Main menu

Background

Tuesday, 14 Sep 2010

 ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ       ကချင်ပြည်နယ်၊ ကာမိုင်း၊အင်းတော်ကြီးဒေသမှ ထွက် ရှိသောငါးရှဉ့်များကို ငွေပင်လယ်မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း (CEIE) မှ လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသိုဒေသထွက် ငါးရှဉ့်များကို တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။  ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ လအလိုက် ကန်ပိုက်တီး စခန်းမှာ ငါးရှဉ့် တင်ပို့ နိုင်မှုများမှာ ဧပြီလမှာ ၆ ဒသမ ၆ တန်၊ မေလမှာ ၈ ဒသမ ၁၆၉ တန်၊ ဇူလိုင်လမှာ  ၃ ဒဿမ ၈၆၇ တန်နဲ့ သြဂုတ်လမှာ  ၁၆ ဒသမ ၃၂၇ တန် စုစုပေါင်း ၃၄ ဒသမ ၉၆ တန်  တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ဝဝ၄ဝဝ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။Source: (ကန်ပိုက်တီး)MIRT (DOBT)

Tuesday, 14 Sep 2010

 ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ       ကချင်ပြည်နယ်၊ ကာမိုင်း၊အင်းတော်ကြီးဒေသမှ ထွက် ရှိသောငါးရှဉ့်များကို ငွေပင်လယ်မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း (CEIE) မှ လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသိုဒေသထွက် ငါးရှဉ့်များကို တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။  ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ လအလိုက် ကန်ပိုက်တီး စခန်းမှာ ငါးရှဉ့် တင်ပို့ နိုင်မှုများမှာ ဧပြီလမှာ ၆ ဒသမ ၆ တန်၊ မေလမှာ ၈ ဒသမ ၁၆၉ တန်၊ ဇူလိုင်လမှာ  ၃ ဒဿမ ၈၆၇ တန်နဲ့ သြဂုတ်လမှာ  ၁၆ ဒသမ ၃၂၇ တန် စုစုပေါင်း ၃၄ ဒသမ ၉၆ တန်  တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ဝဝ၄ဝဝ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။Source: (ကန်ပိုက်တီး)MIRT (DOBT)

Tuesday, 14 Sep 2010

 ပင်လယ်ငါးဖမ်းအသင်းမှ မြစ်ချောင်းများအတွင်း ငါးမိုျးများစိုက်ထည့်နေ        ငါးလုပ်ငန်းဦးစီးဌာန၏စီစဉ်မှုဖြင့် သဘာဝရေပြင်များဖြစ်သော မြစ်ချောင်းများအတွင်းသို့ ကကတစ်ငါးမိုျးများကို မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ဝယ်ယူစိုက်ထည့်ပေးလျက်ရှိသည်။      ''သဘာဝရေပြင်တွေမှာ ငါးဖမ်းဆီးရရှိမှုတွေရှားပါးလာတဲ့အတွက် ငါးမိုျးတွေစိုက်ထည့်ဖို့စီစဉ်ရာက ပင်လယ်ငါးဖမ်း လုပ်ငန်းရှင် များအသင်းက  ကကတစ်သားပေါက်တွေဝယ်ယူပြီး မြစ်ချောင်းတွေထဲ လွှတ်ပေးနေပါတယ်။ သြဂုတ်လ ၂၈ ရက်က ချောင်းသာ-ဥတိုကျေးရွာမှ ကကတစ်ငါးသားပေါက် ငါးသန်အရွယ် ကောင်ရေ  ၂ သန်းခန့် လွှတ်ပေး ခဲ့ပါတယ်။ ငပလီလင်းသာ ကျေးရွာမှာ ကကတစ်ငါးသားပေါက် တစ်သန်းခွဲကို သြဂုတ်လ ၂ဝ ရက်ကလည်း လွှတ်ပေးခဲ့ပါ သေးတယ်။ အခြားငါးတွေထက်က ကတစ်သားပေါက်ကို ရွေးပြီးလွှတ်ပေးရတာဟာ တစ်ချိန်မှာ သဘာဝက ပြန်လည် ဖမ်းဆီးရမိတဲ့အခါ ဈေးကောင်းရနိုင်တဲ့ငါးမိုျးကို လွှတ်ပေးခြင်းဖြင့်  ရေလုပ်သားတွေရဲ့ဝင်ငွေကို တိုးပွားဖို့ ရည်ရွယ်တာ ကြောင့်ပါ '' ဟု ငါးလုပ်ငန်းအဖွဲ့ခုျပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       အဆိုပါအသင်းအနေဖြင့် ကကတစ်သားပေါက်ကောင်ရေ ၁ဝ သန်းကျော်ကို သဘာဝရေပြင်များထဲသို့ ဝယ်ယူ လွှတ်ပေးရန် စီစဉ်နေကြောင်းသိရသည်။                                                            ခင်မိုျးသွယ်

