Main menu

Background

ကုန်သွယ်ရေးသတင်း

ကုန်သွယ်ရေးစခန်းများမှ ရော်ဘာပိုမိုတင်ပို့

Tue, 10/24/2017 - 18:08 -- journal_editor

       အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ တာချီ လိတ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၁၆ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မRSS 3  အမျိုးအစား ၂၄၃ တန်ကျော်၊RSS 5အမျိုးအစား ၃၃၆ တန်ခန့်နဲ့ MSR 20အမျိုးအစား ၆၉ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမRSS 3  အမျိုးအစားရှစ်တန်နဲ့ Crepe Rubber ၁၀ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေးတန်ချိန် ၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ရော်ဘာ ၄၆၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်

တရုတ်နိုင်ငံသို့ သကြားပိုမိုတင်ပို့သလို ထိုင်းနိုင်ငံမှ ပိုမို တင်သွင်း

Mon, 09/25/2017 - 14:28 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီနယ် စပ်စခန်း သုံးခုမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၆၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၃၄၈၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၇၀၉၂ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၃၉၇ တန်ပိုမိုခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ  မူဆယ်မှ ၂၀၁၆၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၂၁၃ တန်နဲ့ ကန်ပိုက်တီမှ တန် ၁၁၀ ဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခုသီတင်းပတ်အတွင်း သကြားတစ် တန်လျှင် ကျပ် ၇၃၄၄၀၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၆၀၀ ရှိတယ် လို့ သိရပါတယ်။

ထိုင်းနိုင်ငံသို့ ကော်ဖီစေ့ ၁၀ တန်တင်ပို့

Mon, 09/25/2017 - 14:27 -- journal_editor

      မြန်မာနိုင်ငံတွင် စက်မှုသီးနှံဖြစ်တဲ့ ကော်ဖီကို အဓိကသီးနှံအနေနဲ့ စိုက်ပျိုးခြင်းမရှိသေးသော်လည်း နိုင်ငံတကာကော်ဖီပြပွဲများတွင် အထူး တန်းဝင်တဲ့ မြန်မာ့ကော်ဖီကို ထုတ်လုပ်မှုအရည်အသွေး  မြှင့်တင်ပြီး  ဝင်ရောက်ပြသ ခဲ့ သည့်နောက်ပိုင်း နိုင်ငံခြားဈေးကွက်မှ မြန်မာ့ကော်ဖီကို ဝယ်ယူရန် စိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြောင်း၊ အာရေဗီးကားနဲ့ ရိုဘတ် စတာ ကော်ဖီအမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း၊ ရွာငံဒေသ ထွက်ကော်ဖီကို အမေရိကန်ပြည်ထောင်စုသို့ ပို့ဆောင်ရန် နိုင်ငံတကာစံနှုန်း များအတိုင်း မြည်းစမ်းလေ့လာမှုပြုလုပ်ခဲ့ရာ အရည်အသွေး၊ အရောင်၊ အနံ့၊ အရသာအပေါ်မူတည်ပြီး အထူးတန်းဝင်ကော်ဖီအဖြစ်  သတ်မှတ်ခံခဲ့ရ ကြော

စီးပွားရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ "Corporate Market Diversification Strategies"အခမ်းအနား

Tue, 09/19/2017 - 12:17 -- journal_editor

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှိ ကုန်သွယ်မှုသင်တန်းကျောင်းတွင် (၂၃-၉-၂၀၁၇) ရက်နေ့၊ စနေနေ့ (၀၉း ၃၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်တွင် ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ " Corporate Market Diversification Strategies" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။

ရှမ်းချင်းကို ပြည်တွင်းသုံးဝယ်လက်တွေသာ ဝယ်ယူနေ

Wed, 09/13/2017 - 14:07 -- journal_editor

ဒီတစ်ပတ်မှာတော့ မိုးကလည်း ကောင်းနေတာရယ် အဓိကဝယ်လက် တွေဖြစ်တဲ့ တောင်ကုတ်၊ စစ်တွေဝယ် လက်တွေကလည်း အကြောင်းအမျိုးမျိုး ကြောင့် ဝယ်ယူမှုနည်းပါးလာပြီး ပြည် တွင်းသုံးဝယ်လက်တွေသာ ထိုးချင်း/ ဓားလှီး ချင်းအတွက် ဝယ်ယူနေတယ်လို့ လည်သိရပါတယ်။ဒီနှစ်မှာ    အရင်နှစ်ကထက် အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ တောင်ကုတ် ဝယ် လက်တွေက ချင်းပိဿာချိန်သောင်းချီ ပြီး ဝယ်ယူခဲ့ပေမယ့် ဒီတစ်လမှာတော့ ဒေသအနှံ့အပြားမှာ   ရေကြီးနေတာ ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ လို့ ဝယ်ယူမှုနားသွားတယ်လို့ အောင်ပန်း၊ ဟိုပုံးဈေးကွက်တွေက သိရှိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းနဲ့ဒေသ တွင်းက စားသုံးဖို့အတွက်လက်လီဝယ် ယူမှုသာရှိပြီးရောင်းအာ

