တင်ပို့မှုလျော့နည်းပြီးဈေးပိုလာသောနှမ်း
ယခုအပတ် အောက်တိုဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၆၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၇၅၄၂ ဒသမ ၆၇ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သော နိုင်ငံများမှာ ၃ နိုင်ငံရှိပြီး ထိုင်း၊ စင်္ကာပူ နှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။
အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၉၂ ဒသမ ၉၆၊ တန်ဖိုး ၁၂၂၉၄၃ ဒသမ ၂၉၊ အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး တန်ချိန် ၃၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၆၀၀ ဖြစ်ကြောင်းသိရသည်။