Thursday, 9 Sep 2010

ငါးသလောက်သားဖောက်ရန် ဒေသခံပညာရှင်နှင့် တရုတ်(တိုင်ပေ)ပညာရှင်များ ထပ်မံဆွေးနွေးမည်           မြန်မာနိုင်ငံမှ ငါးသလောက်များကို သားဖောက်လုပ်ကိုင်ရန်အတွက် ဒေသခံပညာရှင်များနှင့် တရုတ် (တိုင်ပေ) ပညာရှင်များ ထပ်မံဆွေးနွေးတွေ့ဆုံမည်ဖြစ်သည်။       '' ပြီးခဲ့တဲ့ တစ်ပတ်ကျော်က တရုတ် (တိုင်ပေ) က ငါးသလောက်သားဖောက်ပညာရှင် ၃ ဦးက ကျောက်တန်း၊ ပုသိမ်-ငဝန်မြစ်၊ ပန်းတနော်၊ ရွှေလောင်း စတဲ့ဒေသတွေက ငါးသလောက်တွေရဲ့ အနေအထားကို လေ့လာခဲ့ပြီး  ဘင်္ဂလားဒေ့ရှ်က ငါးသလောက် တွေကိုဆက်လေ့လာဖို့အတွက်ထွက်ခွာသွားပါပြီ။တရုတ်နိုင်ငံမှာ ငါးသလောက် ကို စီးပွားဖြစ် သားဖောက်မွေးမြူတဲ့စနစ် ထွန်းကား ခဲ့တာ၅ နှစ်လောက်ရှိပါပြီ။ အရင်က သူတို့ သားဥယူဖောက်တာ အမေရိကန် ငါးသလောက်မိုျးပါ။ အမေရိကန်က ငါးသလောက်နဲ့ ဆင်တူတဲ့ ငါးသလောက် မိုျးက မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်မှာ ရှိတယ်လို့သူတို့ကပြောပါတယ်။ မိုျးတူလို့သားဖောက်မယ်ဆိုရင်တော့ ငါးဦးစီးရဲ့ ခွင့်ပြုချက်ရှိမှ သယ်ဆောင်လို့ ရမှာပါ။ ဘာပဲပြောပြော သူတို့ပေးမယ်ဆိုတဲ့ ပညာကိုရနိုင် သလောက်ယူဖို့ လိုပါလိမ့်မယ်။ ငါးသလောက်ဟာ အလင်း၊ အသံနဲ့ အသံလှိုင်း လုပ်ရှားမှုများကြောင့်လဲ သေဆုံးတတ်ပါ တယ် '' ဟု ငါးသားဖောက်ပညာရှင် တစ်ဦးက ရှင်းပြသည်။    ငါးသလောက်များကို ယခင်က တောင်သမန်အင်း အပေါက်ဝများတွင်တွေ့ရှိခဲ့ရပြီး ယခုအခါ ဧရာဝတီတိုင်း တွင်အများဆုံး တွေ့ရပါသည်။တိုးမြစ်ဘေးရှိရေခိုျငါးကန်များတွင်ရေတက်ရေကျဖြင့် ဝင်ရောက်နေ ထိုင်မှုများရှိသည်ဟု ဆိုသည်။ ထိုအပြင် တွံတေး၊ ကဝက်ကင်းကျေးရွာမှ ထွက်ရှိသည့် ငါးသလောက်မှာ ၁ပိဿာလျှင် ၄ သောင်းခွဲကျပ်   ရရှိကြောင်းသိရသည်။                                                                                                                      ခင်မျိုးသွယ် 

