ဒုတိယဝန်ကြီး ဦးအောင်ထူး မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ဥပဒေ အကောင်အထည်ဖော်ရေး ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
“မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ”အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မူပိုင်ခွင့်ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် လုပ်ငန်းရှင်များအား Awareness ရရှိစေရန်နှင့် ကုန်အ










