စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးခွဲ(နေပြည်တော်) ဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ် ပျဉ်းမနား- တောင်ညိုလမ်းမကြီးပေါ်ရှိ Grand ACE Villa ၌ ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း၊ နေပြည်တော်ရုံးခွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ တရုတ်ပြည်သူ့ သ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ အထွေထွေ အတွင်းရေးမှူး မစ္စတာဝမ်ကျွမ့်ချမ်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။









