မြန်မာနှင့် အိန္ဒိယတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု သက်တမ်းတိုးမြှင့်မည်
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန် သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်သည့် အပြန်အလှန်အတည်ပြုလွှာ ExchangeofLetters လဲလှယ်သည့် အခမ်းအနားကို ဧပြီ ၉ ရက် ညပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