Thursday, 9 Sep 2010

သြဂုတ်လအတွင်း ရေထွက်ကုန်တင်ပို့မှုက တစ်ရက် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်းရနေ        သြဂုတ်လအတွင်းရေထွက်ကုန်ပစ္စည်းတင်ပို့မှုက တစ်ရက်လျှင် ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။    '' သြဂုတ်လ ၁ ရက်ကနေ ၆ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၆ ဒဿမ ၃၁ဝ သန်း ၊ သြဂုတ်လ ၇ ရက်ကနေ ၈ ရက် အထိ ဒေါ်လာ ၃ ဒဿ ၉ဝ၈သန်း၊  သြဂုတ်လ ၉ ရက်ကနေ ၁၅ ရက်အထိ ဒေါ်လာ ၁၁ ဒဿ ၈၁၆ သန်း၊ သြဂုတ်လ ၁၆ ရက်ကနေ ၂၂ ရက်အထိ ဒေါ်လာ ၁၁ ဒဿမ ဝ၇ဝ သန်း စုစုပေါင်း ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၃၃ ဒဿမ ၁ဝ၄ သန်း ရရှိထားပြီး ဖြစ်တဲ့အတွက် ၁ ရက်ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေပါတယ်။ မနှစ်က သြဂုတ်လတစ်လလုံးတင်ပို့မှုက ဒေါ်လာ ၃၈ ဒဿမ ၅၉၆ သန်း ရရှိခဲ့တာပါ။ဒါကြောင့် မနှစ်ကနဲ့ ဒီနှစ် သြဂုတ်လရဲ့ရေထွက်ကုန် တင်ပို့မှုကိုနှိုင်းယှဉ်ရင် မနှစ်ကအနေအထား ကို ကျော်လွန်ဖို့ရှိပါတယ် '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပြသည်။     ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှုက ဒေါ်လာသန်း ၇ဝဝ ရရှိရန်လျာထား လုပ်ကိုင်လျက်ရှိရာ  သြဂုတ်လ ၂၂ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၂၁၃ ဒဿမ ၂၈၉ သန်းရရှိထား ပြီးဖြစ်သည် ဟုဆိုသည်။                                                                                                                        ခင်မိုျးသွယ်

Thursday, 9 Sep 2010

ငါးရှဉ့်တင်ပို့မှုက လျာထားသတ်မှတ်ငွေ၏ ၃၆ ရာခိုင်နှုန်းခန့်တင်ပို့ပြီးဖြစ်           မြန်မာနိုင်ငံက ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရာတွင် လျာထားသတ်မှတ်ဝင်ငွေ ၏ ၃၆ ရာခိုင်နှုန်းခန့် တင်ပို့ပြီး ဖြစ်သည်။    '' ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ငါးရှဉ့်တင်ပို့မှုကနေ ဝင်ငွေရရှိ အောင်ဆောင်ရွက်ရာမှာ ဒေါ်လာ ၂၅ သန်းပါ၊ ငါးရှဉ့်ကို မူဆယ် ကနေ အဓိက တင်ပို့နေပြီး မြဝတီကလည်းတင်ပို့နေပါတယ်၊ ဒါ့အပြင် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းကနေ စမ်းသပ် တင်ပို့ မှုတွေ ရှိပါတယ်၊ လောလောဆယ် သြဂုတ်လ ၂၂ ရက်အထိ မူဆယ်စခန်းတင်ပို့မှုက ဒေါ်လာ ၈ ဒဿမ ၉၄၉သန်း၊ မြဝတီနယ်စပ် စခန်းတင်ပို့မှုကနေ ဒေါ်လာ ဝ ဒဿမ ဝ၃၇ သန်း စုစုပေါင်း ဒေါ်လာ ၈ ဒဿမ ၉၈၆ သန်းရရှိထားပြီးပါပြီ၊ ဒါ့ကြောင့် ငါးရှဉ့်တင်ပို့မှု အတွက် လျာထား သတ်မှတ် ဝင်ငွေရဲ့ ၃၅ ဒဿမ ၉၄ ရာခိုင်နှုန်းတင်ပို့ပြီး ဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။      ငါးရှဉ့်များကို သယ်ဆောင်ရာတွင် ကား၊ လေယာဉ်ဖြင့်သာမက ရထားဖြင့်ပါ သယ်ဆောင်ခွင့် မျှောစာများကို သက်ဆိုင်ရာက ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။                                                                                                                                                                      ခင်မိုျးသွယ်    

