Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ်မှ ပျားရည်ပုံမှန်တင်ပို့

Wed, 03/08/2017 - 14:07 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးရှိ ပျားရည် တန်ချိန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၂ တန်တင်ပို့ခဲ့တဲ့အတွက် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန် တင်ပို့နေတယ်လို့ သိရပါတယ်။

တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Wed, 03/08/2017 - 13:54 -- journal_editor

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၇၉၀၁ တန်ဖိုးရှိ လက်ဖက် ခြောက် ၄၆ တန်နီးပါးကို  ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အပို့မရှိဘဲ ဖေဖော်ဝါရီလဆန်းက ၇၅ တန်နီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လက်ဖက်အခါးခြောက်ကို ဂျာမနီနိုင်ငံသို့ တင်ပို့ရောင်းချကြောင်းလည်း သိရပါတယ်။ ရှမ်းပြည်နယ်ရှိ စံပြလက်ဖက်ခြောက် စက်ရုံတွင် အခြောက်ခံ ၍ ထွက်ရှိတဲ့ လက်ဖက်ခြောက်ကို စံချိန်စံညွှန်းမီသဖြင့် ဂျာမနီနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။
မော်မော်အောင်

ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ ဈေးကောင်းရ

Wed, 03/08/2017 - 13:28 -- journal_editor

  ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ အထွက် လှိုင်နေပြီဖြစ်၍ တမူးနန့်ဖါလုံဈေးသို့နေ့စဉ်ဆိုင်ကယ်စီးရေ ၃၀ ခန့် ပုံမှန်တင်ပို့နေပြီဖြစ်ကြောင်း ဒေသခံခြံရှင်များထံမှ သိရပါတယ်။ မျောက်ငိုပင်သည် စိန်ပန်းပင်နှင့် သဏ္ဌာန် တူပြီး အသီးကအခိုင်လိုက်ကိုင်းများမှာ သီးပါတယ်။ ပင်စည် ချောကာ သစ်ပင်တက်ကျွမ်းကျင်သော မျောက်များပင်တက် ရန်ခက်ခဲ၍ ဒေသခေါ်မျောက်ငိုပင်လို့  လူသိများပါတယ်။ အိန္ဒိယကသည်းလူမျိုးများ နှစ်ခြိုက်စွာ စားသုံးပြီး၊ မျောက်ငို သီးစားပွဲတော်များပင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရပါ တယ်။

လွိုင်ကော်မှ မူဆယ်သို့ ပြောင်းများ နေ့စဉ်တင်ပို့

Wed, 03/01/2017 - 14:42 -- journal_editor

ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၂ ရက်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့မှ မူဆယ်ဈေးကွက်သို့ တစ်ရက် လျှင် ပြောင်းတန်ချိန် ၁၀၀ ခန့်တင်ပို့လျက်ရှိရာ ယခု တစ်ပတ်အတွင်း တန်ချိန်ပေါင်း ၅၉၉ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ရှိ ခရမ်းချဉ်သီးစိုက် တောင်သူများ အရှုံးပေါ်

Wed, 03/01/2017 - 14:39 -- journal_editor

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ပုရစ်ကုန်းကျေးရွာတွရှိ ခရမ်းချဉ်စိုက်တောင်သူများသည် စိုက်ပျိုးစရိတ် များပြား သလောက် ခရမ်းချဉ်သီးပေါ်ချိန်တွင် ဝယ်လက်များထံမှ ဈေး ကောင်းမရရှိသည့်အတွက် အရှုံးပေါ် လျက် ရှိကြောင်း ဒေသခံ ခရမ်းစိုက်တောင်သူတစ်ဦး၏  ပြောကြားချက်အရ သိရှိရ သည်။ယခုနှစ်ဆောင်းရာသီတွင် ခရမ်းချဉ်ဈေးကွက်၏ရာသီ ပေါ်ဈေးနှုန်းအဖွင့်မှာတစ်ပိသာလျှင် ငွေကျပ်၂၀၀၀ဖြစ်သော် လည်း ဈေးကောင်းချိန်၌  အသီးကောက်၍ အမီရောင်းချနိုင်သူ တောင်သူအနည်းငယ်ခန့်သာရှိခဲ့ရာ အဝင်နည်း၍ ဈေးကောင်း ရခြင်းဖြစ်ကြောင်း မုံရွာအဝယ်ဒိုင်မှ သိရှိရပါ သည်။နှစ်ဆန်း ပြီး နောက်ပိုင်းရက်များတွင် ခရမ်းချဉ်သီးဈေးကွက်သည် တစ်နေ့တစ်ခြား ဈေးနှု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးခွဲ(နေပြည်တော်) ဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား

