Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

တင်ပို့မှုပိုပြီးဈေးငြိမ်နေသောမတ်ပဲ

Thu, 11/19/2020 - 15:04 -- journal_editor

နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၉၀၁၃ ဒသမ ၁၈၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅၉၅၆၂၅ ဒသမ ၉၉ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၆၀၀၀၀ နီးပါး ကျော်တင်သွင်း

Thu, 11/19/2020 - 14:19 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၁၅၈၁၇၈၀ ဒေါ်လာ တန်ဖိုးရှိ ဒီဇယ် ၃၂၆၉၃ ဒသမ ၇၂ တန်နှင့် အမေရိကန်ဒေါ်လာ ၈၀၇၃၁၀၁ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၂၅၉၇၀ ဒသမ ၄၀ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၅၈၆၆၄ ဒသမ ၁၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၈၂၃၆၇ ဒသမ ၅၃ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၄၉၆၇၃ ဒသမ ၈၁ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၄၃၁၆၀ ဒသမ ၃၀ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှု နှင့်နှိုင်းယှဉ်လျှင် ၁၇၁၈၉ ဒသမ ၉၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်နှင့်

ယခုတစ်ပတ်နို့ဆီတစ်မျိုးတည်းသာအ၀င်ရှိခဲ့

Thu, 11/19/2020 - 14:18 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၀၅၅ တန်ဖိုးရှိ နို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ တင်သွင်းခဲ့သည့် တံဆိပ်များမှာ ပက်ပ်နှင့် Hawk တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီတန်ချိန် ၆၂၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၉၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် နို့ဆီတစ်မျိုးတည်းသာ အ၀င်ရှိခဲ့ပြီး နို့မှုန့်က တင်သွင်းမှု မရှိခဲ့ကြောင်းသိရသည်။

           သီတာဝင်း(DOT)

မြေသြဇာတန်ချိန် ၄၀၀၀ နီးပါးတင်သွင်း

Thu, 11/19/2020 - 14:17 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၈၆၆၉၂ တန်ဖိုးရှိ မြေသြဇာ ၃၈၅၁ ဒသမ ၆၅ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ ၁၇၁၆ တန်၊ ပြင်သစ်နိုင်ငံမှ ၄၇ ဒသမ ၀၇ တန်၊ ဂျာမနီနိုင်ငံမှ ၈၄ ဒသမ ၀၃ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၆ တန်၊ ဂျပန်နိုင်ငံမှ ၂၀၄ ဒသမ ၈တန်၊ လာအိုနိုင်ငံမှ ၃၁၂ တန်၊ မလေးရှားနိုင်ငံမှ ၃၁၅ တန်၊ နော်ဝေနိုင်ငံမှ ၃၄၇ ဒသမ ၂ တန်၊ ပိုလန်နိုင်ငံမှ ၁၆၈ တန်နှင့် ထိုင်းနိုင်ငံမှ ၆၅၁ ဒသမ ၅၅ တန် တင်သွင်းခဲ့ကြောင်းသိရ သည်။

နိုဝင်ဘာလအတွင်း မူဆယ်မှ တရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Thu, 11/12/2020 - 15:54 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျက်ရှိရာနိုဝင်ဘာ ၁ ရက်မှ ၁၀ ရက်ထိ သခွားမွေးတင်ပို့မှု(လုံးဝ)မရှိသော်လည်း၊ ဖရဲသီးတင်ပို့မှု ၅၂၆ စီး၊ ၇၇၉၁ တန် တင်ပို့နိုင်ခဲ့သည်။

အောက်တိုဘာလ နောက်ဆုံးပတ် ဖရဲသီးတင်ပို့မှုမှာ ၆၇၁၀ တန်ဖြစ်ပြီး နိုဝင်ဘာလ ပထမပတ် (၁.၁၁.၂၀၂၀ မှ ၇.၁၁.၂၀၂၀)ရက်ထိ တင်ပို့မှုမှာ ၅၅၅၆ ဒသမ ၅၀ တန်ဖြစ်သဖြင့် နိုဝင်ဘာလပထမပတ် တင်ပို့မှု ၁၁၅၃ ဒသမ ၅တန် လျှော့နည်းခဲ့သည်။

အောင်လံကုန်စည်ဒိုင်တွင် ပဲစင်းငုံစျေးအနည်းငယ်ကျ

Thu, 11/12/2020 - 15:10 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင်နိုဝင်ဘာ ၁၁ ရက်တွင် ပဲစင်းငုံ ထိပ်စ ပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၂၈၀ဝ၀ ပဲစင်းငုံအောက်စ ပိဿာ ၂၀တစ်တင်းလျှင် ကျပ် ၂၇၀ဝဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခုနစ်သောင်းကျော်တင်ပို့

