Background
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေး ဟာ အတက်အကျ ကြမ်းလျက်ရှိ ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးသည် လည်း ယခုတစ်ပတ်အတွင်း အတက် ပြပြီးမှ ပြန်လည်ကျဆင်းသွားခဲ့ရာ ရွှေ ဝယ်ရောင်းသမားများ အခက်ကြုံခဲ့ရ ကြောင်း သိရသည်။
တရုတ်နှစ်သစ်ကူး ပွဲတော်ကြောင့် အကျဖက်ကို ဦးတည်နေသည့်မြန်မာ့ ရွှေဈေးသည် ယခုတစ်ပတ်ဖေဖော်ဝါရီ ၂၂ ရက်တွင် အနည်းငယ် ပြန်လည်မြင့် တက်လာခဲ့သည်။
မြန်မာ့ရွှေဈေးသည် တစ်ပတ် အတွင်း ကျပ် ငါးထောင်ကျော်အထိကျ ဆင်းသွားကြောင်း သိရသည်။ တရုတ် နှစ်သစ် ကူးပွဲတော်ကာလဖြစ်နေခြင်းနှင့် အိန္ဒိယမှ ရွှေသွင်းကုန်ခွန်ကို တိုးမြှင့် ကောက်ခံနေခြင်း တို့ကြောင့် ရွှေဝယ် လိုအားများ ကျဆင်းသွားခဲ့ရာ ရွှေဈေး နှုန်းများ ဆက်တိုက်ကျဆင်းနေ ရခြင်း ဖြစ်ကြောင်း ရွှေ ဘုံသာလမ်းရှိ ရွှေကုန် သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက တည်းက ကျဆင်းခဲ့သည့်မြန်မာ့ရွှေဈေး သည် ယခုတစ်ပတ်တွင်လည်း ဆက် တိုက် ကျဆင်းလျက်ရှိကြောင်း သိရ သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျပ် ၆၀၀၀ အတက်ပြခဲ့သည့် မြန်မာ့ ရွှေဈေးသည် ယခုတစ်ပတ်အတွင်း တွင် ပြန်လည် ကျဆင်းလာခဲ့ကြောင်း သိရ သည်။ ကမ္ဘာ့ရွှေဈေးရုတ်ခြည်းကျဆင်း မှုကြောင့် မြန်မာ့ရွှေဈေး ကျဆင်းလာရ ခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။
ယခုသီတင်းပတ်အတွင်း မြန်မာ့ ရွှေဈေးသည် တစ်ပတ်အတွင်း ကျပ် ၆၀၀၀ နီးပါး ပြန်လည်မြင့်တက်လာခဲ့ ကြောင်း သိရသည်။
မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ် အတွင်း အတက်အကျများရှိနေခဲ့ကာ မတည်မငြိမ်ဖြစ်နေခဲ့ကြောင်း ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အတက်ဘက် သို့ ဦးတည်ခဲ့သော်လည်း ဇန်နဝါရီလ ၅ရက်နေ့မှစကာ ပြန်လည် ကျဆင်း လာခဲ့သည်။ နောက်ပိုင်းရက်များတွင် အကျဖက်သို့ဦးတည်ခဲ့ရာ ဇန်နဝါရီလ ၉ရက်နေ့တွင် အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့သည်။
World Gold Price
November 2013 (USD/OZ)
Date
NY
Landon
Zurich
31
1659
1659
1662
1
-
-
-
2
1678
1678
1681
3
1681
1681
1682
4
1648
1647
1652
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
31-12-2012
758.30
757.60
1-1-2013
760.00
759.60
2-1-2013
763.50
763.50
3-1-2013
767.60
766.50
နှစ်သစ်ကူးအပြီးတွင် မြန်မာ့ရွှေဈေးသည် ကျပ် ရှစ်ထောင်ကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်း လာခဲ့ရာ ကျပ် ၇၅၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း မြန်မာ့ရွှေဈေးသည် ကျပ် ၇၇၂၀၀၀အထိ အမြင့်ဆုံးဈေးနှုန်းတွင် ရှိခဲ့သော် လည်း ဒီဇင်ဘာ ၄ ရက်မှစကာ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလ ဒုတိယပတ် တွင် အမြင့်ဆုံးဈေး ကျပ် ၇၆၈၀၀၀ အထိရှိခဲ့သော်လည်း တတိယပတ်မှ စတင်ကာ ကျဆင်းခဲ့သည်။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင် ဘာ ၃၁ ရက်တွင် မြန်မာ့ရွှေဈေးသည် ၇၅၈၃၀၀ ကျပ်အထိ ကျဆင်းခဲ့ သည်။နှစ်သစ်ကူးပွဲတော်မတိုင်မီ မြန်မာ့ရွှေဈေးသည် ကျဆင်းခဲ့သော် လည်း နှစ်သစ်ကူးပွဲတော်အပြီးတွင် မြန်မာ့ရွှေဈေးသည် ပြန်လည်မြင့် တက်ခဲ့ရာ ဇန်နဝါရီ ပထမပတ်အတွင်းမှာပင် ကျပ် ရှစ်ထောင်ကျော် မြင့်တက်ခဲ့သည်။
မြန်မာ့ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးထက်ဈေးမြင့်နေလို့ ပြည်တွင်းကို ရွှေများ ပြန်ဝင်နေကြောင်း သိရပါတယ်။ မန္တလေးမြို့ရှိ ရွှေဆိုင်ကြီးတစ်ဆိုင်မှ ရွှေဆိုင်ပိုင် ရှင်က "ရွှေဈေးက ကမ္ဘာ့ဈေးနဲ့ယှဉ်ရင် ပြည်တွင်း ဈေးမြင့်တော့ နယ်စပ်က ပြန်ဝင် လာတာ။ ခုက ဈေးကျပေမယ့် ကျသင့်တဲ့ဈေးကို မရောက်သေးဘူး။ ရွှေရှားတဲ့ အခြေအနေမို့ ပုံမှန်ဈေးမှာ တန့်နေတာ။ ကမ္ဘာ့ဈေးနဲ့ယှဉ်ရင်တော့ ကျတယ် ပြောရမယ်။ ဒီနှစ်မှာလည်း ရွှေဈေးနှုန်းက ထပ်တက်နိုင်တယ်။ ရွှေရှားတဲ့ အခြေ အနေရှိတာကြောင့် ယခုဈေးထက် တက်နိုင်တယ်။ ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့မှီပြီး ပြောင်းလဲ ပေမယ့် ပြည်တွင်းထွက်နှုန်းနဲ့ ငွေဈေးနဲ့ ကွာခြားတယ်။ ပြည်တွင်းဈေးက ကမ္ဘာ့ရွှေဈေးထက် မြင့်နေရင် ပြန်ဝင်လာမှာဘဲ။ နိမ့်နေရင် ပြန်ထွက်မှာပဲ။ အများ အားဖြင့်တော့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ထွက်တာများတယ်။ ပြည်တွင်းမှာ ထွက်တဲ့ရွှေကို ပြည်တွင်းမှာပဲသုံးဖို့ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တရားဝင် အရောင်း အဝယ်လုပ်ခွင့်ပေးသင့်တယ်။ တရားမဝင်ပို့နေကြတော့ ငွေလွှဲ တာလည်း စနစ်မကျဘူး"လို့ ပြောပါတယ်။