Background
ငါးရှဉ့်ဈေးနှုန်းတည်ငြိမ်၍ ငါးရှဉ့်ဝယ်ယူပြီး တင်ပို့ရောင်းချသူများ အရှုံးမရှိ ငါးရှဉ့်များကို မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချ ရာမှာ ယခုရက်ပိုင်း ဈေးကွက်ငြိမ်နေ တာကြောင့် ငါးရှဉ့်ဝယ်ယူပြီး တင်ပို့ ရောင်းချသူများ အရှုံးမရှိကြောင်း မန္တလေးမြို့ နတ်ရေကန်ရှိ ငါးရှဉ့် လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ ''ဈေးနှုန်းငြိမ်နေတော့ အောက်မှာ ဝယ်ပြီး ပြန်ရောင်းရတာ အရှုံးမရှိဘူး ပေါ့။ ရှေ့လတွေက ဈေးမငြိမ်တော့ အောက်မှာဈေး တစ်မိုျးနဲ့ ဝယ်ရပြီး အပေါ်ရောက်တော့ ဈေးပြောင်း သွား ရော၊ တက်ရင်တော့ကိစ္စမရှိဘူး။ ဈေး ကျရင်ရှုံးတာပေါ့။ ဒီလမှာ ဈေးကငြိမ် နေ ပြီး ၃ ၊ ၄ ရက်အတွင်းမှာ နည်း နည်း တက်လာတယ်။ ဈေးမှန်လို့ ရတဲ့အတွက် အောက်မှာဈေးဖွင့် ဝယ် လို့ရတာပေါ့။ဒီရက်ပိုင်း ကုန်အတက် လည်းများလာတယ်။ ရန်ကုန် ဘက် က လာတာများတယ်။ အထက်ပိုင်းက ငါးရှဉ့်က ကန်ပိုက်တီးဘက်ကို ထွက် တယ်။ ငါးရှဉ့်ဈေးနှုန်းက ဆက်တက် နိုင်ပြီး ကုန်လည်း ပိုထွက်လာနိုင်တယ်'' လို့ ငါးရှဉ့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားပါတယ်။ တရုတ်နိုင်ငံကို မူဆယ် ၁ဝ၅ မိုင်နဲ့ ကန်ပိုက်တီးလမ်းတို့မှတစ်ဆင့် ငါးရှဉ့် များကို နေ့စဉ်တင်ပို့ ရောင်းချလျက်ရှိပါ တယ်။မူဆယ် ၁ဝ၅ မိုင်ကို ရန်ကုန်နဲ့ မန္တလေးဘက်မှ ၁၂ ဘီးကား ၅ စီး၊ ၆ စီးဝန်းကျင် တင်ပို့ရောင်းချရပြီး ကန် ပိုက်တီးလမ်းကြောင်းသို့ ရွှေဘိုနဲ့ ကော လင်းအထက် နယ်တစ်ဝိုက်မှ နေ့စဉ် ၂ တန်၊ ၃ တန်ဝန်းကျင် တင်ပို့ရာင်းချမှုရှိ ကြောင်း သိရပါတယ်။ လတ်တလောတွင် မူဆယ် ၁ဝ၅ မိုင်ဘက်ဈေးမှာ ငါးရှဉ့် တစ်တန်ကို ကန်ဒေါ်လာ ၂၁၅ဝ ဈေးရှိ၍ ကန်ပိုက် တီးရှိ ဈေးနှုန်းမှာ တစ်ပိဿာ ကို ၃၂ ယွမ်ဈေးရှိကြောင်း သိရပါတယ်။ ဇူးဇူး
ရွှေယမုံအအေးခန်းစက်ရုံအသစ်တစ်ခု ထူထောင်လုပ်ကိုင်ရန်အတွက် ဒေါ်လာ ငါးသိန်းဖြင့် စတင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီဖြစ်သည်။ ''အအေးခန်းစက်ရုံတစ်ခု ထူထောင်လုပ်ကိုင်ဖို့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ၃မိုင်မြို့သစ်မှာ မြေလေးဧက ယူထားပါတယ်။ စစချင်း ဒေါ်လာ ငါးသိန်း ရင်းနှီးမြှုပ်နှံ မှာဖြစ်ပြီး ဒေါ်လာသန်းဂဏန်းအထိ ထည့်ဝင်သွားနိုင်မယ်လို့ ထင်ပါတယ်။ စက်ရုံက ရေချို-ရေငန် ငါးပုစွန် ပြုပြင်ထုတ်လုပ်မှုတွေ လုပ်ကိုင်မှာပါ။ မတ်လနဲ့ ဧပြီလလောက်မှ လုပ်ငန်းစတင်နိုင်မယ်လို့ ခန့်မှန်းပါတယ်''ဟု EU တင်ပို့ခွင့်ရ ရွှေယမုံရေလုပ်ငန်းကုမ္ပဏီမှ လုပ်ငန်းရှင် ဦးထွန်းအေးက ပြောပြသည်။ လပွတ္တာမြို့နယ်မှာ ရေလုပ်ငန်းထွန်းကားသည့် မြို့ဖြစ်ပြီး၊ ယခုအခါ ကမ်းဝေးလိုင်စင်ရ စက်လှေ ၇၀ ခန့်နှင့် ကမ်းနီးစက်တပ်လှေ ၃၀၀ ခန့်ရှိသဖြင့် ကုန်ကြမ်းပေါများကာ လုပ်သားအင်အား အလွယ် တကူရနိုင်သည့် မြို့ဖြစ်ကြောင်းသိရသည်။ ခင်မျိုးသွယ်
