ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ ဈေးကောင်းရ
ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ အထွက် လှိုင်နေပြီဖြစ်၍ တမူးနန့်ဖါလုံဈေးသို့နေ့စဉ်ဆိုင်ကယ်စီးရေ ၃၀ ခန့် ပုံမှန်တင်ပို့နေပြီဖြစ်ကြောင်း ဒေသခံခြံရှင်များထံမှ သိရပါတယ်။ မျောက်ငိုပင်သည် စိန်ပန်းပင်နှင့် သဏ္ဌာန် တူပြီး အသီးကအခိုင်လိုက်ကိုင်းများမှာ သီးပါတယ်။ ပင်စည် ချောကာ သစ်ပင်တက်ကျွမ်းကျင်သော မျောက်များပင်တက် ရန်ခက်ခဲ၍ ဒေသခေါ်မျောက်ငိုပင်လို့ လူသိများပါတယ်။ အိန္ဒိယကသည်းလူမျိုးများ နှစ်ခြိုက်စွာ စားသုံးပြီး၊ မျောက်ငို သီးစားပွဲတော်များပင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရပါ တယ်။