Main menu

Background

Tuesday, 28 May 2013

ကျပ် ခုနစ်သိန်းအောက်သို့ ကျ ဆင်းလျက်ရှိသည့်မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်းတွင် ပြန် လည် မြင့်တက်လာခဲ့သည်။ ထို့အတူ ကမ္ဘာ့ ရွှေဈေးသည်လည်း ပြန်လည်မြင့်တက် ခဲ့ရာ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း က ကမ္ဘာ့ရွှေဈေးသည် ၁၃၆၀ဒေါ်လာ ဖြင့် ဈေးပိတ်ခဲ့သော်လည်း မေလ ၂၀ ရက်နေ့ဈေးပြန်ဖွင့်ချိန်တွင် ၁၃၉၈ ဒေါ် လာဖြင့် ဈေးဖွင့်ခဲ့သည်။

Tuesday, 7 May 2013

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျဆင်းနေရာမှ တက်ဈေး ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ငြိမ်သက်မှု မရှိဘဲ အတက်အကျများဖြင့် ရှိနေခဲ့ရာ  ယခုတစ်ပတ်တွင်လည်း အတက်အကျ များရှိနေခဲ့ပြီး တက်ဈေးဖြင့်ပိတ်ခဲ့သည်။

"ရွှေဈေးက ဒီရက်ထဲမှာ  အတက် ပြလိုက် ကျသွားလိုက်နဲ့။ အထည်တွေ ကတော့ တော်တော်ရောင်းရတယ်။ ဝယ်ရောင်းသမားတွေအတွက်ကတော့ တကယ့်ကို အလုပ်မဖြစ်ဘူး။ ဈေးက တက်လိုက် ကျလိုက်နဲ့ဆိုတော့ တစ်ခါ တစ်ခါ တစ်နေ့တည်းမှာတင် မနက် အဖွင့်ဈေးနဲ့ ညနေအပိတ်ဈေးတင် မတူဘူး။ တစ်နေ့တည်း ဈေးက အတက် အကျများနေရင် ဝယ်ရောင်း သမားတွေ အလုပ်မဖြစ်ဘူးပေါ့။ အ ထည်ဝယ်တဲ့သူတွေ ကတော့ ဈေးကျ နေတယ် ဆိုပြီးတော့ ဝယ်ကြတာများ တယ်။ အထည်အဝယ်များတော့လည်း  ဈေးက လိုက်တက်လာတာပဲ။ ကမ္ဘာ့ ရွှေဈေး တက်တာလည်း ပါတာပေါ့။ ကမ္ဘာ့ရွှေဈေးက မနေ့ကနဲ့ ဒီနေ့ဆိုရင်  ၂၃ဒေါ်လာလောက် တက်လာတယ်။ ဒါကြောင့်လည်း မြန်မာ့ရွှေဈေးတက် လာတာပဲ"ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၂၉ ရက်နေ့က ကျပ် ၇၁၁၅၀၀ ရှိခဲ့ရာမှ မေလ ၂ရက်နေ့တွင် ကျပ် ၇၀၈၀၀၀ သို့ ကျဆင်းသွားခဲ့ပြီး မေလ ၃ရက်နေ့ တွင် ကျပ် ၇၁၁၄၀၀ သို့ ပြန်လည်မြင့် တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီလ ၂၉ရက်နေ့က ၁၄၇၂ဒေါ်လာရှိခဲ့ပြီး မေလ ၂ရက်နေ့တွင် ၁၄၅၃ဒေါ်လာ ရှိခဲ့ရာမှ မေလ ၃ရက်နေ့တွင် ၁၄၇၆ ဒေါ်လာသို့ ပြန်လည်မြင့်တက်ခဲ့သည်။မယ်သီတာ
 
 

Monday, 29 Apr 2013

World Gold Price

April  2013 (USD/OZ)

Date
NY
Landon
Zurich

22
1418
1418
1421

23
1420
1423

1427

24

1424
1424
1424

25
1441
1442
1441

26
1470
1470
1472

 

Domestic Gold Price

Kyats(Thousand)

Date
Yangon
Mandalay

22-4-2013
714.00
714.20

23-4-2013
710.00
709.70

24-4-2013
706.50
707.00

25-4-2013
706.50
706.00

26-4-2013
711.10
712.20

 
 

