မြန်မာမှတရုတ်သို့တင်ပို့သစ်သီးဝလံအခြေအနေ
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့လျှက်ရှိရာ အောက်တိုဘာလအတွင်း ဖရဲ ၁၄၀၃၈ ဒသမ ၅ တန်နှင့် သခွားမွေး ၇၆ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။
Background
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့လျှက်ရှိရာ အောက်တိုဘာလအတွင်း ဖရဲ ၁၄၀၃၈ ဒသမ ၅ တန်နှင့် သခွားမွေး ၇၆ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းပြီးစီး၍ မြို့နယ်အများစုတွင် ချွေလှေ့ပြီးစီးဖြစ်ပါသည်။ ဈေးနှုန်းများနှင့်ဝယ်ယူမှုများသည်လည်း မြို့နယ် အလိုက်ကွာခြားမှုရှိနေပါသည်။ ပုသိမ်ခရိုင် အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များတွင် စပါးအစို၅၀ပေါင်ဖြင့် ဆန်စက်အရောက် ကျပ် ၄၈၀၀၀ဝ ဖြင့် လည်းကောင်း၊ စပါးအခြောက်ကို ဆန်စက်အရောက် ၄၆ပေါင်ဈေးနှုန်း ကျပ် ၅၃၀၀၀ဝ ရှိနေ ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလမှာကတည်းက ကျဆင်းခဲ့ခြင်း ဖြစ်ပြီး ယခုသီတင်းပတ်တွင်လည်း ဈေးပြန်တက်မလာပဲ အကျဘက်တွင် ဆက်လက်ရပ်တည်နေသည်။ ယခင်သီတင်းပတ်ကာလ နောက်ဆုံးရက်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြစ်သည်။ အောက်တိုဘာလ ၂၈ ရက်တွင် ကျပ် ၃၈၀၀၀ နှင့် ၂၉ ရက်တွင် ကျပ် ၃၈၂၀၀ သို့ တက်ရိပ်ပြခဲ့သော်လည်း နိုဝင်ဘာလ ၂ ရက်တွင် ကျပ် ၃၇၈၀၀၊ ၃ ရက်တွင် ကျပ် ၃၇၄၀၀ နှင့် ၄ ရက်တွင် ကျပ် ၃၇၁၀၀ သို့ပြန်လည်ကျဆင်းသွားသည်၊ ယခင် သီတင်းပတ် ကာလ ဈေးနှုန်းနှင့်မတိမ်းမယိမ်း အခြေအနေသို့ပြန်လည်ရောက်ရှိနေကြောင်းတွေ့ရပြီး ဈေးနှုန်းအပြောင်းအလဲများစွာမရှိကြောင်းတွေ့ရ သည်။
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲတီစိမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများအနည်းငယ်တက် လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် ၄.၁၁.၂၀၂၀ ရက် တွင် ပဲတီစိမ်း ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၄၁၀ဝ၀ ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ယခင်အပတ်တွင် ၂၈.၁၀.၂၀၂၀ ရက်တွင် ပဲတီစိမ်း ၂၀ပိဿာတစ်တင်းလျှင်ကျပ် ၄၀၅ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း ၂၀ပိဿာတစ်တင်း လျှင် ကျပ် ၅ဝဝ ဖြင့် အနည်းငယ်စျေးတက် လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။
မွန်ပြည်နယ်တွင် အစေးလှီးရာသီ ပြန်လည်စတင်ချိန်တွင် မိုးတစ်ပြိုက်/နေတစ်ပြိုက် မြေဆီလွှာများ စိုစွတ်နေပြီး အစေးထွက်နှုန်းကောင်းမွန်သော်လည်း အချိန်အခါမဲ့ မိုးရွာသွန်းမှု များကြောင့် အစေးလှီးလုပ်ငန်းအချို့ ထိခိုက်မှု ရှိခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလအတွင်း ရော်ဘာဈေးမြင့်တက်ခဲ့ရာ တစ်ရက်လျှင် ကျပ် ၁၀-၂၀ နှုန်းဖြင့် နှစ်ပတ်အတွင်း RSS-3 ရော်ဘာ တစ်ပေါင် ကျပ် ၁၀၀ ထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ နိုဝင်ဘာ ၄ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၆၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(ဟောင်း)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်းကျပ် ၄၂၀၀၀၊ ပေါ်ကျွဲကျပ် ၃၅၀၀၀၊ ၂၀ ပိဿာ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၇၀၀၀၊ ပဲလွန်းဖြူ ကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၄၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက်ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက်ကားဈေးတစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး က
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ကယားပြည်နယ်မှ မန္တလေးမြို့ သို့ ဒေသထွက်(ဧည့်မထ)ဆန် စုစုပေါင်း အိတ် ၁၀၅၄၀ တန်ချိန်အားဖြင့် ၅၂၉ ဒသမ ၂၃ တန်တင်ပို့နိုင်ခဲ့ပြီး အခြားမြို့ကြီးများမှတစ်ဆင့် ကယားပြည်နယ်အတွင်း သို့ တင်သွင်းမှုအနေဖြင့် ရန်ကုန်မြို့မှ ဆန်အိတ် ၁၄၈၀ ၊ မန္တလေးမြို့မှ ဆန်အိတ် ၂၉၃၀ နှင့် ရွှေဘိုမြို့မှ ဆန်အိတ် ၄၁၄၀ အိတ် တင်သွင်းခဲ့ရာ စုစုပေါင်းဆန်အိတ် ၈၅၅၀ အိတ် တန်ချိန်အားဖြင့် ၄၂၉ ဒသမ ၃၁ တန်ခန့် တင်သွင်းခဲ့ပါ ကြောင်း ပြည်နယ်အထွက်ဂိတ်စာရင်းများအရ သိရှိရပါတယ်။
မွန်ပြည်နယ်တွင် မိုးရာသီရော်ဘာအစေးလှီးခြင်းလုပ်ငန်းများ ရပ်နားထားပြီး အစေးလှီး ရာသီပြန်လည်စတင်သည်(စက်တင်ဘာလကုန်အောက်တိုဘာပထမပတ်)မှ ယခုအချိန်ကာလထိ မိုးတစ်ပြိုက်/နေတစ်ပြိုက် မြေဆီလွှာများ စိုစွတ်နေသည့်အတွက် အစေးထွက်နှုန်းကောင်းမွန် ကြောင်း၊ ထွက်ရှိရော်ဘာများအား ကုမ္ပဏီ/ရော်ဘာ အဝယ်ဒိုင်များဘက်မှ ဝယ်ယူမှုများပြား လာကြောင်းသိရှိရသည်။ ယခုပတ်အတွင်း RSS-3 ရော်ဘာတစ်ပေါင် (၈၀၀)ကျပ်ထိ ဈေးနှုန်း မြင့်တက်နေကြောင်း ရော်ဘာဈေးကွက်မှ သိရှိရသည်။
ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးပြီး မော်လမြိုင်၌ အရောင်းပုံမှန်ရှိကြောင်းသိရသည်။
တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း ဂျင်းခြောက်၂၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ အိန္ဒိယနိုင်ငံသို့တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က အပို့ပျောက်ခဲ့သည့်ချင်း က ယခုတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်သည်။ ချင်းခြောက် တစ်တန်အမေရိကန်ဒေါ်လာ ၁၂၀၅ ဒေါ်လာရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၈၉၂၀ ဒေါ်လာရရှိခဲ့သည်။