တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေပြမှုကို ထိန်းချုပ်ရန် အိန္ဒိယနိုင်ငံစီစဉ်
အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်သွယ်မှုလိုငွေပြမှုမြင့်တက်နေသည်ကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စ ည်းအပေါ် ပေးအပ်မည့် အကောက်ခွန်သက် သာခွင့် ဆိုင်ရာ အကျိုးခံစားခွင့်အား တတ်နိုင်သမျှ နောက်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက် (၆) နိုင်ငံများအကြား ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partner-ship, RCEP) အကောင်အ ထည်ဖော်ရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အကောက်ခွန်လျှော့ချမပေးမည့် ကုန်စည်များ စာရင်း (Negative Lists of items) အား