Thursday, 9 Sep 2010

ရေလုပ်ငန်းအအေးခန်းစက်ရုံတစ်ရုံ အောက်တိုဘာလ လယ်တွင်ဖွင့်လှစ်မည်          လှိုင်ထိပ်ခေါင် အအေးခန်းကုမ္ပဏီမှ ရေထွက်ပစ္စည်းများအေးခဲသည့်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အအေးခန်းစက်ရုံကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ကမ်းနားလမ်းတွင် အောက်တိုဘာလလယ်တွင် ဖွင့်လှစ် မည်ဖြစ်သည်။       '' စက်ရုံအနေနဲ့ ရေခိုျငါးတွေဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးကြင်းခေါင်းပွ၊ တီးလားဗီးယား၊ ငါးတန်စတဲ့ ငါး တွေကို အဆင့်မြင့် နည်းပညာနဲ့ အေးခဲထုတ်လုပ်ပြီး ကွန်တိန်နာနဲ့ ပြည်ပကိုတင်ပို့ဖို့ပါ။ စက်ရုံအနေနဲ့ စက်ပစ္စည်း တွေလဲရောက်ပါပြီ ၊ လျှပ်စစ်မီးလဲရပါပြီ။ ဒါကြောင့်အောက်တိုဘာလလယ်လောက်မှာ ဖွင့်ဖြစ်မှာပါ။ လောလောဆယ် ကျပ်သိန်း ၁၅ဝဝဝ နဲ့ စတင်ရင်းနှီးမြှုပ်နံှလုပ်ကိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ရရှိမှု အပေါ်မူတည်ပြီး လုပ်ငန်းတိုးခဲျ့သွားမှာပါ။ စက်ရုံကထုတ်လုပ်မဲ့ ရေခိုျငါးတွေအတွက် လိုအပ်တဲ့ နည်းပညာကို စင်္ကာပူနဲ့ထိုင်ဝမ်ကို သွားရောက်လေ့လာပြီးပါပြီ'' ဟု ယင်းစက်ရုံမှ တာဝန်ရှိသူ တစ်ဦးက သတင်းပေး ပြောကြားသည်။       အဆိုပါ လှိုင်ထိပ်ခေါင်ကုမ္ပဏီမှ လုပ်ငန်းရှင်မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ အနီးတွင် ရေခိုျငါးမွေးဧက ၃ဝဝ ခန့် လုပ်ကိုင်လျက်ရှိပြီး ယခုအခါစက်ရုံလုပ်ငန်းဘက်သို့ ရင်းနှီးမြှုပ်နံှ လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရသည်။                                                                                                           ခင်မိုျးသွယ်

