Background
ကုန်သွယ်ရေးသတင်း
ရော်ဘာပိုမိုတင်ပို့ပြီး ဈေးအတက်အကျမရှိ
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ သြဂုတ် ၃ ရက်မှ ၉ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၂၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ရော်ဘာ အမျိုးအစားစုံ တန်ချိန် ၈၇၀ ကျော်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား တန်ချိန် ၂၄၀ ကျော်တင်ပို့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်ကုန်သွယ် ရေးစခန်းမှ Rubber-Latex 60 % DRC ၆၀ % ီျွဃ အမျိုးအစား တန်ချိန် ၁၅၀ တင်ပို့ခဲ့ ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။
အရောင်းအဝယ်အေးနေသည့် ပြည်မန်ကျည်းမှည့်
ပြည်ခရိုင်ဒေသတွင်းနှင့် နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းပြီး ရေကြီး ရေလျှံမှုနှင့် မိုးအရွာများခြင်းကြောင့် အရောင်းအဝယ်များလည်း သိသိသာသာ အေးလာသဖြင့် ပြည်မန်ကျည်းမှည့်ပွဲရုံများတွင် ယခုရက်ပိုင်း အရော င်းအဝယ်သိပ် မဖြစ်ဘူးဟု ပွဲရုံပိုင်ရှင်တစ်ဦးကဆိုသည်။ ရန်ကုန်၊ ရခိုင်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရာတွင်လည်း မုန်တိုင်းများ ရှိခြင်းကြောင့် အဝယ်နည်းနေသည်။ မန်ကျည်းမှည့်ဈေးမှာ လက်လီသမား အနည်းငယ်က လိုသလောက်ပိဿာ ၁၀ လောက်သာ တစ်ဦးလျှင် အဝယ်ရှိကြပြီး ဈေးနှုန်း မှာ ယခင်တစ်ပတ်ဈေးအတိုင်းသာဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ် မန်ကျည်းမှည့်တစ်ပိဿာ (ပွဲရုံ)ဈေး ကျပ် ၂၁၀၀ ဖြစ်သည်။ မန်ကျည်းသီးစိမ်း တစ
ချင်းတန်ချိန် ၈၀၀ ကျော် ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်
သြဂုတ် ၄ ရက်မှ ၁၀ရက်သီတင်းပတ်အတွင်းချင်း ၈၈၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၅၇ တန်နှင့် အိန္ဒိယနိုင်ငံသို့ ၂၄ တန် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က ချင်း ၆၀၈ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ၂၇၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခု တစ်ပတ် ချင်းစိုနှင့် ချင်းခြောက်တင်ပို့ခဲ့ရာ ချင်းစိုက တစ်တန်ကို ပျမ်းမျှ အမေရိ ကန်ဒေါ်လာ ၁၈၅-၂၀၀ ရရှိခဲ့ပြီး ချင်းတစ်တန် က အမေရိကန်ဒေါ်လာ ၈၉၅ ဒေါ်လာရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉၀၁၈၀ ဝင်ငွေရရှိခဲ့ကြောင်း သိရသည
မူဆယ်ဈေးကွက်၌ ကြက်သွန်နီ ဈေးငြိမ်လျက်ရှိ
မူဆယ်မှ တရုတ်နယ်စပ်သို့ ကြက်သွန်နီ တင်ပို့မှုမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ကြက်သွန် နီတင်ပို့တန်ချိန်မှာ ၁၈၆၄ ဒသမ ၇၅ တန်၊ တစ်တန်ဈေးမှာယွမ် ၁၈၆၀ ဖြစ်ပြီး မြန်မာကျပ်ငွေအနေဖြင့် ကျပ် ၄၀၀၀၀၀၊ တစ်ပိဿာဈေး အနေဖြင့် ၂ ဒသမ ၉ ယွမ်၊ မြန်မာငွေကျပ် ၆၄၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။
သဇင်မြေကုန်သွယ်မှုဗဟိုဌာန၏ ကုန်သွယ်မှုအခြေအနေ
သြဂုတ် ၃ ရက်မှ ၉ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နွား(အရှင်) အရေအတွက် ၃၀၀ တင်ပို့ခဲ့ပြီး ဒေါ်လာ ၃၆၀၀၀၀ ဖိုး တင်ပို့ခဲ့သည်။ ယခင်တစ်ပတ် ဇူလိုင် ၂၇ရက်မှ သြဂုတ်၂ ရက်အထိ နွား(အရှင်) အရေ အတွက် ၁၀၀ ုွ တင်ပို့ခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ဖိုးတင်ပို့ခဲ့သည်ဟု သိရှိရသည်။ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် နွား(အရှင်)အရေအတွက် ၂၀၀ ပိုမိုတင်ပို့ ခဲ့ပြီး ဒေါ်လာ ၂၄၀၀၀၀ အထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။
