးမှုရှိပြီး ပျမ်းမျှအထွက်နှုန်း ၅၀ တင်းထွက်ရှိကာ သုံးစွဲမှုကိုနုတ်ပြီးပါက တန်ချိန်သုံးသိန်းကျော်ပိုလျှံသည်ကို ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချလျက်ရှိပါသည်။ မုံရွာခရိုင်တွင် စိုက်ဧက ခုနစ်သောင်းကျော်ရှိသည့် အနက် ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ လက်ရှိ မြေပဲလုံးဆန် တစ်တင်းဈေးနှုန်းမှာ ကျပ် ၅၃၀ဝ၀ ဖြစ်ကာ မြေပဲဆန်ကို စားသုံးဆီကြိတ်ခြင်း၊ လက်ဖက်အကြော် တွင်သုံးစွဲခြင်း၊ မုန့်လုပ်ငန်းသုံးစွဲခြင်းအပြင် မုံရွာ