Thursday, 9 Sep 2010

စူလ်တန်ငါးမှာ အမြင့်ဈေးရသဖြင့် ငါးဦးစီးမှ မွေးမြူထုတ်လုပ်မည်            စူလ်တန်ငါးမှာ အမြင့်ဈေး ရသ ဖြင့် ငါးလုပ်ငန်းဦးစီးဌာနက မွေးမြူ ထုတ်လုပ်ရန် စီစဉ်နေပြီ ဖြစ်သည်။      ''ငါးဦးစီးအနေနဲ့ ပို့ကုန်အမယ် သစ် တိုးခဲျ့ထုတ်လုပ်ပြီး ပြည်ပတင်ပို့ နိုင်အောင် ဈေးနှုန်းပိုမိုရရှိအောင် ကြိုးပမ်းနေတာကြောင့် စူလ်တန်ငါးကို Export Size ဝင်အောင် မွေးမြူထုတ် လုပ်မှာဖြစ်ပါတယ်။ ပြည်တွင်းမှာ လည်း သားပေါက်တွေ ဖြန့်ဖြူးရောင်း ချပေးမှာပါ။ ပုဂ္ဂလိကပိုင်းက၂ဝဝ၈ ခုနှစ်မှာပထမဆုံး တင်သွင်းခဲ့ပြီး ယခု စင်္ကာပူကို တင်ပို့ဖို့လုပ်နေပါပြီ။ ဌာန အနေနဲ့ စူလ်တန်ငါးကို ငါးမြစ်ချင်းရဲ့ ဈေးနှုန်းအတိုင်း သတ်မှတ် တင်ပို့ခွင့်ပြု မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်းကပဲ ၂ဝ၁ဝခုနှစ်သြဂုတ်လ၂၇ ရက်က(၂-၃) စင်တီမီတာအရွယ် စူလ်တန်ငါးကောင် ရေ တစ်သိန်းတင်သွင်းခဲ့ပြီး ငါးဦးစီးကို လည်း ကောင်ရေ ၁ဝဝဝ ကျော်မေတ္တာ လက်ဆောင် ပေးပါတယ်။ စူလ်တန်ငါး ဟာ ၁ တန်ကို အနိမ့်ဆုံး ၇၄ဝ ဒေါ်လာ ရှိပြီး ကျောခွဲ၊ အူထုတ် ပြီးရင် ၁ တန်ကို ၁၁၄ဝ ဒေါ်လာအထိ ရနိုင်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။      ''စူလ်တန်ငါးကို မလေးရှားနိုင်ငံ မြောက်ပိုင်း၊ မြစ်တွေ-စမ်းချောင်းတွေရဲ့ ရေခိုျနေရာတွေ၊ မလေးရှားနဲ့ အင်ဒိုနီး ရှားအစပ်ရှိ ဘော်နီရိုကျွန်းနဲ့ ထိုင်းနိုင်ငံ တို့မှာ တွေ့ရပါတယ်။ စူလ်တန်ငါးဟာ အစုံစားသတ္တဝါအမိုျးအစားဖြစ်ပြီး  ရေလယ်နဲ့ ရေအောက် မှာနေပါတယ်။ အရွယ်အစားအားဖြင့် ၂၄လက်မအထိ ကြီးထွားနိုင်ပါတယ်။ သူ့ရဲ့ဈေးကွက်ဝင် အရွယ်ကTable Size ဖြစ်ပြီး ၃ဝ သား အရွယ်ကို ဈေးကွက်တင်ပို့နိုင်တာ ကြောင့်မွေးမြူချိန်တိုပါတယ်''ဟု မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ခုျပ်မှ ဒုဥက္ကဌ ဦးဟန်ထွန်း ကပြောကြားသည်။      အဆိုပါငါးကို အရှေ့တောင် အာရှ နိုင်ငံများ၊ တရုတ်၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့မှ ဝယ်ယူမှုရှိနေကြောင်းသိရသည်။                                                                                                                                                ခင်မိုျးသွယ်     