ပျော်ရွှင်ဆင်နွှဲ နိုင်ငံတကာကုန်စည်ပြပွဲ၊ ဂုဏ်ယူဝင့်ကြွား မြန်မာနေ့အခမ်းအနား
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်မှ အောက်တိုဘာ ၇ ရက် အထိ " နိုင်ငံတကာ ဥယျာဉ်ပန်းမန်စိုက်ပျိုးသည့် အတတ်ပညာပြပွဲ (International Horticultural Exhibition)"ကို ခြောက်လကြာ ကျင်းပလျက်ရှိသည်။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ပါဝင်ပြသလျက်ရှိသည်။ ၎င်းပြပွဲ၏ဆောင်ပုဒ် Theme မှာ Life Green, Life Better ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ ဘက်မှ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Commissioner General အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ကိုယ်စ
မူဆယ်မှ တရုတ်တင်ပို့ သစ်သီးဝလံတင်ပို့မှု
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ၂၀၁၉ ရာသီတွင် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဖရဲတင်ပို့မှုမှာ မေ ၁၈ ရက်အထိ ဆက်တိုက် နေ့စဉ်တင်ပို့ခဲ့သော်လည်း မေ ၁၈ ရက် နောက်ပိုင်းတွင် အနည်း ငယ်သာ တင်ပို့ခဲ့ပြီး နေ့စဉ်တင်ပို့ခြင်းမရှိပေ။ ဇွန်လတွင် ဖရဲကား ခုနစ် စီး၊ ၁၀၃ ဒသမ၅တန်နှင့်သခွားတစ်စီး ခုနှစ်တန် သာ တင်ပို့နိုင်ခဲ့သည်။ သရက်သီးတင်ပို့မှုမှာ ဧပြီလပထမပတ်တွင် စတင်ခဲ့ပြီး ဧပြီ၊ မေ၊ ဇွန်လအထိ လှိုင်လှိုင်တင်ပို့ နိုင်ခဲ့သည်။ မေလတွင်၂၁၆၇၈ တန်၊ ဇွန်လတွင် ၁၉၅၆၉ တန်၊ ဇူလိုင်လတွင် တင်ပို့မှုအနည်းငယ် လျော့နည်းစပြုလာသည်။သရက်သီးတင်ပို့နိုင် ခြင်းမှာ ဧပြီ၊ မေ၊ ဇွန်သရက်သီးရာသီ တစ်ခုလုံ
ယခု ဘဏ္ဍာနှစ် ကိုးလအတွင်း ITC ကတ်ဖြင့် ကျပ်သိန်းလေးသောင်းခုနစ်ထောင်ကျော် ကုန်သွယ်ထား
ယခု ဘဏ္ဍာနှစ်ကိုးလအတွင်း တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်လက်မှတ် (ITC) ကတ်ဖြင့်ကျပ်သိန်း လေးသောင်း ခုနစ်ထောင်ကျော် ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။ ကုန်သွယ်ထားမှုပြုထားသည့်စာရင်းအရ ပို့ကုန်တန်ဖိုး ကျပ်သိန်းခုနစ်ထောင်ကျော်၊ သွင်းကုန်တန်ဖိုး ကျပ်သိန်းလေး သောင်းခန့်ရှိကြောင်း ယင်းဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။
မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များ တရုတ် ပြန်ဝယ်နေ
တရုတ်နိုင်ငံဘက်မှ အဝယ်ရပ်ဆိုင်းထားသောကြောင့် မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များကို ယင်းနိုင်ငံမှ ပြန်လည်ဝယ်ယူနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ဝယ်ယူမှုကြောင့် မူဆယ်နယ်စပ်၌ သောင်တင်နေခဲ့သည့် ဆန်တန်ချိန် ငါးသောင်းကျော်မှာ လက်ရှိတွင်တန်ချိန် နှစ်သောင်းလောက်သာ ကျန်ရှိတော့ကြောင်း အဆိုပါဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။ "အခု မူဆယ်ဘက်ကနေ တစ်နေ့ကို တန်ချိန် ၁၀၀၀၊ ၁၅၀၀ လောက် ထွက်နေတယ်။ အခုနောက်ပိုင်းမှာ တန်ချိန် နှစ်သောင်းလောက်ပဲရှိတော့တယ် ဆိုတော့ နေ့စဉ်ဆန်တွေ ထွက်နေ တယ်။ သူတို့ဘက်ကလည်း စစ်ဆေးပြီးတော့ ယ










