ဗန်းမော်မြို့၌ လိုင်ချီးသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ဒေသအခေါ် (လိုင်ချီးသီး/တရုတ်ဆီးသီး/ လေချုသီး)များ လှိုင်လှိုင်ထွက် ပေါ်နေပြီး ယခင်နှစ်ထက်ပို၍ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။
ယခုမေလမှစတင်၍ အသီးများရင့်မှည့်လာသဖြင့် ဈေးများ၊ လူစည်ကားရာ နေရာများတွင် ပေါ်ဦးပေါ်ဖျား လိုင်ချီးသီး အလုံး ၅၀ ခန့်ပါတစ်တွဲလျှင် ၂၀ဝ၀ ကျပ်မှ ၂၅၀ဝ ကျပ်ထိ ဈေးရရှိနေကြောင်း၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဒေသအခေါ် ၁၇ မိုင်(ဂွယ်ကထောင်ကျေးရွာ ) ရှိ လိုင်ချီးသီးမှာ အသားထူချိုမွှေးပြီး အစေ့သေးသောကြောင့် စားသုံးသူများ ပိုမိုဝယ်ယူစားသုံး လျက်ရှိပြီး ဈေးကွက်တွင် ပိုမိုရောင်းအားကောင်းလျက်ရှိသည်။



