ပြည်မတ်ပဲဈေး အေးသည်ထက်အေးလာ
ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပဲသီးနှံ အားလုံးလိုလို ဈေးအေး နေတာကြောင့် ပြည်ပဝယ်လို အားရှိသောပဲများပင်လျှင် ဈေး အေးနေခဲ့သလို အရောင်းအဝယ် လည်း အေးနေခဲ့တာကို တွေ့ရပါ တယ်။မတ်ပဲသီးနှံ မှာ ပဲအဝင်ပါးလာပြီး ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတ လည်၊ ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက် လျက်ရှိပေမယ့် အိတ် ၁၅၀ မှ ၂၀၀ ခန့် သာ ဝင်ရောက်မှုရှိခဲ့ကာ ရန်ကုန်ဝယ် လက်မှ ဝယ်ယူခဲ့မှုအပေါ် အိတ် ၂၀၀ ကျော် ၃၀၀ ရောင်းချခဲ့ပါတယ်။