Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

နို့ဆီတန်ချိန် ၆၀၀ကျော်နှင့်နို့မှုန့်တန်ချိန်၂၀ ကျော်တင်သွင်း

Thu, 12/17/2020 - 14:42 -- journal_editor

ဒီဇင်ဘာ ၆  ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၁၄၁၁၂ ဒေါ်လာ တန်ဖိုးရှိ နို့ဆီ ၆၃၃ ဒသမ ၃၈၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ ၁၉၅ ဒသမ ၆၂၄ တန်နှင့် စင်ကာပူနိုင်ငံမှ ၄၃၇ ဒသမ ၇၆ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။

တင်သွင်းခဲ့သည့်တံဆိပ်များမှာ တီးပေါ့(ပ်)၊ အိုကေ၊ ဒွန်းနှင့်Hawk တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ ၃၂၈ ဒသမ ၃၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၀၅ ဒသမ ၀၆၄ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

ယခုတစ်ပတ်မြေသြဇာတန်ချိန် ၈၀၀၀ နီးပါးသာတင်သွင်း

Thu, 12/17/2020 - 14:41 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၂၀၄၇၃ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၇၉၆၁ ဒသမ ၀၂၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၁၅၁၂ ဒသမ ၅ တန်၊ တရုတ်နိုင်ငံမှ ၂၂၁၇ ဒသမ ၄ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၈၀ တန်၊ အိန္ဒိယနိုင်ငံမှ သုည ဒသမ ၀၀၃၂၆ တန်၊ ကိုရီးယားနိုင်ငံမှ ၁၅၃၁ ဒသမ ၁၂ တန်၊ မလေးရှားနိုင်ငံမှတန်ချိန် ၁၂၅၀ နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၃၇၀ တင်သွင်းခဲ့ကြောင်းသိရသည်။

ချင်းတန်ချိန် ၂၀၀ ကျော်တင်ပို့

Thu, 12/17/2020 - 14:40 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း ချင်း ၂၁၁ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ပါကစ္စတန်နိုင်ငံသို့ ၅၄ တန်၊ အိန္ဒိယနိုင်ငံသို့ ၂၂ တန်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ၁၃၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ချင်း ၂၆ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ချင်း ၁၈၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ချင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၈၅၀-၉၀၀ ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈၆၅၀၀ ဒေါ်လာ ရရှိခဲ့သည်။

သီတာဝင်း(DOT)

နနွင်းပြန်လည်တင်ပို့

Thu, 12/17/2020 - 14:37 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း နနွင်း ၅၂၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။  ယခုတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၄၀၊ မလေးရှားနိုင်ငံသို့ ၁၆ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၁၂ ဒသမ ၅ တန်နှင့် အိန္ဒိယနိုင်ငံသို့ ၃၅၅ တန် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က အပို့ပျောက်ခဲ့သည့်နနွင်းက ယခုတစ်ပတ်မှပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့အများဆုံးတင်ပို့ခဲ့သည်။ နနွင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၀၇၅-၁၁၀၀ ၀န်းကျင်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၃၅၅၀ ဒေါ်လာ ၀င်ငွေရရှိခဲ့ကြော

ပြည်ကြက်သွန်နီ အစို့ပေါက်များကြောင့် စျေးနှုန်းများကျဆင်း

Thu, 12/17/2020 - 13:54 -- journal_editor

ယခုတစ်ပတ် ပြည်စျေးကွက်တွင် ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလျက်ရှိနေပါတယ်။ ယခင်အပတ်ကထက် တစ်ပိဿာလျှင် ပျမ်းမျှလက်လီရော လက်ကားပါကျပ် ၁၅၀ခန့် ကျဆင်းသွားပါတယ်။ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းဘက်မှ ကြက်သွန်နီများ ပိဿာ (၃၀)၀င် အိတ် ၃၀၀ ပတ်လည်ခန့်နေ့စဉ်၀င်ရောက်မှုရှိနေပါတယ်။ ၀င်ရောက်လာတဲ့ ကြက်သွန်နီများမှာအစို့များထွက်၍ အရည်အသွေးမကောင်းသဖြင့် စျေးနှုန်းများချိုသာသော်လည်း အရောင်းအ၀ယ်မှာအေးနေပါတယ်။ အစို့များထွက်သဖြင့် အထားမခံသောကြောင့် အ၀ယ်မလိုက်ဘဲ  မဖြစ်မနေအသုံးပြုရသည့် အစားအသောက်ချက်ပြုတ်ရောင်းချသူများသာ ၀ယ်ယူလျက်ရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်အေးသဖြင့် ပြည်စျေးကွက်အတွင်း ပစ္စည်းလ

