ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၁၁၀၀၀၀ ကျော်တင်သွင်း
နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၆၅၈၇၁၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၅၃၀၄၃ ဒသမ ၈၄ တန်ကိုလည်းကောင်း ၊ အမေရိကန်ဒေါ်လာ ၂၀၈၄၄၆၆၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၆၅၈၃၇ ဒသမ ၆၅ တန်၊ စုစု ပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၁၈၈၈၃ ဒသမ ၄၉ တန်ကိုပင်လယ်ရေကြောင်း လမ်းမှတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၃၂၆၉၃ ဒသမ ၇၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၃၁၄၃ ဒသမ ၉၃ တန်တင်သွင်းမှုပိုခဲ့သလို ယခင်သီတင်းပတ်က ဓာတ်ဆီ ၂၅၉၇၀ ဒသမ ၄၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇၀၇၃ ဒသမ ၄၄ တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ်