Background
မူဆယ်ကဏန်း ကုန်သည်များ ချင်းရွှေဟော်ဘက်မှ ပို့ရန်စီစဉ် မူဆယ်အခြေစိုက် ကဏန်းကုန်သည်များအနေဖြင့်စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဘက်မှတရုတ်နိုင်ငံယူနန်ပြည်နယ်ဘက်သို့တင်ပို့ရန်စီစဉ်နေပြီဖြစ်သည်။ '' မူဆယ်ကဏန်းကုန်သည်များအနေနှင့် ချင်းရွှေဟော်က ပို့တဲ့အခါ မူဆယ်လေလံပေါက်ဈေးကိုယူပြီး ပို့ရတာပါ။ မေလလောက်က ကား ၃ စီးပို့ခဲ့ပါတယ်။ ဈေးကွက်လဲ ခိုင်မာမှုရှိပါတယ်။ အဲဒီအချိန်မှာ တရုတ်ဘက်က သတ်မှတ်တဲ့ အခွန်ဈေးနှုန်းက နည်းနည်းမြင့်နေတဲ့အတွက် ညှိနှိုင်းဖို့ခဏရပ်ခဲ့ရပါတယ်။ မူဆယ်စခန်း ကပို့မယ်ဆိုရင် မြန်မာဘက်ကို ၃ ရာခိုင်နှုန်း၊ တရုတ်ဘက်ကို ၄ ရာခိုင်နှုန်း အခွန်ဆောင်ပြီးမှပို့ရတာပါ။ အဲဒီစနစ်ကိုပြီးခဲ့တဲ့ ၆ လလောက်ကပယ်ဖျက်ခဲ့ပါတယ်။အခု သြဂုတ်လ ၁ ရက်ကစပြီး ဟိုဘက်ဒီဘက် အခွန် ၃ ရာခိုင်နှုန်းစီ ၆ ရာခိုင်နှုန်းကို ဆောင်ပြီးမှပို့ရပါတယ်။ ချင်းရွှေဟော်ဘက်ကပို့ရင် အဲဒီလိုအခွန် စနစ်လဲမရှိတဲ့အတွက် မူဆယ်အခြေစိုက် ကဏန်းလုပ်ငန်းရှင် ၂ဝရာခိုင်နှုန်း လောက်ကစုပြီး တင်ပို့ဖို့စီစဉ်ကြတာပါ'' ဟုကဏန်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ လက်ရှိအခြေအနေတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက လစဉ်ကဏန်းတန် ၅ဝဝ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။ ခင်မျိုးသွယ်
ဥကပ်ကဏန်းအမ ၃ဝဝဝဝ ကျော် ပင်လယ်ဝတွင် မျိုးစိုက်ထည့် သဘာဝသို့ မျိုးစိုက်ထည့်ပေးရေး အစီအစဉ်အရေ ဥကပ်ကဏန်းအမ ကောင်ရေ ၃ဝဝဝဝ ကျော်ကို ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူဒေသရှိ ပင်လယ်ဝတွင် စက်တင်ဘာလ ၁ဝ ရက်နေ့က လွှတ်ပေးခဲ့ ကြောင်းသိရသည်။ '' အခုအစီအစဉ်က မြို့နယ်ကဏန်းလုပ်ငန်းရှင်တွေရယ်၊ ချိန်ကောင်းကုမ္ပဏီရဲ့ အလှူငွေထည့်ဝင်မှုနဲ့ ပြုလုပ်ခဲ့တာပါ။ ရေလုပ်သားတွေအနေနဲ့ သဘာဝက အများအပြားဖမ်းဆီးထုတ်လုပ်ခဲ့ကြတာကြောင့် အခုချိန်မှာ ငါး၊ ပုစွန်၊ကဏန်းတွေ တဖြည်းဖြည်း ဆုတ်ယုတ်လာတာကို သတိပြုမိကြပုံရပါတယ်။ ဒါ့ကြောင့်လည်း ပင်လယ်ကမ်းဝေးအသင်းကရာသီဥတုတွေ ဖောက်ပြန်လာတဲ့အတွက် ငါးအမိနည်းလာတာတွေ တင်ပြလာပြီး၊ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ပိတ်ပင်ဖို့အထိ တင်ပြတောင်းဆို လာတာတောင်ရှိပါတယ်။ ဒီလို အနေအထားမှာ ကဏန်းလုပ်ငန်းရှင်တွေက ငွေကျပ်၁ဝ သိန်းကျော် ထည့်ဝင်ပြီး ဥကပ်ကဏန်းအမကောင်ရေ ၃ဝဝဝဝ ကျော် ကို သဘာဝရေပြင်ထဲကို မျိုးစိုက်ပေးကြတာပါ။နောက်ထပ်လည်း ဥကပ်ကဏန်းအမတွေ လွှတ်ပေးဖို့ အစီအစဉ်လဲ ရှိပါတယ် '' ဟု ကဏန်းလုပ်ငန်းရှင်များအသင်းမှဦးမြတ်ဦးကပြောကြားသည်။ ကဏန်းများမျိုးသုဉ်းမှုမှ ကာကွယ်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ကဏန်းမဖမ်းရဒေသများ သတ်မှတ်ပေးထားသည် ဟုဆိုသည်။ ခင်မျိုးသွယ်
