နို့ဆီတန်ချိန် ၄၀ ကျော်နှင့် နို့မှုန့်တန်ချိန် ၂၀၀ ကျော် တင်သွင်း
နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၉၃၀၀ တန်ဖိုးရှိ နို့ဆီ ၄၈ ဒသမ ၃၃၆ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်ဒွန်းနို့ဆီတစ်မျိုးတည်းသာ တင်သွင်းခဲ့သည်။ ယခင် သီတင်းပတ်ကနို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၇၃ ဒသမ ၉ တန်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

