ကသာခရိုင်မှထွက်ရှိသော နာနတ်သီးများအား မန္တလေး၊ မုံရွာ ဈေးကွက်များသို့ တင်ပို့
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်မှာ နာနတ်သီးစိုက်ဧက ၄၅၀၀ ကျော် စိုက်ပျိုးထားရှိပါ တယ်။ မိုးဦးကျ ဇွန်၊ဇူလိုင်လမှာ စတင်ရင့်မှည့်ပြီး စက်တင်ဘာလအထိ ခူးဆွတ်ရောင်းချပါတယ်။ ကသာခရိုင်အတွင်း ကသာ၊ ကောလင်း၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များမှာ အများအပြား စိုက်ပျိုး ထွက်ရှိပြီး ဒေသတွင်းဈေးဆိုင်များမှာ ရောင်းချမှုများရှိသလို မန္တလေး၊ မုံရွာဈေးကွက်များသို့ အများဆုံးတင်ပို့နေတယ်လို့ ဈေးကွက်မှသိရပါတယ်။