Main menu

Background

Tuesday, 14 Sep 2010

 အလှမွေးငါး တင်ပို့မှုမှ ဒေါ်လာ ဝ ဒသမ ၇၇ သန်းရရှိထားပြီးဖြစ်      မြန်မာနိုင်ငံက ဖမ်းယူရရှိသည့် တိုင်းရင်းအလှမွေးငါးများကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ ဒေါ်လာ ဝ ဒသမ ၇၇ သန်း ရရှိထားပြီးဖြစ် သည်။      ''တိုင်းရင်းအလှမွေးငါးတွေကို ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ အင်း တော်ကြီးဒေသ၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကနေ ဖမ်းဆီးရရှိနိုင်ပါတယ်။ ငါးပျောက်၊ သစ်ငုတ်ခို၊ ငါးနီးချောင်း၊ ကျားသစ် ၊ ငါးမွေးစု၊ ငါးသစ်တုံးစတဲ့ အလှမွေးငါးမိုျးစိပ်ပေါင်း ၁၅ဝ ကျော်ရှိနေပါတယ်။ မြန်မာ့အလှမွေးငါးတွေကို တရုတ်၊ စင်ကာပူ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူမှုရှိနေပါတယ်'' ဟု အလှမွေးငါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    ယခုအခါ မြန်မာ့အလှမွေးငါးလုပ်ငန်းရှင်များအနေဖြင့် စင်ကာပူ နိုင်ငံမှ အလှမွေးငါးမိုျးစိတ်သစ်များ တင်သွင်းသားဖောက်၍ ပြည်ပ ဈေးကွက်သို့ ပြန်လည်တင်ပို့သားဖောက်ရန် စီစဉ်နေကြောင်းသိရပါသည်။ခင်မျိူးသွယ်

Tuesday, 14 Sep 2010

ကဏန်းပျော့တင်ပို့မှုအတွက် ဈေးကွက်သစ်များထပ်မံရရှိ      ကဏန်းပျော့မွေးမြူသူများ၏ကဏန်းပျော့တင်ပို့ရောင်းချမှုအတွက်ဈေးကွက်သစ်များထပ်မံရရှိခဲ့ကြောင်း ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရ သည်။      ''ကဏန်းပျော့ကို တရုတ်၊စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ သြစတြေးလျ စတဲ့ဈေးကွက်တွေကို ပုံမှန်ကုန်သွယ် ရေးနဲ့ မြိတ် (FOB)တို့ကနေ တင်ပို့နေ ပါတယ်။       အဲဒီဈေးကွက်တွေထဲက မလေးရှား ဈေးကွက်မှာ အခြားနိုင်ငံက ထုတ်လုပ် သူတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ခဲ့ရပေမယ့် တစ်ဖက် မှာလည်း  ဝယ်လက် နိုင်ငံ အသစ်တွေက ဝယ်ယူဖို့ ကမ်းလှမ်းလာ ပါတယ်။ ဒီနိုင်ငံတွေကို ပို့မယ်ဆိုရင် အမြင့်ဈေး ရရှိနိုင် ပါတယ်'' ဟု ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။       ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ကဏန်းပျော့တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၁ဝ၅ သန်းကိုလည်း ကောင်း၊ ကဏန်း များကို မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်း စသည့် နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် Air Line တို့မှ တင်ပို့ရောင်းချခဲ့ရာ ဒေါ်လာ ၉ ဒဿမ ၉၈၃ သန်းကို လည်းကောင်း၊ စုစုပေါင်း ၁၄ ဒသမ ဝ၈၈ သန်းရရှိ ထားပြီးဖြစ်သည်ဟု ဆိုသည်။ခင်မျိုးသွယ်

Tuesday, 14 Sep 2010

 ရေထွက်ပစ္စည်းများတင်ပို့မှုမှ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီ     မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဧပြီ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန(F.I.Q.C) မှ သိရသည်။    ယင်းရရှိငွေများမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၉ ဒဿမ ၁၂၂သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၇ ဒသမ ၉၅ဝ သန်း၊ စစ်တွေမှ ဒေါ်လာ ၂ ဒသမ ၆၃၁ သန်း၊ မြိတ်မှ ဒေါ်လာ ၄၂ ဒသမ ၄၅၇သန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၂ ဒသမ ၅၂၈ သန်း၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းက  ဒေါ်လာ ဝ ဒသမ ဝဝ၆ သန်း၊ ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၁၄၇ ဒသမ ၁၈၂ သန်း စုစုပေါင်း ဒေါ်လာ ၂၃၆ ဒသမ ၄၈၉ သန်းရရှိခဲ့ခြင်းဖြစ်သည်။    ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချမှုမှ ဒေါ်လာသန်း ၇ဝဝ ရရှိရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ရာ နယ်စပ်စခန်းများအလိုက် လျာထားသတ်မှတ်ချက်ကို ကျော်လွန်စွာ တင်ပို့ နိုင်သည့်စခန်းမှာ မြိတ်(FOB) ဖြစ်သည်ဟု ဆိုသည်။                                                                                                                                                                                      ခင်မျိုးသွယ်

