ပြည်တွင်းရွှေဈေး တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော် မြင့်တက်
ပြည်တွင်း ရွှေဈေးကွက်တွင် တစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်းကျော် မြင့်တက်သွားကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးများ မြင့် တက်နေသော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