တောင်ကြီးဈေးကွက် ကြက်သွန်ဖြူအဝင်နည်းလာ

Wed, 09/13/2017 - 12:36 -- journal_editor

        တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူလည်း အဝင်နည်းလာပါပြီ။ ပြန်စိုက် ပျိုးတော့မယ့် အချိန်ရောက် လာတာ ဖြစ်လို့တောင်သူတွေက မျိုးတွေသန့်တာရယ်၊ ပြန်စိုက်ဖို့ မြေပြုပြင်တာရယ်ကြောင့် လာရောက်ရောင်း ချတာ နည်း သွားလို့ တစ် ပတ်ကိုပိဿာချိန်တစ်သောင်းနှစ်သောင်းခန့်သာ အဝင်ရှိတော့တယ်လို့ သိရပါ တယ်။ ကြက်သွန်ဖြူကို သီတင်းကျွတ်မှာစစိုက်ပြီး တန်ဆောင်မုန်းမှာအပြီးစိုက်ပျိုး ကြပါတယ်။ အချို့တောင်သူတွေက တော့ စက်တင်ဘာလ လယ်ခန့်မှာစပြီး စိုက်ပျိုး ကြမှာလို့လည်းသိရပါတယ်။ တောင်ကြီးခရိုင်က စိုက်တဲ့ကြက်သွန်ဖြူတွေက မြန်မာ ပြည်အနှံ့စီးဆင်းပေမယ့် လွိုင်လင်ခရိုင်၊ လဲချား၊  မိုင်းပန်မြို့နယ်ကထွက်တဲ့ ခရမ်းစွဲ ကြက်သွန်ဖြူ ကတေ

ပြည်ပဲကြီး ဈေးတရိပ်ရိပ် တက်လာသလို မျိုးပဲလည်း ဈေးအမြင့်ဆုံးရခဲ့

Wed, 09/13/2017 - 12:10 -- journal_editor

     စက်တင်ဘာလအတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေတဲ့ ပဲသီးနှံကတော့ ပဲကြီးသီးနှံဖြစ်ပါတယ်။ ပန်းတောင်း၊ ကံမဘက်မှအဝင်ရှိပြီး အိတ် ၁၀၀-၁၅၀ကျော် ဝင်ရောက်ခဲ့သလို ပြည်-အောင်လံကြား မြို့နယ် များ မှလည်း နေ့စဉ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ဝယ်လက်သမားများမှာ ပဲကြော်ဖိုလုပ်ငန်းသမားများက အဓိက ထားဝယ်ယူသလို မျိုးသမားအချို့လည်း ဝယ်ယူနေတာကို တွေ့ရပါတယ်။ဒါကြောင့် ပဲကြီးသီးနှံဈေးဟာ တရိပ် ရိပ်တက်လာနေပြီး  မျိုးပဲ ဈေးတစ်တင်း ကျပ် ၆၀၀၀၀ ထိအရောင်းအဝယ်ဖြစ်ကာ ပဲကြော်ဖိုသမားများနဲ့ လက်လီ လက်ကား အရောင်းအဝယ် ဖြစ်တဲ့ ဈေးက ရွှေကျွန်း တစ်တင်းကျပ် ၅၃၀၀၀၊ ကမ်းနား တစ်တင်းကျပ်၄၈၀၀၀ဖြင့် အိတ်၁၅၀ကျော်၂၀၀အထိ နေ့စဉ် အ

စစ်တွေရော မောင်တောမှပါ ချင်းလျော့နည်းတင်ပို့

Wed, 09/06/2017 - 14:54 -- journal_editor

     သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅၀၅၃၀ တန်ဖိုးရှိ ချင်းစို ၁၈၄ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာစစ်တွေမှ တန် ၂၀၊ မောင်တော မှ ၁၆၄ တန်ကျော် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေ မှ ၅၇ တန်၊ မောင်တောမှ ၁၈၂ တန် စုစုပေါင်း တန်ချိန် ၂၃၉ တန် ပိုမိုတင်ပို့ခဲ့လို့ ယခုတစ်ပတ် ချင်း ၅၅ တန် လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းတစ်တန်ရဲ့ မိမိ ဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ယခုတစ်ပတ်မှာ ၁၀၃၅၂၇၂ ကျပ်ရှိပြီး ယခင်နှစ် ကာလတူက ကျပ် ၉၀၂၁၂၀ ဈေးရှိတယ် လို့သိရပါတယ်

မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရောတန်ဖိုးပါပိုမိုတင်ပို့

Tue, 09/05/2017 - 14:46 -- journal_editor

     မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ရေ ထွက်ကုန် ၁၁၅၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၇၁၄ တန်နဲ့ နှိုင်းယှဉ်ပါက ၄၄၂ တန် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၈၇၄ သန်းပိုမိုခဲ့ပါတယ်။ယခုတစ်ပတ်တွင် ကဏန်း၊  ငါးရှဉ့်၊ ငါးမှုန့်၊ ငါးစီဖောင်း၊ ငါးမျိုးစုံနဲ့ အခြားရေထွက်ပစ္စည်းမျိုးစုံ ပိုမိုတင်ပို့လာနိုင်ခြင်းကြောင့် တန်ချိန်ရော တန်ဖိုး ပါပိုမိုရခြင်းဖြစ်ပါတယ်။                       

မော်မော်အောင်

 

တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Tue, 09/05/2017 - 14:42 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၃၉၆ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၂၀ ခွဲကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက်တင်ပို့မှုမရှိဘဲ သြဂုတ် လဆန်းပိုင်းက တစ်တန်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၅၆၈၅ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၄၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တစ်တန်နဲ့ နှိုင်းယှဉ်ပါ က ၃၉ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။လက်ဖက်ကို ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများမှာ စိုက်ပျို

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း