ပြည်ပနိုင်ငံများသို့ တင်ပို့နေသည့် ရေချို၊ ရေငန် ပုစွန် ကုန်ချောထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ပုစွန်ကုန်ကြမ်း ရရှိမှု နည်းပါးခြင်းကြောင့် ငါးကိုသာ အားထားနေရကြောင်း အပတ်စဉ် အင်္ဂါနေ့တိုင်းပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာဆွေးနွေးပွဲမ ှသိရသည်။''ပုစွန်က ရာသီချိန်မဟုတ်တာရယ်၊ ပင်လယ်ပြင် ဖမ်း ဆီးရရှိမှုက လျော့ကျတာရယ်၊ ဆိပ်ခံတွေ ပြင်ဆင်နေတာ ကြောင့် ရပ်ထားရလို့ ပုစွန်ရရှိမှုနည်းပါးလာတဲ့အတွက် စက် စွမ်းအားပြည့် မလည်နိုင်ပါဘူး။ ပုစွန်ထုတ်လုပ်တဲ့ စက်ရုံတွေ အနေနဲ့ မွေးမြူရေးငါးဖြစ်တဲ့ ငါးမြစ်ချင်းကို အားကိုးနေရတဲ့ အနေအထား ဖြစ်လာပါတယ်။ သား၊ ငါး၊ ပုစွန်ပေါများဖို့က သားပေါက်ချိန်မှာ ဖမ်းဆီးတာတွေရပ်ဖို့ လိုပါတယ်။၂၀၀၈ ခုနှစ်တုန်းက ငါး၊ ပုစွန် သားပေါက်ချိန်မှာ နာဂစ်ဖြစ်လိုက် တော့ ငါး၊ ပုစွန်တွေ မဖမ်းဆီးနိုင်တော့ဘူး။ ပြန်လည်ဖမ်းဆီး ချိန်မှာ ငါး၊ ပုစွန်တွေ အထိအမိ ကောင်းတာတွေ့ရတယ်''ဟု အီးယူတင်ပို့ခွင့်ရ ပုစွန်ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောပြသည်။ ခင်မျိုးသွယ်
ူဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရေထွက်ကုန် ကန်ဒေါ်လာ ၃ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ငါးမျိုးစုံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး ပဲတင်ပို့မှုက ဒုတိယလိုက်ပါတယ်။ ကဏန်း တင်ပို့မှုက တတိယနေရာမှာရှိပါတယ်။ ရနောင်းဈေးကွက်မှာ ငါးများကို အရည်အသွေးအလိုက်၊ အမျိုးအစားအလိုက် အုပ်စုခွဲပြီး စက်ရုံသုံးငါး၊ ဟိုတယ်စားငါး၊ ဒေသသုံးငါးများအဖြစ်ခွဲထုတ်ကာ ပြန်လည်ဖြန့်ခွဲ ရောင်းကြတာဖြစ်ပါတယ်။လတ်ဆတ်ပြီး အရည်အသွေးကောင်းတဲ့ငါး၊ ဈေးကြီးတဲ့ငါးများဖြစ်တဲ့ ငါးပါးနီ၊ ကျောက်ငါး၊ ဘီးဇင်း၊ ကုလားကုတ်၊ ငါးမှုန့်ဖြူ၊ ငါးမှုန့်မဲ၊ ငါးသလောက်၊ ကျွဲရင်၊ ကကတစ်ငါးများကို ပြန်လည်ထုပ်ပိုးပြုပြင်ကာ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း နိုင်ငံများသို့ အဓိကတင်ပို့ကြပါတယ်။ မလေးရှားနယ်စပ် နရသီဝပ်ကို ရနောင်းမှ ခရီးမိုင် ၃၅၅ မိုင်အကွာမှာရှိပြီး အအေးခန်းကားများနဲ့သွားလျှင် ၉ နာရီခရီးသာကြာမြင့်တဲ့အတွက် အချိန်တိုအတွင်း တစ်ဆင့်တင်ပို့နိုင်သော အခြေအနေမှာရှိပါတယ်။ ရနောင်းမှ ရေထွက် ပစ္စည်းများကို ဖူးခက်လေဆိပ်၊ ဘောင်ခလာဆိပ်ကမ်းတို့မှ ပြည်ပသို့ တင်ပို့နိုင်ပါတယ်။စက်ရုံသုံးငါးများအဖြစ် ပလာတူး၊ ပလာလန်း၊ ပလာတူးခက်များ၊ အသားလွှာစက်ရုံအတွက် ငါးပါးနီ၊ ကုလားကုတ်၊ ငါးချဉ်ပေါင်းများ၊ အသားကြိတ်စက်ရုံအတွက် ငါးသေး^မွှားများနဲ့ စွန့်ပစ်ငါးများကို အသုံးပြုပြီး မဟာချိုင်စက်မှုဇုန်နဲ့ ရနောင်းစက်ရုံ၊ မလေးရှားတို့ကို ဖြန့်ခွဲရောင်းချလျက်ရှိပါတယ်။ စက်ရုံများကထွက်တဲ့ ငါးကုန်ချော ထွက်ကုန်များကို ဘန်ကောက်ဈေးကွက်မှတစ်ဆင့် ပြည်တွင်းပြည်ပဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးရောင်းချတယ်လို့ သိရပါတယ်။ ယမန်နှစ်က ဧပြီလမှ ဒီဇင်ဘာလကုန်ထိ ရေထွက်ကုန် တန်ချိန် ၁၅၇၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်ကာလတူမှာ ရေထွက်ကုန် တန်ချိန် ၂၃၃၀၀ ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၇၆၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး ကော့သောင်းနယ်စပ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ source: နကသ (ကော့သောင်း)
ငါးလုပ်ငန်းဦးစီးဌာနနှင့်တက္ကသိုလ် များမှ ပညာရှင်များပူးပေါင်း၍ ငါးရှဉ့် များကို မေလနှင့် ဇွန်လ လောက်တွင် ပထမဆုံးစတင် မွေးမြူမည်ဖြစ်ကြောင်း ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရ သည်။]]ငါးရှဉ့်ကို ရွှံ့နွံတွေမှာပဲ မွေးလို့ရ တယ်လို့ အရင်ကသိထားတာပါ။ အခု မွေးမဲ့စနစ်က တရုတ်နည်းပညာဖြစ်တဲ့ ရေကြည်-ရေသန့်မှာ ငါးရှဉ့်မွေးတဲ့ စနစ်ဖြစ်ပါတယ်။ မူဆယ်မှာ ဆန်ခါ ချပြီး သုံးမရတဲ့ ငါးရှဉ့်အသေးတွေကို ကုန်ကြမ်းအဖြစ်ယူပြီး မွေးမြူနိုင်မှာပါ။ ဒီမွေးမြူရေးက မြန်မာနိုင်ငံမှာ ပထမ ဆုံး စတင်မွေးမြူတာဖြစ်ပါတယ်}} ဟု ယင်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ငါးရှဉ့်တင်ပို့မှုမှ ဒေါ်လာ၂၅ သန်း ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ အထိ ဒေါ်လာ ၁၇ဒသမ ၆၁သန်း ရရှိ ထားပြီးဟုဆိုသည်။ ခင်မျိုးသွယ်
မြန်မာနိုင်ငံတွင်အများဆုံး မွေးမြူ ထုတ်လုပ်လျက်ရှိသော ငါးမြစ်ချင်း ငါးများကို ဖေဖော်ဝါရီ ၂၃ ရက်က စတင်၍ မူလပေါက်ဈေးထက် တစ် ပိဿာလျှင် ၅၀ကျပ် တိုးမြှင့်ဝယ်ယူမည် ဖြစ်ကြောင်း ရေထွက်ပစ္စည်းထုတ်လုပ် သူများနှင့်ပို့ကုန်လုပ်ငန်းရှင်များ အသင်း မှ သိရသည်။]]မွေးမြူသူတွေအနေနဲ့ အစာ ဈေးတက်လာတဲ့အတွက် ထုတ်လုပ်မှု တွက်ခြေမကိုက် ဖြစ်လာကြတယ်။ ဖွဲနုက မနှစ်ကထက်စာရင် တစ်ပေါင်ကို ၃၀ ကျပ်လောက်ပိုလာတယ်။ ငါးမြစ် ချင်း မွေးမြူရာမှာ ဖွဲနုက ၇၅ ရာခိုင် နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက် ကျွေးရ တော့ အဓိက အစာလိုဖြစ်နေတာ။ မွေးမြူတဲ့စရိတ် တွက်ခြေကိုက် အောင် ငါးတစ်ပိဿာကို ၁၀၀ ကျပ် အထိတိုးမြှင့်ဝယ်ယူဖို့ တောင်းဆိုလာ တယ်။ အဲဒါကိုညှိနှိုင်းလိုက်တော့ အိတ် စပိုတာတွေဘက်က တစ်ပိဿာကို ၅၀ ကျပ် တိုးမြှင့်ဝယ်ယူဖို့ သဘောတူခဲ့ ပါတယ်}} ဟု အိတ်စပိုတာ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ၂၀၁၀ ခုနှစ် ဖေဖေဝါရီလ ၁၆ ရက်နေ့တွင် အိတ်စပိုတာများမှ ဝယ်ယူ ခဲ့သော ငါးမြစ်ချင်းဈေးနှုန်းများမှ ၂ ၤ အရွယ် တစ်ပိဿာလျှင် ၂၁၅၀ ကျပ်၊ ၃ၤ အရွယ် တစ်ပိဿာလျှင် ၂၂၅၀ ကျပ်၊ ၄ၤ အရွယ် တစ်ပိဿာလျှင် ၂၃၅၀ ကျပ်တို့ ဖြစ်သည်။ ခင်မျိုးသွယ်
မြန်မာနိုင်ငံမှ ရေထွက် ကုန်ပစ္စည်းများကို ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့တင်ပို့နိုင်ရန်အတွက် ပြည်ပနိုင်ငံများမှ ပညာရှင်များ ငှားရမ်း၍ အီးယူလိုအပ်ချက် အတိုင်း ပြုပြင်ဆောင်ရွက်ကာ စစ်ဆေးမှုခံယူခဲ့သည့် ငါးအတင်၊ အချဆိပ်ခံ တံတား ၂ ခုမှာ အီးယူ အဖွဲ့၏ စစ်ဆေးမှုအောင်မြင်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က အီးယူက ထုတ်ပြန်ကြေညာခဲ့သည်။ ''အီးယူစစ်ဆေးမှုအောင်မြင်ခဲ့တဲ့ ဆိပ်ခံတံတားနှစ်ခုက ရွှေဇင်ယော်ဟိန်းနဲ့ ငွေပင်လယ်တို့ပါ။ အဲဒီဆိပ်ခံတံတားတွေနဲ့အတူ အစစ်ဆေးခံခဲ့တဲ့ စက်ရုံ ၈ ရုံလုံးလည်း အီးယူစစ်ဆေးမှုအောင်မြင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်ဖို့အတွက် ပြည်ပကပညာရှင် နှစ်ဦး ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ ပညာရှင်နှစ်ဦးက ငါးလုပ်ငန်းဦးစီးဌာနက ဝန်ထမ်းတွေကို သင်တန်းတွေပေးခဲ့သလို စစ်ဆေးခံမယ့် ပုဂ္ဂလိ ကစက်ရုံတွေကိုလည်း အီးယူလိုအပ်ချက်အတိုင်း ဝန်ထမ်းတွေကို လေ့ကျင့်ပညာပေးတာတွေလုပ်ပေးခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ပြီး တဲ့နောက် အောက်တိုဘာလထဲမှာ အီးယူရဲ့ စစ်ဆေးမှုကိုခံယူခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ အီးယူနိုင်ငံတွေကိုတင်ပို့နိုင်တဲ့ နိုင်ငံ စာရင်းတွေ အီးယူအဖွဲ့ကထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံပါဝင်လာခဲ့ပါတယ်။ အသေးစိတ်စာရင်းကိုတော့ ဇန်နဝါရီ ၁၈ ရက် ကျမှ ထုတ်ပြန်ခဲ့ပါတယ်'' ဟု ရေထွက်ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးကပြောပြသည်။ အဆိုပါ ဆိပ်ခံတံတား နှစ်ခု နှင့်အတူ အစစ်ဆေးခံခဲ့သည့် ရွှေဇင်ယော်ဟိန်း သင်္ဘော ၁ စင်း၊ စက်ရုံ ၈ ရုံတို့လည်း အီးယူစစ်ဆေးမှု အောင်မြင်ခဲ့ကြောင်းသိရသည်။ ခင်မျိုးသွယ်
