မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ရော်ဘာဈေးကွက်
မော်လမြိုင်မြို့၌ ဇွန်လပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရ သည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခု အပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၂၀ဝ၀၊ ဆင် (ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၁၂၀ဝဖြင့် အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေကာ ဈေးနှုန်းအနည်းငယ် မြင့်တက်လာ ကြောင်း သိရှိရသည်။