မြန်မာ့ချုပ်ထည်များကိုMade In Myanmar အဖြစ် ဥရောပဈေးကွက် တင်ပို့နိုင်ရန် အဆင့်မြှင့်တင်နေ
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)အနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်အထည် များကိုMade In Myanmar ထုတ်ကုန်အဖြစ် ဥရောပဈေး ကွက်သို့ တင်ပို့နိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းအတွက် လက်ရှိတွင် မြန်မာ့အထည်ချုပ်ကဏ္ဍ အနေဖြင့် ဥရောပဈေးကွက်၌ နိုင်ငံတကာဝယ်လက်အဖြစ် Platform တစ်ခုကို ခိုင်မာစွာ တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။