ပြည်တွင်းကုန်သွယ်မှု၏အခြေခံအကျဆုံး သိသင့်သောအချက်များ
မြန်မာနိုင်ငံတွင် လူဦးရေသန်း၅၀ကျော်ရှိသဖြင့် ပြည်တွင်း ဈေးကွက်ကို မသေးလှသော ဈေးကွက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ပြည်တွင်းကုန်သွယ်မှုအတွက် မည်သည့်ဌာန၊ မည်သည့်အသင်း အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည်ကို မသဲကွဲလှဟု ထင်မြင်မိပါ သည်။ ဆိုလိုသည်မှာ ဈေးများကို စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူပြီးဆောင်ရွက်နေသည်ဆိုသော်လည်း ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများသည် သူ့သဘောသူဆောင်ကာ ဝယ်လိုအား ရောင်းလိုအားပေါ်မူတည်ကာ စီးဆင်းနေသည်ဟုသာ တွေ့ရပါ သည်။ တစ်ခါတစ်ရံတွင် ကုန်စည်စီးဆင်းမှုများ၊ ရောင်းအားဝယ် အားများကို အတိအကျသိရှိရန် မေးမြန်း၍ပင် မရသကဲ့သို့တွေ့ရ တတ်ပါသည်။ ကုန်ဈေးနှုန်းများကိုသာ ဈေးနှုန်းများအနေဖြင