Tuesday, 14 Sep 2010

 ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ       ကချင်ပြည်နယ်၊ ကာမိုင်း၊အင်းတော်ကြီးဒေသမှ ထွက် ရှိသောငါးရှဉ့်များကို ငွေပင်လယ်မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း (CEIE) မှ လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသိုဒေသထွက် ငါးရှဉ့်များကို တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။  ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ လအလိုက် ကန်ပိုက်တီး စခန်းမှာ ငါးရှဉ့် တင်ပို့ နိုင်မှုများမှာ ဧပြီလမှာ ၆ ဒသမ ၆ တန်၊ မေလမှာ ၈ ဒသမ ၁၆၉ တန်၊ ဇူလိုင်လမှာ  ၃ ဒဿမ ၈၆၇ တန်နဲ့ သြဂုတ်လမှာ  ၁၆ ဒသမ ၃၂၇ တန် စုစုပေါင်း ၃၄ ဒသမ ၉၆ တန်  တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ဝဝ၄ဝဝ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။Source: (ကန်ပိုက်တီး)MIRT (DOBT)

Tuesday, 14 Sep 2010

 ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ       ကချင်ပြည်နယ်၊ ကာမိုင်း၊အင်းတော်ကြီးဒေသမှ ထွက် ရှိသောငါးရှဉ့်များကို ငွေပင်လယ်မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း (CEIE) မှ လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသိုဒေသထွက် ငါးရှဉ့်များကို တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။  ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ လအလိုက် ကန်ပိုက်တီး စခန်းမှာ ငါးရှဉ့် တင်ပို့ နိုင်မှုများမှာ ဧပြီလမှာ ၆ ဒသမ ၆ တန်၊ မေလမှာ ၈ ဒသမ ၁၆၉ တန်၊ ဇူလိုင်လမှာ  ၃ ဒဿမ ၈၆၇ တန်နဲ့ သြဂုတ်လမှာ  ၁၆ ဒသမ ၃၂၇ တန် စုစုပေါင်း ၃၄ ဒသမ ၉၆ တန်  တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ဝဝ၄ဝဝ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။Source: (ကန်ပိုက်တီး)MIRT (DOBT)

Tuesday, 14 Sep 2010

 ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ       ကချင်ပြည်နယ်၊ ကာမိုင်း၊အင်းတော်ကြီးဒေသမှ ထွက် ရှိသောငါးရှဉ့်များကို ငွေပင်လယ်မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း (CEIE) မှ လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသိုဒေသထွက် ငါးရှဉ့်များကို တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။  ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ လအလိုက် ကန်ပိုက်တီး စခန်းမှာ ငါးရှဉ့် တင်ပို့ နိုင်မှုများမှာ ဧပြီလမှာ ၆ ဒသမ ၆ တန်၊ မေလမှာ ၈ ဒသမ ၁၆၉ တန်၊ ဇူလိုင်လမှာ  ၃ ဒဿမ ၈၆၇ တန်နဲ့ သြဂုတ်လမှာ  ၁၆ ဒသမ ၃၂၇ တန် စုစုပေါင်း ၃၄ ဒသမ ၉၆ တန်  တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ဝဝ၄ဝဝ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။Source: (ကန်ပိုက်တီး)MIRT (DOBT)