ငါးရှဉ့်တင်ပို့သူများ လေကြောင်းလိုင်းကို စတင်အသုံးပြုလာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှစ၍ ငါးရှဉ့်တင်ပို့သူများအနေဖြင့် လေကြောင်းလိုင်းကို စတင် အသုံးပြု တင်ပို့လာကြောင်း ငါးလုပ်ငန်းဦးစီးဌာန F.I.Q.C မှသိရသည်။ '' တရုတ်နိုင်ငံကို တင်ပို့တဲ့ ငါးရှဉ့်လုပ်ငန်းရှင်တွေအနေနဲ့ စက်တင်ဘာလဆန်းကစပြီး လေကြောင်းလိုင်း ကို စတင်အသုံးပြုလာတာကိုတွေ့ရပါတယ်။ လေကြောင်းလိုင်းက ငါးရှဉ့်တင်ပို့ခွင့်ကို ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားပေမယ့် မနှစ်ကတစ်နှစ်လုံးတင်ပို့တာမတွေ့ခဲ့ရပါဘူး။ ဒီနှစ်မှာတောင် ဧပြီလကနေ သြဂုတ်လကုန်အထိ တင်ပို့တာ မရှိခဲ့ပါဘူး။ အခုလေကြောင်းလိုင်းကနေ ဒေါ်လာ ဝ ဒသမ ဝ၁၂ သန်းဖိုး တင်ပို့ပြီး ဖြစ်ပါတယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၁ဝ ဒသမ ၄၆၂ သန်းကိုလည်းကောင်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းကို လည်းကောင်း၊ လေကြောင်းလိုင်းကဒေါ်လာ ဝ ဒသမ ဝ၁၂ သန်းကို လည်းကောင်း တင်ပို့ခဲ့ရာ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ၁ဝ ဒသမ ၅၁၁ သန်း ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
အလှမွေးငါး တင်ပို့မှုမှဒေါ်လာ ဝ ဒသမ ၇၇ သန်းရရှိထားပြီးဖြစ် မြန်မာနိုင်ငံက ဖမ်းယူရရှိသည့် တိုင်းရင်းအလှမွေးငါးများကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ ဒေါ်လာ ဝ ဒသမ ၇၇ သန်း ရရှိထားပြီးဖြစ် သည်။ ''တိုင်းရင်းအလှမွေးငါးတွေကို ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ အင်း တော်ကြီးဒေသ၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကနေ ဖမ်းဆီးရရှိနိုင်ပါတယ်။ ငါးပျောက်၊ သစ်ငုတ်ခို၊ ငါးနီးချောင်း၊ ကျားသစ်၊ ငါးမွေးစု၊ ငါးသစ်တုံးစတဲ့ အလှမွေးငါးမိုျးစိပ်ပေါင်း ၁၅ဝ ကျော်ရှိနေပါတယ်။ မြန်မာ့အလှမွေးငါးတွေကို တရုတ်၊ စင်ကာပူ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူမှုရှိနေပါတယ်'' ဟု အလှမွေးငါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယခုအခါ မြန်မာ့အလှမွေးငါးလုပ်ငန်းရှင်များအနေဖြင့် စင်ကာပူ နိုင်ငံမှ အလှမွေးငါးမိုျးစိတ်သစ်များ တင်သွင်းသားဖောက်၍ ပြည်ပ ဈေးကွက်သို့ ပြန်လည်တင်ပို့သားဖောက်ရန် စီစဉ်နေကြောင်းသိရပါသည်။ခင်မျိုးသွယ်
အလှမွေးငါး တင်ပို့မှုမှ ဒေါ်လာ ဝ ဒသမ ၇၇ သန်းရရှိထားပြီးဖြစ် မြန်မာနိုင်ငံက ဖမ်းယူရရှိသည့် တိုင်းရင်းအလှမွေးငါးများကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ ဒေါ်လာ ဝ ဒသမ ၇၇ သန်း ရရှိထားပြီးဖြစ် သည်။ ''တိုင်းရင်းအလှမွေးငါးတွေကို ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ အင်း တော်ကြီးဒေသ၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကနေ ဖမ်းဆီးရရှိနိုင်ပါတယ်။ ငါးပျောက်၊ သစ်ငုတ်ခို၊ ငါးနီးချောင်း၊ ကျားသစ် ၊ ငါးမွေးစု၊ ငါးသစ်တုံးစတဲ့ အလှမွေးငါးမိုျးစိပ်ပေါင်း ၁၅ဝ ကျော်ရှိနေပါတယ်။ မြန်မာ့အလှမွေးငါးတွေကို တရုတ်၊ စင်ကာပူ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူမှုရှိနေပါတယ်'' ဟု အလှမွေးငါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုအခါ မြန်မာ့အလှမွေးငါးလုပ်ငန်းရှင်များအနေဖြင့် စင်ကာပူ နိုင်ငံမှ အလှမွေးငါးမိုျးစိတ်သစ်များ တင်သွင်းသားဖောက်၍ ပြည်ပ ဈေးကွက်သို့ ပြန်လည်တင်ပို့သားဖောက်ရန် စီစဉ်နေကြောင်းသိရပါသည်။ခင်မျိူးသွယ်
