ဧရာဝတီတိုင်းဒေသကြီးအတွင် ကောက်စောစပါးများထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းပြီးစီး၍ မြို့နယ်အများစုတွင် ချွေလှေ့ပြီးစီးဖြစ်ပါသည်။ ဈေးနှုန်းများနှင့်ဝယ်ယူမှုများသည်လည်း မြို့နယ် အလိုက်ကွာခြားမှုရှိနေပါသည်။ ပုသိမ်ခရိုင် အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များတွင် စပါးအစို၅၀ပေါင်ဖြင့် ဆန်စက်အရောက် ကျပ် ၄၈၀၀၀ဝ ဖြင့် လည်းကောင်း၊ စပါးအခြောက်ကို ဆန်စက်အရောက် ၄၆ပေါင်ဈေးနှုန်း ကျပ် ၅၃၀၀၀ဝ ရှိနေ ပါသည်။