Thu, 11/12/2020 - 14:21 -- journal_editor

အောက်တိုဘာ ၃၁ ရက်မှနိုဝင်ဘာ ၆ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်များမှ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၂၂၁၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့် စုစုပေါင်း တန်ချိန် ၂၂၄၅၀ နီးပါးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၇၇၁ သန်းတင်ပို့ခဲ့ကြောင်း သိရသည်။  မြဝတီကုန်သွယ်ရေးဇုန် မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၇၉၀ ခန့်တင်ပို့နိုင်ခဲ့ပါ သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၈၀၀၀ နီးပါးပိုမိုတင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

နနွင်းတန်ချိန် ၄၀ ကျော်တင်ပို့

Wed, 11/11/2020 - 14:46 -- journal_editor

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း နနွင်း ၄၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့ ၂၈ တန်နှင့် မလေးရှားနိုင်ငံသို့ ၁၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နနွင်း ၇၅ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင် ပို့မှုနှင့်နှိုင်းယှဉ်လျှင် နနွင်း ၃၂ တန် တင်ပို့မှုလျော့နည်းခဲ့သည်။ နနွင်းတစ်တန်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇၈၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၈၇၅ ဒေါ်လာရရှိခဲ့သည်။

သီတာဝင်း(DOT)

ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်ဖြစ်ပေမယ့် နှမ်းနက်နှင့် စမုံနက်နှမ်းစျေး အနည်းငယ်ပြန်ကျလာ

Wed, 11/11/2020 - 13:01 -- journal_editor

ယခုတစ်ပတ် ပြည်စျေးကွက်သို့ မြန်အောင်၊ မိုးညိုနှင့် နတ်တလင်းဘက်မှ တစ်ပတ်လျှင် ၂၅ ပိဿာ၀င်အိတ် ၁၀၀၀ ခန့်၀င်ရောက်မှုရှိတာတွေ့ရပါတယ်။  မန္တလေး၀ယ်လက်များက စမုံနက်နှမ်းနှင့် နှမ်းနက်ကိုအ၀ယ်ရှိပြီး နှမ်းနီကို မြို့တွင်းဆီစက်သမားများကအ၀ယ်ရှိလို့  အရောင်းအ၀ယ်မှာ ၀င်သလောက် အရောင်း အ၀ယ်ဖြစ်တာတွေ့ရပါတယ်။  ယခုအပတ် နှမ်းစျေးများမှာ နှမ်းနီသုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၀၈၀၀၀ ဖြင့် ယခင်အပတ်ကအတိုင်း စျေးငြိမ် နေပြီး နှမ်းနက်သုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ နှင့် စမုံနက်နှမ်းသုံးတင်း၀င်တစ်အိတ်လျှင်ကျပ် ၁၈၀၀၀၀ ဖြင့် ယခင်အပတ်ထက် စျေးလျော့လာတာတွေ့ရပါတယ်။ နှမ်းဆီစျေးကတော့ တစ်ပိဿာလျှင် ကျပ် ၆

၀ယ်လက်များကြောင့် ပြည်မြေပဲဆန်ပုံမှန်အရောင်းအ၀ယ်ဖြစ်

Wed, 11/11/2020 - 12:41 -- journal_editor

ယခုအပတ် ပြည်စျေးကွက်သို့ ပြည်-အောင်လံကြား​ကျေးရွာများနှင့် ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ တစ်ပတ်လျှင် မြေပဲဆန်အိတ် ၂၅ ပိဿာ၀င် ၂၀၀၀ ခန့် ၀င်ရောက်လျက်ရှိတာတွေ့ရပါတယ်။ လုံးဆန်အဖြူကို မန္တလေး ၀ယ်လက်များနှင့် မြ၀တီဘက်ကအ၀ယ်ရှိပြီး လုံးဆန်အနီကို မြို့တွင်းပဲလှော်ဖို သမားများက အ၀ယ်ရှိတာတွေ့ရပါတယ်။  ဆီဆန်ကို မကွေးဆီစက်များနှင့် မြို့တွင်းဆီစက်သမားများက အ၀ယ်ရှိတယ်လို့လည်းသိရပါတယ်။  ယခု အပတ် မြေပဲဆန်စျေးများမှာ ဆီဆန်တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ၊ လုံးဆန်အဖြူတစ်ပိဿာလျှင် ကျပ် ၂၆၀၀ နှင့် လုံးဆန်အနီတစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြင့် ယခင်အပတ်ကအတိုင်းစျေးငြိမ်ပြီး ၀င်ရောက်မှုရှိသလောက် အရောင်း အ၀

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း