ကဏန်းပျော့တင်ပို့မှုအတွက် ဈေးကွက်သစ်များထပ်မံရရှိ ကဏန်းပျော့မွေးမြူသူများ၏ကဏန်းပျော့တင်ပို့ရောင်းချမှုအတွက်ဈေးကွက်သစ်များထပ်မံရရှိခဲ့ကြောင်း ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရ သည်။ ''ကဏန်းပျော့ကို တရုတ်၊စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ သြစတြေးလျ စတဲ့ဈေးကွက်တွေကို ပုံမှန်ကုန်သွယ် ရေးနဲ့ မြိတ် (FOB)တို့ကနေ တင်ပို့နေ ပါတယ်။ အဲဒီဈေးကွက်တွေထဲက မလေးရှား ဈေးကွက်မှာ အခြားနိုင်ငံက ထုတ်လုပ် သူတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ခဲ့ရပေမယ့် တစ်ဖက် မှာလည်း ဝယ်လက် နိုင်ငံ အသစ်တွေက ဝယ်ယူဖို့ ကမ်းလှမ်းလာ ပါတယ်။ ဒီနိုင်ငံတွေကို ပို့မယ်ဆိုရင် အမြင့်ဈေး ရရှိနိုင် ပါတယ်'' ဟု ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ကဏန်းပျော့တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၁ဝ၅ သန်းကိုလည်း ကောင်း၊ ကဏန်း များကို မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်း စသည့် နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် Air Line တို့မှ တင်ပို့ရောင်းချခဲ့ရာ ဒေါ်လာ ၉ ဒဿမ ၉၈၃ သန်းကို လည်းကောင်း၊ စုစုပေါင်း ၁၄ ဒသမ ဝ၈၈ သန်းရရှိ ထားပြီးဖြစ်သည်ဟု ဆိုသည်။ခင်မျိုးသွယ်
ရေထွက်ပစ္စည်းများတင်ပို့မှုမှ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဧပြီ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန(F.I.Q.C) မှ သိရသည်။ ယင်းရရှိငွေများမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၉ ဒဿမ ၁၂၂သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၇ ဒသမ ၉၅ဝ သန်း၊ စစ်တွေမှ ဒေါ်လာ ၂ ဒသမ ၆၃၁ သန်း၊ မြိတ်မှ ဒေါ်လာ ၄၂ ဒသမ ၄၅၇သန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၂ ဒသမ ၅၂၈ သန်း၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝဝ၆ သန်း၊ ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၁၄၇ ဒသမ ၁၈၂ သန်း စုစုပေါင်း ဒေါ်လာ ၂၃၆ ဒသမ ၄၈၉ သန်းရရှိခဲ့ခြင်းဖြစ်သည်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချမှုမှ ဒေါ်လာသန်း ၇ဝဝ ရရှိရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ရာ နယ်စပ်စခန်းများအလိုက် လျာထားသတ်မှတ်ချက်ကို ကျော်လွန်စွာ တင်ပို့ နိုင်သည့်စခန်းမှာ မြိတ်(FOB) ဖြစ်သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ကချင်ပြည်နယ်ဒေသထွက် ငါးရှဉ့်များလည်း တစ်ဖက်နိုင်ငံသို့တင်ပို့လျက်ရှိ ကချင်ပြည်နယ်၊ ကာမိုင်း၊အင်းတော်ကြီးဒေသမှ ထွက် ရှိသောငါးရှဉ့်များကို ငွေပင်လယ်မွေးမြူရေးနဲ့ ရေလုပ်ငန်းမှ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း (CEIE) မှ လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသိုဒေသထွက် ငါးရှဉ့်များကို တင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ လအလိုက် ကန်ပိုက်တီး စခန်းမှာ ငါးရှဉ့် တင်ပို့ နိုင်မှုများမှာ ဧပြီလမှာ ၆ ဒသမ ၆ တန်၊ မေလမှာ ၈ ဒသမ ၁၆၉ တန်၊ ဇူလိုင်လမှာ ၃ ဒဿမ ၈၆၇ တန်နဲ့ သြဂုတ်လမှာ ၁၆ ဒသမ ၃၂၇ တန် စုစုပေါင်း ၃၄ ဒသမ ၉၆ တန် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ဝဝ၄ဝဝ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။Source: (ကန်ပိုက်တီး)MIRT (DOBT)
