မြိတ်မြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများ သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ၂၀၂ဝခုနစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြိတ်မြို့နယ် အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး ဆိုင်ရာ သတိပေးချက်နှင့်အညီ ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်း ခဲ့ကြပါသည်။