ပြည်စျေးကွက်တွင် လုံးဆန်နီ နှင့် ဆီဆန်အနီစျေးအနည်းပြန်ကျလာ

Thu, 12/17/2020 - 13:53 -- journal_editor

ယခုအပတ် ပြည်စျေးကွက်တွင် မြေပဲဆန် လုံးဆန်နှင့်ဆီဆန် (အနီ) နှစ်မျိုးစလုံး စျေးကျလာ တာတွေ့ရပါတယ်။  မြေပဲဆန် (အဖြူ)သာယခင်အပတ်ကအတိုင်းစျေးငြိမ်နေပေမယ့် အရောင်းအ၀ယ်မှာ ပုံမှန်ဖြစ်လျှက်ရှိပါတယ်။  ၀င်ရောက်မှုမှာ လုံးဆန်ကို အိတ် (၂၀၀-၃၀၀)ခန့်အ၀င်ရှိသလို ဆီဆန်မှာ အိတ် (၃၀၀-၄၀၀) ခန့် ၀င်ရောက်လာတယ်လို့သိရပါတယ်။ ဆီဆန်ကို မြို့တွင်းဆီစက်များကအ၀ယ်ရှိလို့ အရောင်းအ၀ယ်ဖြစ်သလို လုံးဆန်ကိုရန်ကုန်နှင့်ပုသိမ် ၀ယ်လက်များက အ၀ယ်ရှိတာသိရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်အဖြူ မှာ တစ်ပိဿာလျှင် ၂၄၅၀ ကျပ်၊  လုံးဆန် အဖြူ တစ်ပိဿာလျှင် ၂၈၅၀ ကျပ်ဖြင့် ယခင်အပတ်ကလို စျေးငြိမ်နေပြီး၊ ဆီဆန်အနီမှာ ၂၃၀၀

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော်တင်ပို့

Fri, 12/04/2020 - 13:28 -- journal_editor

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်များမှ  အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၄၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၃၄၆၀ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၈၂၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၁၀၆၀ ကျော်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၂၅  ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၉၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ မြဝတီ ကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၀ သန်းတန်ဖိုးရှ

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော်တင်ပို့

Thu, 11/26/2020 - 10:59 -- journal_editor

နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၄၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၂၆၈၀ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၁၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၇၀ ခန့်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၇၅ တန်ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၉၀၀၀ ကျော် လျော့နည်းတင်ပို့နိုင်ခဲ့ပါသည်။  မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာသုည ဒသမ ၂၅၃ သန်းတန်ဖိုးရှ

ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၁၁၀၀၀၀ ကျော်တင်သွင်း

Wed, 11/25/2020 - 14:45 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၆၅၈၇၁၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၅၃၀၄၃ ဒသမ ၈၄ တန်ကိုလည်းကောင်း ၊ အမေရိကန်ဒေါ်လာ ၂၀၈၄၄၆၆၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၆၅၈၃၇ ဒသမ ၆၅ တန်၊ စုစု ပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၁၈၈၈၃ ဒသမ ၄၉ တန်ကိုပင်လယ်ရေကြောင်း လမ်းမှတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၃၂၆၉၃ ဒသမ ၇၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၃၁၄၃ ဒသမ ၉၃ တန်တင်သွင်းမှုပိုခဲ့သလို ယခင်သီတင်းပတ်က ဓာတ်ဆီ ၂၅၉၇၀ ဒသမ ၄၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇၀၇၃ ဒသမ ၄၄ တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ်

နို့ဆီတန်ချိန် ၄၀ ကျော်နှင့် နို့မှုန့်တန်ချိန် ၂၀၀ ကျော် တင်သွင်း

Wed, 11/25/2020 - 14:44 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၉၃၀၀ တန်ဖိုးရှိ နို့ဆီ ၄၈ ဒသမ ၃၃၆ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်ဒွန်းနို့ဆီတစ်မျိုးတည်းသာ တင်သွင်းခဲ့သည်။ ယခင် သီတင်းပတ်ကနို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၇၃ ဒသမ ၉ တန်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း