Friday, 3 Sep 2010

 ငါးသလောက်သားဖောက်ရန် စီစဉ်ပြီ                  ငါးသလောက်ငါးမကြီးများမှ မိုျးဥ ကိုယူ၍  ငါးသားဖောက်ရန် ပုဂ္ဂလိက ငါးလုပ်ငန်းရှင်များက စီစဉ်နေပြီ ဖြစ် သည်။      ''ငါးသလောက်က   ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ သားဖောက်တာ မတွေ့ရသေးပါဘူး။ တရုတ်မှာတော့ သားဖောက် မွေးထား ပြီလို့ ကြားတယ်။ ပထမဆုံး သားဖောက်အောင်မြင်တဲ့ ပုံစံမှာရှိတယ်။ ငါးသလောက်က ကုန်း ပေါ်တင်တာနဲ့ သေတဲ့ သဘော ရှိတော့ အသက်နုတယ်လို့  ပြောရမယ်။ အခု မြန်မာမှာ  သားဖောက်လုပ်ပေးမှာက တရုတ်(တိုင်ပေ) နိုင်ငံသား ပညာရှင် သုံးဦးပါ။  ပြီးခဲ့တဲ့အပတ်က  ငါးသ လောက်မိုျးဥရရှိရေးအတွက် ဧရာဝတီ တိုင်းဒေသကြီးရဲ့ ဒေသတခိုျ့ကို သွား လေ့လာခဲ့ပြီးပါပြီ။  ငါးသလောက်က ကျောက်တန်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ငပုတော၊  လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး  စတဲ့ ဒေသ တွေရဲ့ မြစ်တွေထဲမှာ တစ်နှစ်ပတ် လုံး ဖမ်းယူရရှိနေပါသေးတယ်။ သူတို့ရဲ့ ဥတည်ချိန်က  နောက်လလောက်မှဆို တော့ ပညာရှင်တွေ ၉ လပိုင်းမှာ တစ် ခေါက်ထပ်လာမယ်။ ငါးသလောက်ဥပါ အမတွေ ရနိုင်တဲ့  ဒေသတွေသွားပြီး ဥတွေသယ်မယ်။ ပြည်တွင်းမှာသား ဖောက် ဖြစ်ရင်တော့ ယုဇနကုမ္ပဏီရဲ့ ပုသိမ်က  အအေးခန်းမှာ  လုပ်ဖြစ်ဖို့ များမယ်။ သားဖောက်အောင်မြင်ရင် ပညာဖြန့်ပေးမှာပါ'' ဟု  ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးသန်းလွင်က ပြောပြ သည်။          မြန်မာနိုင်ငံမှ ထွက်ရှိသော ငါး သလောက်များကို ဥရောပ၊ ယူအေအီး၊ အရှေ့ပိုင်းဒေသများ၊ တရုတ်နှင့် အင်္ဂလန်နိုင်ငံများက ဝယ်ယူလျက် ရှိကြောင်း သိရသည်။                                                                                                            ခင်မိုျးသွယ်

Friday, 3 Sep 2010

   စူလ်တန်ငါးမိုျးသစ် စင်ကာပူသို့တင်ပို့ရောင်းချမည်      သူရစံကုမ္ပဏီမှ သားဖောက်မွေးမြူခဲ့သော စူလ်တန်ငါးမိုျးသစ်ကို စင်ကာပူသို့တင်ပို့ရောင်းချရန် စီစဉ်နေပြီဖြစ်သည်။    '' သူရစံ ကုမ္ပဏီက စင်ကာပူကနေ စူလ်တန်ငါးမိုျးသစ်ကို တင်သွင်းပြီး ဒီမှာသားဖောက်တာ အောင်မြင်ခဲ့တယ်။ ဧရာဝတီတိုင်းမှာ မွေးခဲ့တာပါ။ မွေးမြူတဲ့ကာလက၂ နှစ်ကြာပါတယ်။ အခုစင်ကာပူကို တင်ပို့ဖို့လုပ်နေ ပါပြီ။ စူလ်တန်ငါးက အမြင့်ဈေးမှာရှိတယ်။ ဈေးကွက်ရှိတယ်။ ဒါ့ကြောင့် ငါးမွေးမြူတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက စိတ်ဝင်စားလာကြတယ်။ အခုဆိုရင် တီဇက် (TZ)  ကုမ္ပဏီကလည်း စင်ကာပူက သားပေါက်တင်သွင်းမွေးမြူဖို့ စီစဉ်နေပါပြီ '' ဟု ငါးလုပ်ငန်း အဖွဲ့ခုျပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။         အဆိုပါ ငါးမိုျးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဖြန့်ဖြူးရောင်းချရန်အတွက် စင်ကာပူနိုင်ငံက ငါးမိုျးများတင်သွင်း၍ ငါး  လုပ်ငန်း ဦးစီးဌာနက ၂ဝဝ၈ ခုနှစ်ကတည်းက သားဖောက်လုပ်ကိုင်ထားကြောင်း သိရသည်။                                                                                                                      ခင်မိုျးသွယ်

Pages