ကြက်သွန်နီ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်
ပခုက္ကူကုန်စည်ဒိုင်တွင် မေလအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ အရောင်းအဝယ် တော်တော်လေး သွက်ခဲ့ပါတယ်။ ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ ပေါက်၊ ဆိပ်ဖြူမြို့ နယ်တို့တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ မတ်လဆန်းမှ စတင် ၍ ဈေးကွက်အတွင်းဝင်ရောက်လာရာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ထိပ်စ ကျပ် ၅၀၀၊ လတ်စ ကျပ် ၄၅၀၊ အနိမ့် ကျပ် ၃၇၀ဈေးနှုန်းများဖြင့် တစ်နေ့ လျှင် ပိဿာချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ကြား ဝင်ရောက်ခဲ့ပါတယ်။




