မျိုးသမားနဲ့ လုပ်ငန်းသုံးအဆွဲကြောင့် မုံရွာကုလားပဲ ဈေးမြောက်လာ
မုံရွာကုန်စည်ဒိုင် အောက်တိုဘာလဒုတိယပတ်မှာ ကုလားပဲမျိုးစုံအနေနဲ့ ရောင်းသူဈေးကွက်ဆက်လက်ဖြစ်ပေါ်နေလို့ တက်ဈေးအသီးသီးဖြစ်ခဲ့ရာ ကုလားပဲ(ထိုင်ဝမ်)တစ်တင်း ၃၈၀ဝ၀ ကျပ်၊ ကုလားပဲ (V2)တစ်တင်း ၄၀ဝဝဝ ကျပ်နဲ့ ကုလားပဲ (၉၂၉ ) တစ်တင်း ၃၉၄၀ဝ ကျပ် အသီးသီးဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ဒီဈေးမှာ ပြီးခဲ့တဲ့လကထက် တစ်တင်း ၄၀ဝဝကျပ်မှ ၅၀ဝ၀ ကျပ်အထိ တက်ဈေးဖြစ်ခဲ့တာလို့ သိရပါတယ်။