ရန်ကုန်မြို့ အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီကြီး၄ခုက ရေလုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ၃မိုင်မြို့ သစ်တွင် စက်ရုံများတည်ဆောက်ရန်စီစဉ်နေပြီ ဖြစ်သည်။ ''လပွတ္တာမြို့ဟာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့အတွက် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်နိုင်ဖို့အတွက် စက်ရုံတွေထူထောင်လုပ် ကိုင်ဖို့ ၂၀၀၉ခုနှစ် မိုးလယ်လောက်က မြေကွက်တွေဖေါ်ထုတ်ဖို့စီစဉ်ခဲ့တာပါ။ အခုဆိုရင်လမ်းတွေပြီးစီးနေတဲ့အပြင် လျှပ်စစ်မီးပါ ရတော့မှာပါ။ ဒါ့အပြင် ၆၆ဧကမြေအကျယ်ပေါ်မှာ ရေဂါလံ သန်း ၂၅၀ဆံ့တဲ့ရေလှောင်ကန်ကြီးတည်ဆောက်နေပါပြီ။ အဲ့ဒီရေ လှောင်ကန်က စက်ရုံတွေနဲ့မြို့ထဲကိုပါရေဖြန့်ဝေပေးမှာပါ။ ဒါကြောင့် ရန်ကုန်မြို့အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီ ကီးတွေဖြစ်တဲ့ ရွှေယမုံ၊ ဝါဝါ၀င်း၊ TZTN နဲ့ဂရိတ်အင်တာနေရှင်နယ်ကုမ္ပဏီ တို့ကနေ အအေးခန်းစက်ရုံတွေတည်ဆောက်ဖို့ပြင်ဆင်နေပါပြီ'' ဟု၃မိုင် မြို့သစ်တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်မည့် ရေလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။ လပွတ္တာမြို့တွင်ယခင်က ငါး၊ပုစွန်၊ ကဏန်း ကုန်ကြမ်း များပေါများသည်။ရေလုပ်ငန်းထွန်းကားသည့်မြို့ဖြစ်ခဲ့ပြီး ယခုအခါကမ်းဝေးလိုင်စင်ရ လှေ ၇၀ခန့်နှင့် ကမ်းနီးစက်တပ်လှေ၃၀၀ ခန့်ရှိသဖြင့် ကုန်ကြမ်းပေါများကာ လုပ်သားအင်အား အလွယ်တကူ ရနိုင်သည့်မြို့ဖြစ်ကြောင်းသိရသည်။ ခင်မျိုးသွယ်
မြန်မာနိုင်ငံမှထွက်ရှိသည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိရာ ယခုအခါ ဒေါ်လာ ၁၅ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်း ငါး ရှဉ့်လုပ်ငန်းရှင်များအသင်းမှသိရသည်။ ''အခုရရှိထားတဲ့ငွေဟာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွက် ငါးရှဉ့်အသင်းအနေနဲ့ မျှော်မှန်းထားတဲ့ ငွေရဲ့ ၆၁ ဒသမ ၆၅ ရာခိုင်နှုန်း ရရှိ ထားပြီးပါပြီ။ ဝယ်လိုအားများပြီး ငါးရှဉ့်တင်ပို့မှုနည်းနေတဲ့အတွက်ဈေးပိုရနေတာပါ။ ငါးရှဉ့်အသင်းအနေနဲ့ ဘဏ္ဍာနှစ်ကုန်ရင် ရည်မှန်းထားတဲ့ ငွေ ၂၅ သန်းအောင်မြင်မယ်လို့ထင်ပါတယ်။ အရင်နှစ်တွေက စက်တင်ဘာလဆန်းကစပြီး ငါးရှဉ့် ၁ တန်ကို ဒေါ် လာ ၂၀၀၀ ကျော်ရရှိခဲ့ပေမယ့် ဒီနှစ်မှာ အောက်တိုဘာလကစပြီး ၁ တန်ကို ဒေါ်လာ ၃၀၀၀ ကျော်ရခဲ့ပါတယ်'' ဟု အသင်းဥက္ကဌ ဦးဘ သော်ကပြောကြားသည်။ မြန်မာနိုင်ငံမှ ငါးရှဉ့်များကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်တရုတ်နိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ ခင်မျိုးသွယ်
