Background
တရုတ်နိုင်ငံမှာ စက်တင်ဘာလအတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံ ဝင်ရောက်မှု ဆက်လက်ကျဆင်းခဲ့တယ်လို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက အောက်တိုဘာ ၁၉ ရက်မှာပြောကြားခဲ့တယ်။ စက်တင်ဘာလအတွင်း FDI ဝင်ရောက်မှုက ယခင်နှစ် အလားတူကာလနဲ့ယှဉ်ရင် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၈ ဒသမ ၄၃ ဘီလီယံသာ ရရှိခဲ့တယ်လိ့ု သိရတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးနေတဲ့ သတင်းက ကမ္ဘာ့ရွှေဝယ်လိုအားအပေါ် အနည်းငယ်သက်ရောက်မှုရှိခဲ့ရာ အောက်တိုဘာ ၂၂ ရက် ကမ္ဘာ့ရွှေဈေးနှုန်းတွေက ကျဆင်းလာခဲ့တယ်။ နယူးယောက် Comex မှာ ဒီဇင်ဘာလအရောက်ပိုရမယ့် ရွှေဈေးနှုန်းက တစ်အောင်စကို ၁၇၄၂ ဒေါ်လာနဲ့ နယူးယောက်စံတော်ချိန် နေ့ခင်း ၁း၄၀ နာရီမှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။
World Gold Price
October 2012 (USD/OZ)
Date
NY
Landon
Zurich
15
1745
1746
1746
16
1736
1737
1737
17
1748
1750
1751
18
1747
1748
1749
19
1735
1735
1736
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
15-10-2012
782.50
782.0
16-10-2012
781.30
780.90
17-10-2012
783.50
783.00
18-10-2012
783.50
783.10
19-10-2012
781.60
781.40
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အနည်းငယ်သာကျဆင်းခဲ့ သည်ကို တွေ့ရသည်။ကမ္ဘာ့ရွှေဈေးသည်လည်း ယခင် ရက်သတ္တပတ် အတွင်းက ၁၇၅၄ဒေါ် လာရှိခဲ့ရာမှ ယခုတစ်ပတ်အတွင်းတွင် ၁၇၃၉ ဒေါ်လာအထိ ကျဆင်းခဲ့သည် ကိုတွေ့ရသည်။
World Gold Price
October 2012 (USD/OZ)
Date
NY
Landon
Zurich
8
1769
1776
1763
9
1774
1775
1777
10
1761
1763
1763
11
1761
1763
1762
12
1769
1768
1769
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
8-10-2012
784.70
784.50
9-10-2012
787.00
786.60
10-10-2012
786.20
785.90
11-10-2012
787.00
786.90
12-10-2012
787.00
786.80
ဒီတစ်ပတ်မှာတော့ မြန်မာ့ရွှေဈေး ကွက်ဟာ အတက်အကျ အနည်းငယ် နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒါ ပေမယ့်လည်း ရွှေဈေးကွက်အတွင်းမှာ တော့ ဝယ်သူထက် ရောင်းသူကသာ ပိုမို များပြားနေကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါတယ်။မြန်မာ့ရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေ ဈေး မြင့်တက်မှုနဲ့အတူ လိုက်လံမြင့် တက်ခဲ့သလို ကမ္ဘာ့ရွှေဈေးအနည်းငယ် ကျဆင်းချိန်မှာလည်း အနည်းငယ်သာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ အမေရိ ကန်ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်း ကျဆင်းလာခဲ့တာဟာ ရွှေဈေးကွက်ကို ပိုမိုခိုင်မာလာစေတယ်လို့ ရွှေကုန်သည် တချို့က ဆိုပါတယ်။"အခု ရက်တော်တော်ကြာနေပြီ။ ကမ္ဘာ့ရွှေဈေးကတက်နေတယ်။ မြန်မာ့ ရွှေဈေးကလည်း လိုက်ပြီး တက်လာ တယ်။ ဒေါ်လာတန်ဖိုးကတော့ တစ် နေ့တခြား ကျဆင်းလာတယ်။ ရွှေ အရောင်းအဝယ်လုပ်နေတဲ့သူတွေက တော့ ဈေးမြင့်လာတဲ့အချိန်မှာ မြတ်တဲ့ အတွက်ထုတ်ရောင်းကြတယ်။ ဒါပေ မယ့်လည်း ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ရွှေကို အလုအယက်ဝယ်နေကြတာဖြစ် တဲ့အတွက် ရွှေဈေးက တစ်နေ့တခြား တက်လာတာပဲ။ ရေနံကို ရွှေနဲ့ရောင်း တာက သူတို့အတွက် ပိုပြီးတွက်ခြေ ကိုက်တဲ့အတွက်လည်း အီရန်က ရွှေနဲ့ ဝယ်မယ့်သူကိုပဲ ဦးစားပေးတယ်။ ဒါ ကြောင့် ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေး က တစ်နေ့ထက်တစ်နေ့ တက်လာတာ ပဲ။ ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေ ဈေးကလည်း လိုက်တက်မယ်။ ဒါက ဖော်မြူလာလိုဖြစ်နေတာ"ဟု ဦးထုံရွှေ ဆိုင်မှ ဦးကျော်ဝင်းက ဆိုပါတယ်။မြန်မာ့ရွှေဈေးဟာ အောက်တိုဘာ ၈ ရက်က အခေါက်ရွှေတစ်ကျပ်သား ကို ၇၈၄၇၀၀ ကျပ်ရှိခဲ့ပြီး အောက်တို ဘာ ၁၀ ရက်တွင် ၇၈၆၂၀၀ ကျပ်သို့ ကျဆင်းခဲ့သည်။ ထို့နောက် အောက် တိုဘာ ၁၂ ရက်တွင် ၇၈၇၂၀၀ ကျပ် သို့သာ ပြန်လည်မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း အောက် တိုဘာ ၈ ရက်က ၁၇၇၁ ဒေါ်လာရှိခဲ့ ပြီး ၁၀ ရက်တွင် ၁၇၆၄ ဒေါ်လာရှိခဲ့ ရာမှာ အောက်တိုဘာ ၁၂ ရက်တွင် ၁၇၇၀ ဒေါ်လာသို့ ပြန်လည်မြင့်တက် ခဲ့သည်။ မယ်သီတာ
ဥရောပဗဟိုဘဏ်က အစိုးရငွေချေးစာချုပ်တွေကို စတင်ဝယ်ယူ သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းကြောင့် ရွှေအပါအဝင် အဖိုးတန် သတ္ထုတွေကို ဝယ်လိုအားမြင့်မားလာတယ်။ ဒါ့ကြောင့် ကမ္ဘာ့ရွှေ ကြိုပွိုင့် ဈေးနှုန်းတွေက ၁၁ လနီးပါးကာလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ တယ်။အောက်တိုဘာ ၅ ရက်မှ ဒီဇင်ဘာလအရောက်ပို့ရမယ့် ရွှေကြို ပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၁၇၉၇ ဒသမ ၇၀ ဒေါ်လာအထိရောက် ရှိခဲ့ရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ် လာပါတယ်။Source:Bloomberg.com, ပပ
ဗီယက်နမ်နိုင်ငံက ပြည်သူရော နိုင်ငံ ခြားသားများပါ ပြည်တွင်းမှ ထွက်ခွာ သည်ဖြစ်စေ၊ ပြည်တွင်းကို ဝင်ရောက် သည်ဖြစ်စေ ရွှေချောင်းနဲ့ ရွှေထည်များ သယ်ဆောင်ခြင်းကို ပိတ်ပင်လိမ့်မယ်လို့ ဗီယက်နမ် နိုင်ငံတော်ဘဏ်မှ ၎င်း ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အလေးချိန် ၃၀၀ ဂရမ်ထက်ကျော်ပြီး၊ ရွှေထည် လက်ဝတ်ရတနာ သို့မဟုတ် ရွှေနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများ ဝတ် ဆင်တဲ့ ခရီးသည်များဟာ အကောက် ခွန်ဌာနမှ ကြေညာရမှာဖြစ်ပြီး၊ အခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။ ပြည်ပမှာ တရားဝင်အမြဲတမ်းနေထိုင်တဲ့ ဗီယက် နမ်လူမျိုးများအနေနဲ့ ၎င်း တို့နေထိုင်တဲ့ ဒေသပြည်နယ်အတွင်း နိုင်ငံတော် ဘဏ်ခွဲမှ ၎င်း တို့ပိုင်ဆိုင်ကြောင်း ခွင့် ပြုချက်ထုတ်ပြန်ထားရင် ရွှေတစ်ကီလို ဂရမ်အထိ သယ်ယူခွင့်ပြုမယ်လို့ သိရ ပါတယ်။ယင်းအစီအစဉ်ဟာ ပြည်တွင်းဈေး ကွက် တည်ငြိမ်စေဖို့နဲ့ ရွေရောင်းချမှု ကွပ်ကဲရေး ခိုင်မာစေဖို့ ရည်ရွယ်ခြင်း ဖြစ် တယ်လို့ နိုင်ငံတော်ဘဏ်ရဲ့ ဥပဒေ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး Vu Ngoc Lan မှ ပြောကြားပါတယ်။ယမင်းခင် Source: VOU
ဒီတစ်ပတ်မှာတော့ မြန်မာ့ရွှေဈေး ကွက်ဟာ အတက်ဘက်ကိုဦးတည်လာ ခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက မြန်မာ့ရွှေဈေးကွက်ဟာ အတက်အကျ ဖြစ်နေခဲ့တဲ့အတွက် မ တည်မငြိမ်ဖြစ်နေခဲ့ပေမယ့် အခုတစ် ပတ်မှာတော့ ပြန်လည်မြင့်တက်ခဲ့ပါ တယ်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေး သည် အပြောင်းအလဲ အနည်းငယ် သာရှိခဲ့ပြီး အတက်ဈေးဖြင့်သာ ရပ် တည်နေခဲ့သည်ကို တွေ့ရသည်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် တစ်ပတ်အတွင်း ကျပ်တစ် သောင်းနီးပါးအထိ ထပ်မံမြင့်တက်ခဲ့ ကြောင်း သိရသည်။ မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးကိုမှီ၍ ဈေးသတ် မှတ်ခြင်းဖြစ်ရာ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် မြန်မာ့ရွှေဈေးသည် လည်းမြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များထံမှ သိရှိရသည်။