တရုတ်နိုင်ငံသို့ ပြောင်းလျော့နည်းတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းစုံမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၅၀၄၈ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၄၃၃၈၄ တန်ခွဲ၊ လွယ်ဂျယ်မှ ၁၀၄၆ တန်၊ ချင်းရွှေဟော်မှ ၅၆၈ တန် ကျော်နဲ့ ကန်ပိုက်တီမှ တန် ၅၀ ဖြစ်ပါ တယ်။ ယခင်သီတင်းပတ် က အဆိုပါ စခန်းလေးခုပေါင်းမှ ပြောင်းဖူးစေ့ ၅၃၉၀၈တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ပြောင်း ၈၈၆၀ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြော င်းတစ









