Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်း လိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထား

Mon, 07/07/2025 - 13:59 -- journal_editor

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက် ဆိုင်သည့်   လုပ်ငန်းလိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ကျောက်မျက်ရတနာ  လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် ကျောက် မျက်လုပ်ငန်းလိုင်စင်များကို  မြန်မာ့ ကျောက်မျက်ရတနာ ရုံးချုပ်(နေပြည် တော်)နှင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများ နှင့် မိုင်းရှူးမြို့တို့ရှိ မြန်မာ့ကျောက်မျက် ရတနာရုံးခွဲများတွင် လျှောက်ထားနိုင် ပြီး  လက်ရှိအချိန်ထိ  ကျောက်မျက် ရတနာလုပ်ငန်းနှင့်   သက်ဆိုင်သည့် လုပ်ငန်းလိုင်စင် ၅၆၇၈ ကျော် ထုတ် ပေးထားပြီးဖြစ်သည်။ 

ကျိုက်လတ်မြို့မှ ဈေးကွက်ဝင် ငါးရံ့ခြောက်လုပ်ငန်း

Mon, 06/02/2025 - 12:45 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  ကျိုက်လတ်မြို့နယ်သည် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ အဓိကလုပ်ကိုင်လျက် ရှိပြီး မြစ်‌၊ ချောင်း၊  အင်းအိုင်ပေါများ၍  သဘာဝအလျောက် ဖမ်းဆီးရမိသော ဒေသထွက်ငါးရံ့များကို ငါးရံ့ခြောက်ပြုလုပ်ကာ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။

ပြည်တွင်းသုံးစက်မှုလက်မှုလုပ်ငန်းမှ လယ်ယာသုံးစက်ကိရိယာဈေးကွက်

Mon, 05/05/2025 - 10:38 -- journal_editor

ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်သည် လယ်ယာစိုက်ပျိုး  ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသော မြို့နယ်တစ်ခုဖြစ်၍ နှစ်စဉ် မိုး၊ နွေစပါးစိုက်ဧက ၂၇၀ဝ၀ဝ ကျော် စိုက်ပျိုးလျက်ရှိ သည်။ ကျိုက်လတ်မြို့တွင် စက်မှုလက်မှုလုပ်ငန်းများလည်းထွန်းကား၍ လယ်ယာကဏ္ဍအတွက် စက်ကိရိယာများဖြစ် သော တာရာအစားထိုး သံဘီး၊ ရေတင်စက်များ ၊ လူဆွဲမျိုးစေ့ ချ လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်၊

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု လျှောက်ထားနိုင်

Wed, 04/09/2025 - 11:15 -- journal_editor

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများ နှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သည့် ၂၀၂၅ ခုနှစ် အာဆီယံဆု ASEAN Prize 2025)ကိုပေးအပ်ချီးမြှင့်ရန် အတွက်  အဆိုပြုလွှာများ ခေါ်ယူထားပြီး ဝင်ရောက်လျှောက်ထားနိုင် ကြောင်း သိရသည်။

စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန် အိတ်လေးသိန်း ဝယ်ယူရေး ဆောင်ရွက်မည်

Wed, 04/09/2025 - 11:12 -- journal_editor

မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်း ဝင် ဆန်စက်ကြီးများနှင့် ညှိနှိုင်းပေါင်း စပ်၍ စပါးတင်း သိန်း ၁၅၀ နှင့် ဧည့် မထဆန်အိတ် လေးသိန်း ဝယ်ယူရေး ကို ၂၀၂၅ ခုနှစ် ဧပြီလနှင့် မေလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ပခုက္ကူမြို့မှ ဆေးဖက်ဝင် နေလဲစေ့ ဈေးနှုန်းဈေးကွက်

Mon, 04/07/2025 - 10:57 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်သည် အပူပိုင်းဒေသဖြစ်၍ အပူပိုင်းဒေသ ပေါက်ရောက်သော အပင်များမှာ မန်ကျည်း၊ ကုက္ကိုလ်၊ တမာ၊ ထနောင်း၊ရှားပင်နှင့် အခြားဆေးဖက်ဝင်အပင်များဖြစ်သော ဆင်တုန်းမနွယ်၊ ကြက်ဟင်းခါး၊ ကင်းပုံလက် ချားအပင်များလည်း  အလေ့ကျပေါက်ရောက်လျက်ရှိသည်။ ထိုအပင်များအနက်မှ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည့် နေလဲပင်သည် အလေ့ကျပေါက်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်အကိုင်အခွင့်အလမ်း  ၁၀၁၆ နေရာအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု ခွင့်ပြုပေးနိုင်ခဲ့

Wed, 02/05/2025 - 11:35 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ယခုနှစ်အတွင်း အလုပ် အကိုင် အခွင့်အလမ်းပေါင်း  ၁၀ဝ၀ ကျော်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း သုံးခု ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ 

ရန်ကုန်မြို့ ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Tue, 12/03/2024 - 15:48 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး    ဗိုလ်တထောင်ခရိုင်    ပုဇွန် တောင်ဈေးအတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများဖြစ် သော ဆန်ကြမ်း /ဆန်ချော အမျိုးအစားများအလိုက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၀ဝ၀ မှ ၃၈၀ဝ ထိ၊ ငစိန်တစ်ပြည်လျှင် ကျပ် ၂၇၀ဝ မှ ၂၈၀ဝ ထိ၊  ဇီယာတစ်ပြည်လျှင် ကျပ် ၃၂၀ဝ မှ ၃၅၀ဝ ထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၅၀ဝ၊ ပုသိမ်ပေါ်ဆန်းတစ်ပြည် လျှင် ကျပ် ၅၆၀ဝ၊  ဖျာပုံ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀ဝ၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည်လျှင် ကျပ် ၆၈၀ဝ လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 12/03/2024 - 15:18 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ နိုဝင်ဘာလစတုတ္ထပတ်တွင်  ဘိလပ်မြေဈေးကွက်မှာ  အရောင်းအဝယ်ပုံမှန် ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်တွင်း အရောင်းအဝယ် ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင်  ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၅၅၀ဝ၊ ကြံ့တံဆိပ် (အပြာ)ကျပ် ၁၃၅၀ဝ၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၃၅၀ဝ ဖြင့်   အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌        ဓာတ်မြေသြဇာနှင့်  ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေကာ ဈေးနှုန်းတည်ငြိမ်နေ ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၌ ကွမ်းသီးနုများ ဈေးနှုန်းမြင့်တက်

Mon, 10/07/2024 - 13:22 -- journal_editor

ကွမ်းသီးနုများသည် ဇွန်၊ ဇူလိုင် လများတွင် လှိုင်လှိုင်ထွက်ရှိပြီး သြဂုတ် နှင့် စက်တင်ဘာလများတွင် တဖြည်း ဖြည်း ရင့်မာလာကြသည်။ ကွမ်းသီးနု ရာသီကုန်ဆုံးချိန်    စက်တင်ဘာလ နောက်ပိုင်းတွင်မွန်ပြည်နယ်၌ ကွမ်းသီး နုများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ကွမ်းသီးနု လှိုင်လှိုင်ပေါ်ချိန် ဇွန် နှင့် ဇူလိုင်လများတွင် ကွမ်းသီးနု တစ် ပိဿာလျှင် ကျပ် ၆၈၀ဝ-၇၀ဝ၀ ရှိခဲ့ပြီး စက်တင်ဘာလကုန်တွင်   ကွမ်းသီးနု တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ အထိ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရှိ ရသည်။

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း