မြန်မာ့ဖရဲသီး ယူအေအီးသို့ တင်ပို့နိုင်ခဲ့
ဒီဇင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံမှ ဖရဲသီးများ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် စတင်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာ့ ဖရဲသီးသည် ဆယ်စုနှစ် သုံးခုကျော် တရုတ်ပြည် သူ့သမ္မတနိုင်ငံ တစ်ခုတည်းကိုသာ ဈေးကွက်ရရှိအောင် မှီခို အားထားတင်ပို့ရာမှ ယခုအခါ ယူအေအီးဈေးကွက်သို့ စတင် တင်ပို့နိုင်ပြီဖြစ်ပြီး ကာတာနှင့် စင်ကာပူနိုင်ငံများသို့လည်း ဈေးကွက်ချိတ်ဆက်ထားပြီးဖြစ်သည်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမှ အသီးအနှံလက်ကားရောင်းချ သည့် ကုမ္ပဏီတစ်ခုက မြန်မာပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ် သည့် Future Glory ကုမ္ပဏီသို့ ကုန်ဝယ်အမှာစာ ပေးပို့ဝယ်ယူခြင်းဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံးတင်ပို့ရန် စာချုပ်ချုပ်ဆို ထားကြောင်း