Tuesday, 14 Sep 2010

 ပင်လယ်ငါးဖမ်းအသင်းမှ မြစ်ချောင်းများအတွင်း ငါးမိုျးများစိုက်ထည့်နေ        ငါးလုပ်ငန်းဦးစီးဌာန၏စီစဉ်မှုဖြင့် သဘာဝရေပြင်များဖြစ်သော မြစ်ချောင်းများအတွင်းသို့ ကကတစ်ငါးမိုျးများကို မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ဝယ်ယူစိုက်ထည့်ပေးလျက်ရှိသည်။      ''သဘာဝရေပြင်တွေမှာ ငါးဖမ်းဆီးရရှိမှုတွေရှားပါးလာတဲ့အတွက် ငါးမိုျးတွေစိုက်ထည့်ဖို့စီစဉ်ရာက ပင်လယ်ငါးဖမ်း လုပ်ငန်းရှင် များအသင်းက  ကကတစ်သားပေါက်တွေဝယ်ယူပြီး မြစ်ချောင်းတွေထဲ လွှတ်ပေးနေပါတယ်။ သြဂုတ်လ ၂၈ ရက်က ချောင်းသာ-ဥတိုကျေးရွာမှ ကကတစ်ငါးသားပေါက် ငါးသန်အရွယ် ကောင်ရေ  ၂ သန်းခန့် လွှတ်ပေး ခဲ့ပါတယ်။ ငပလီလင်းသာ ကျေးရွာမှာ ကကတစ်ငါးသားပေါက် တစ်သန်းခွဲကို သြဂုတ်လ ၂ဝ ရက်ကလည်း လွှတ်ပေးခဲ့ပါ သေးတယ်။ အခြားငါးတွေထက်က ကတစ်သားပေါက်ကို ရွေးပြီးလွှတ်ပေးရတာဟာ တစ်ချိန်မှာ သဘာဝက ပြန်လည် ဖမ်းဆီးရမိတဲ့အခါ ဈေးကောင်းရနိုင်တဲ့ငါးမိုျးကို လွှတ်ပေးခြင်းဖြင့်  ရေလုပ်သားတွေရဲ့ဝင်ငွေကို တိုးပွားဖို့ ရည်ရွယ်တာ ကြောင့်ပါ '' ဟု ငါးလုပ်ငန်းအဖွဲ့ခုျပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       အဆိုပါအသင်းအနေဖြင့် ကကတစ်သားပေါက်ကောင်ရေ ၁ဝ သန်းကျော်ကို သဘာဝရေပြင်များထဲသို့ ဝယ်ယူ လွှတ်ပေးရန် စီစဉ်နေကြောင်းသိရသည်။                                                            ခင်မိုျးသွယ်

Thursday, 9 Sep 2010

ငါးသလောက်သားဖောက်ရန် ဒေသခံပညာရှင်နှင့် တရုတ်(တိုင်ပေ)ပညာရှင်များ ထပ်မံဆွေးနွေးမည်           မြန်မာနိုင်ငံမှ ငါးသလောက်များကို သားဖောက်လုပ်ကိုင်ရန်အတွက် ဒေသခံပညာရှင်များနှင့် တရုတ် (တိုင်ပေ) ပညာရှင်များ ထပ်မံဆွေးနွေးတွေ့ဆုံမည်ဖြစ်သည်။       '' ပြီးခဲ့တဲ့ တစ်ပတ်ကျော်က တရုတ် (တိုင်ပေ) က ငါးသလောက်သားဖောက်ပညာရှင် ၃ ဦးက ကျောက်တန်း၊ ပုသိမ်-ငဝန်မြစ်၊ ပန်းတနော်၊ ရွှေလောင်း စတဲ့ဒေသတွေက ငါးသလောက်တွေရဲ့ အနေအထားကို လေ့လာခဲ့ပြီး  ဘင်္ဂလားဒေ့ရှ်က ငါးသလောက် တွေကိုဆက်လေ့လာဖို့အတွက်ထွက်ခွာသွားပါပြီ။တရုတ်နိုင်ငံမှာ ငါးသလောက် ကို စီးပွားဖြစ် သားဖောက်မွေးမြူတဲ့စနစ် ထွန်းကား ခဲ့တာ၅ နှစ်လောက်ရှိပါပြီ။ အရင်က သူတို့ သားဥယူဖောက်တာ အမေရိကန် ငါးသလောက်မိုျးပါ။ အမေရိကန်က ငါးသလောက်နဲ့ ဆင်တူတဲ့ ငါးသလောက် မိုျးက မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်မှာ ရှိတယ်လို့သူတို့ကပြောပါတယ်။ မိုျးတူလို့သားဖောက်မယ်ဆိုရင်တော့ ငါးဦးစီးရဲ့ ခွင့်ပြုချက်ရှိမှ သယ်ဆောင်လို့ ရမှာပါ။ ဘာပဲပြောပြော သူတို့ပေးမယ်ဆိုတဲ့ ပညာကိုရနိုင် သလောက်ယူဖို့ လိုပါလိမ့်မယ်။ ငါးသလောက်ဟာ အလင်း၊ အသံနဲ့ အသံလှိုင်း လုပ်ရှားမှုများကြောင့်လဲ သေဆုံးတတ်ပါ တယ် '' ဟု ငါးသားဖောက်ပညာရှင် တစ်ဦးက ရှင်းပြသည်။    ငါးသလောက်များကို ယခင်က တောင်သမန်အင်း အပေါက်ဝများတွင်တွေ့ရှိခဲ့ရပြီး ယခုအခါ ဧရာဝတီတိုင်း တွင်အများဆုံး တွေ့ရပါသည်။တိုးမြစ်ဘေးရှိရေခိုျငါးကန်များတွင်ရေတက်ရေကျဖြင့် ဝင်ရောက်နေ ထိုင်မှုများရှိသည်ဟု ဆိုသည်။ ထိုအပြင် တွံတေး၊ ကဝက်ကင်းကျေးရွာမှ ထွက်ရှိသည့် ငါးသလောက်မှာ ၁ပိဿာလျှင် ၄ သောင်းခွဲကျပ်   ရရှိကြောင်းသိရသည်။                                                                                                                      ခင်မျိုးသွယ် 

