အိုင်ယာလန်နိုင်ငံမှ ကဏန်းအရှင်များအား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ရရှိ
အိုင်ယာလန်နိုင်ငံမှ ကဏန်းအရှင်များအား တရုတ်နိုင်ငံ သို့ ပြန်လည်တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။ယင်းကဲ့သို့ ပြန်လည်တင်ပို့ခွင့်ရရှိရေး အတွက် တရုတ်နိုင်ငံ မှ ကိုယ်စားလှယ်အဖွဲ့ အိုင်ယာလန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အိုင်ယာလန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း၊ ယခုကဲ့သို့ ညှိနှိုင်းနိုင်ခဲ့ခြင်းသည် အိုင်ယာလန်နိုင်ငံ၏အရေး ပါသောခြေလှမ်းသစ် တစ်ရပ်ပင်ဖြစ်ကြောင်း ဧပြီ ၁၃ ရက် က ထုတ်ဖော်ပြောကြားခဲ့သည်။တရုတ်နိုင်ငံသို့ ကဏန်းအရှင်များ ပြန်လည်တင်ပို့နိုင်ရေး အတွက် ပို့ကုန်သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရန် နှစ်နိုင်ငံမှ တာဝန်ရှ