Wed, 02/15/2017 - 10:45 -- journal_editor

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ် ပျဉ်းမနား- တောင်ညိုလမ်းမကြီးပေါ်ရှိ Grand ACE Villa  ၌ ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း၊ နေပြည်တော်ရုံးခွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ တရုတ်ပြည်သူ့ သ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ အထွေထွေ အတွင်းရေးမှူး မစ္စတာဝမ်ကျွမ့်ချမ်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့စခန်းများမှ သကြား လျော့နည်းတင်ပို့ပြီး ထိုင်းနယ်စပ်မှ သကြားပိုမိုတင်သွင်း

Thu, 01/26/2017 - 15:31 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆၂၄ သန်း တန်ဖိုးရှိသကြား ၄၅၃၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှRe-export သကြား ၄၅၀၅၈ တန်ကျော်၊ ချင်းရွှေဟော်မှ သကြားဖြူ ၂၆၉ တန်နဲ့ ွRe-export သကြား ၆၉ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က အဆိုပါ စခန်းနှစ်ခုမှ ၄၆၃၉၀ တန် ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်တရုတ်နိုင်ငံသို့ သကြား ၉၉၃ တန်ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။

ပြည်ကုလားပဲဈေးလျော့ကျလာသော်လည်း ဈေးအကောင်းဆုံးဖြစ်နေ

Thu, 01/26/2017 - 15:07 -- journal_editor

နှစ်ဆန်းပိုင်းမှာ ပြည်ပဲဈေးကွက်သို့ ပဲသစ်အချို့ဝင်ရောက်မှုရှိသော်လည်း ကုလားပဲသီးနှံနှင့် ပဲကြီးသီးနှံများမှာ ဈေးကွက်သို့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ရက် အိတ် ၁၀၀ ကျော်သာ ပဲခွဲစက်သမားများ  အဓိကဝယ်ယူကြတယ်လို့လည်း သိရပါတယ်။ ပြည်ပဝယ်လက်ပဲများထက် ပြည်တွင်းပဲဈေးကွက်မှာ ဈေးအမြင့်ဆုံး ရနေခဲ့တဲ့ ကုလားပဲသီးနှံဟာ ယခုရက်ပိုင်းမှာတော့ ပဲဈေးတဖြည်း ဖြည်းပြန်လျော့ကျ လာပေမယ့် ဈေးနှုန်းနှိုင်းယှဉ်မှုအရ ပဲအားလုံးထက် ဈေးပိုနေခဲ့ တဲ့အတွက် ပဲတစ် တင်း ကျပ် ၄၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
ခင်ဆွေဝင်း

တရုတ်ဝယ်လက်ကြောင့်ဈေးမြင့်တက်လာတဲ့မုံရွာကွမ်းရွက် (ကွမ်းစိမ်း) ဈေးကွက်

Thu, 01/26/2017 - 15:04 -- journal_editor

တရုတ်(တိုင်ပေ)မှဝယ်လက်များကြောင့် ယခုနှစ် ကွမ်း ရွက်ဈေးမှာ ယခင်နှစ်ထက် မြင့်တက်ခဲ့ပြီး ကွမ်းစိုက်တောင် သူတို့ ဈေးကောင်းရနေကြောင်း  မုံရွာမြို့ရှိ ကွမ်းပွဲရုံများထံမှ သိရှိရပါတယ်။ ကွမ်းရွက်ဈေးမှာ  ကွမ်းစိမ်းတစ်ပိသာ ကျပ် ၁၀၀၀၀၊ကွမ်းနုဝါ တစ်ပိသာ ကျပ် ၈၀၀၀ ဈေးရှိပြီး ယခင်နှစ် ထက် ယခုနှစ်မှာ တစ်ပိဿသာကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာ ကြောင်းသိရပါတယ်။ကွမ်းနုဝါသည် အပူအပုပ်နိုင်နင်းသဖြင့် ကွမ်းရွက်ဖြင့် ထုပ်ပိုးထားသော ပုစွန်များမှာ အရောင်အဆင်း၊ အနံ့အရသာ မပျက်ဆီးဘဲ မူလအတိုင်း ပုစွန်များကို ရရှိစေတဲ့အတွက် ကွမ်းရွက်ကို ထုပ်ပိုးပစ္စည်းအဖြစ် တရုတ်(တိုင်ပေ)တွင် သုံးစွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။   

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ တင်ပို့

Mon, 01/23/2017 - 15:24 -- journal_editor

ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက် အထိ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၃ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ငါးစုံလေး ခြောက် ၂၄၈ တန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်ကထက် ငါးနီတူခြောက် ၁၄ တန် နဲ့ ငါးစုံလေးခြောက် ၂၃၈ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ ယင်းသို့ပိုမိုတင်ပို့ခဲ့ ခြင်းမှာ ယခုတစ်ပတ်မှာ မောင်တော ကုန်သွယ်ရေးစခန်းမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ ပြန်လည် တင်ပို့ လာခဲ့ခြင်းကြောင့် ဖြစ်တယ်လို့သိရပါ တယ်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း