Thursday, 9 Sep 2010

သြဂုတ်လအတွင်း ရေထွက်ကုန်တင်ပို့မှုက တစ်ရက် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်းရနေ        သြဂုတ်လအတွင်းရေထွက်ကုန်ပစ္စည်းတင်ပို့မှုက တစ်ရက်လျှင် ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။    '' သြဂုတ်လ ၁ ရက်ကနေ ၆ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၆ ဒဿမ ၃၁ဝ သန်း ၊ သြဂုတ်လ ၇ ရက်ကနေ ၈ ရက် အထိ ဒေါ်လာ ၃ ဒဿ ၉ဝ၈သန်း၊  သြဂုတ်လ ၉ ရက်ကနေ ၁၅ ရက်အထိ ဒေါ်လာ ၁၁ ဒဿ ၈၁၆ သန်း၊ သြဂုတ်လ ၁၆ ရက်ကနေ ၂၂ ရက်အထိ ဒေါ်လာ ၁၁ ဒဿမ ဝ၇ဝ သန်း စုစုပေါင်း ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၃၃ ဒဿမ ၁ဝ၄ သန်း ရရှိထားပြီး ဖြစ်တဲ့အတွက် ၁ ရက်ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေပါတယ်။ မနှစ်က သြဂုတ်လတစ်လလုံးတင်ပို့မှုက ဒေါ်လာ ၃၈ ဒဿမ ၅၉၆ သန်း ရရှိခဲ့တာပါ။ဒါကြောင့် မနှစ်ကနဲ့ ဒီနှစ် သြဂုတ်လရဲ့ရေထွက်ကုန် တင်ပို့မှုကိုနှိုင်းယှဉ်ရင် မနှစ်ကအနေအထား ကို ကျော်လွန်ဖို့ရှိပါတယ် '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပြသည်။     ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှုက ဒေါ်လာသန်း ၇ဝဝ ရရှိရန်လျာထား လုပ်ကိုင်လျက်ရှိရာ  သြဂုတ်လ ၂၂ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၂၁၃ ဒဿမ ၂၈၉ သန်းရရှိထား ပြီးဖြစ်သည် ဟုဆိုသည်။                                                                                                                        ခင်မိုျးသွယ်

Thursday, 9 Sep 2010

ငါးရှဉ့်တင်ပို့မှုက လျာထားသတ်မှတ်ငွေ၏ ၃၆ ရာခိုင်နှုန်းခန့်တင်ပို့ပြီးဖြစ်           မြန်မာနိုင်ငံက ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရာတွင် လျာထားသတ်မှတ်ဝင်ငွေ ၏ ၃၆ ရာခိုင်နှုန်းခန့် တင်ပို့ပြီး ဖြစ်သည်။    '' ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ငါးရှဉ့်တင်ပို့မှုကနေ ဝင်ငွေရရှိ အောင်ဆောင်ရွက်ရာမှာ ဒေါ်လာ ၂၅ သန်းပါ၊ ငါးရှဉ့်ကို မူဆယ် ကနေ အဓိက တင်ပို့နေပြီး မြဝတီကလည်းတင်ပို့နေပါတယ်၊ ဒါ့အပြင် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းကနေ စမ်းသပ် တင်ပို့ မှုတွေ ရှိပါတယ်၊ လောလောဆယ် သြဂုတ်လ ၂၂ ရက်အထိ မူဆယ်စခန်းတင်ပို့မှုက ဒေါ်လာ ၈ ဒဿမ ၉၄၉သန်း၊ မြဝတီနယ်စပ် စခန်းတင်ပို့မှုကနေ ဒေါ်လာ ဝ ဒဿမ ဝ၃၇ သန်း စုစုပေါင်း ဒေါ်လာ ၈ ဒဿမ ၉၈၆ သန်းရရှိထားပြီးပါပြီ၊ ဒါ့ကြောင့် ငါးရှဉ့်တင်ပို့မှု အတွက် လျာထား သတ်မှတ် ဝင်ငွေရဲ့ ၃၅ ဒဿမ ၉၄ ရာခိုင်နှုန်းတင်ပို့ပြီး ဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။      ငါးရှဉ့်များကို သယ်ဆောင်ရာတွင် ကား၊ လေယာဉ်ဖြင့်သာမက ရထားဖြင့်ပါ သယ်ဆောင်ခွင့် မျှောစာများကို သက်ဆိုင်ရာက ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။                                                                                                                                                                      ခင်မိုျးသွယ်    

Pages