အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှုကျဆင်း
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၅၆၉ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၇၀၀ ခန့်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၁၂၀၄ တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၀၄ တန်လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေး စခန်းပါ ကွမ်းသီးတင်ပို့မှုကျဆင်းခဲ့တဲ့အတွက် ယခုလိုေ လျာ့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၇ တန်၊ ရိဒ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၁ သန်းတန်ဖိုးရှိ ကွမ်းသီ










