တရုတ်နိုင်ငံသို့ ပရဆေးကုန်ကြမ်း အမယ်စုံတင်ပို့
အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် (၁၄) မျိုး၊ တန်ချိန်အားဖြင့် ၅၅၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၁၃၀ ကျော်နဲ့ နှိုင်းယှဉ်ပါက ၄၂၉ တန် ပိုမိုတင် ပို့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျော င်းကွမ်းဖတ် စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ နနွင်းတက်၊ တောချင်း၊ ချင်းခြောက်၊ ဝဥ ခြောက်၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ မာလာဥ၊ မာလာဥခေါင်း၊ ဆီးဆန် နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ) တို့ဖြစ်ပါတယ်။ အလားတူ မြန်မာ-ထိုင