Monday, 29 Apr 2013

သြင်္ကန်ပြီးကာလအတွင်းတွင် ပြည်တွင်းရွှေဈေးများ ဆက်တိုက်ကျ ဆင်းနေ မှုကြောင့် ရွှေအဝယ်လိုက်နေ ကြောင်း သိရသည်။ သြင်္ကန်ပြီးဆုံးချိန် တွင် မြန်မာ့ရွှေဈေးသည် ကျပ် ၆၉၆၀၀၀အထိ ကျဆင်းခဲ့ပြီးနောက် ရုံး များပြန်ဖွင့်ချိန်တွင် မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၄၅၀၀သို့ ပြန်လည်မြင့်တက် လာခဲ့သည်။

ယင်းကဲ့သို့ အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့သော်လည်း မြန်မာ့ရွှေ ဈေးကွက်တွင် ဒုံးရော အထည်ပါ အ ဝယ်လိုက်နေကြောင်း သိရသည်။ ယင်း ကဲ့သို့ အဝယ်လိုက်လာမှုကြောင့် ပြည် တွင်းရွှေဈေးကွက်၏ ဈေးကွက်လိုအပ် ချက်များအာ တရုတ်နိုင်ငံမှ ရွှေများကို ဝယ်ယူ၍ ဖြေရှင်းပေးနေရကြောင်း သိ ရသည်။"ဒီနှစ်ကတော့ ထူးခြားတယ်ဆို ရမယ်။ သြင်္ကန်ပြီးတာနဲ့ ရွှေဈေးက ဝုန်း ဆို ကျသွားတာ။ ရုံးတွေ ပြန်ဖွင့်မှ နည်း နည်းလေးတက်လာတာ။ ရွှေဈေးကျ နေတော့ ရွှေဝယ်စုတဲ့သူတွေရော၊ အထည်ဝယ်တဲ့သူတွေရော အဝယ် လိုက်နေလို့ ပြည်တွင်းရွှေဈေးကွက်မှာ လိုအပ်ချက်တွေ ရှိလာတယ်။ အဲဒီလို အပ်ချက်တွေကို ပြည်ပကနေတင်သွင်း ပြီးတော့ ဖြေရှင်းပေးနေရတယ်"ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ထို့ပြင် ပြည်တွင်းမှ ရွှေထုတ်လုပ် သူများအနေဖြင့်လည်း ပြည်တွင်းထုတ် လုပ်မှုစရိတ်မှာ ကျဆင်းသွားခြင်း မရှိဘဲ ရွှေဈေးကျဆင်းသွားသဖြင့် ထုတ်လုပ် ပြီးသမျှ ရွှေများကို ထုတ်ရောင်းခြင်းမရှိ သဖြင့် ပြည်တွင်းဝယ် လိုအားကို ဖြည့် ဆည်းရန် ယခုကဲ့သို့ ပြည်ပမှရွှေတင် သွင်း၍ဖြေရှင်းပေးနေရခြင်းဖြစ်ကြောင်း  ၎င်း က ထပ်မံပြောကြားခဲ့သည်။ထို့ပြင် ဆိုက်ပရပ်စ်နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အရန်ရွှေများကို ထုတ်ရောင်းချခဲ့သဖြင့် လည်း ကမ္ဘာ့ရွှေဈေးမှာ ကျဆင်းခဲ့ရ သဖြင့် မြန်မာ့ရွှေဈေးမှာလည်းကျဆင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၂၂ ရက်နေ့တွင် ကျပ် ၇၁၄၅၀၀ ရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင်ကျပ် ၇၀၅၀၀၀ သို့ နေ့ချင်း ကျပ်တစ်သောင်းကျော် ကျ ဆင်းခဲ့သည်။ ဧပြီလ ၂၄ရက်နေ့တွင် ကျပ် ၇၀၄၃၀၀၊ ဧပြီလ ၂၅ရက်နေ့တွင် ကျပ် ၇၀၅၅၀၀ ဖြစ်လာကာ ဧပြီလ ၂၆ ရက်နေ့တွင် ကျပ် ၇၁၁၅၀၀ သို့ တစ်ရက်အတွင်း ကျပ် ၆၀၀၀ကျော် ပြန်လည်မြင့်တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီလ ၂၂ရက်နေ့တွင် ၁၄၂၃ဒေါ်လာရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင် ၁၄၁၁ဒေါ်လာ၊ ဧပြီလ ၂၄ရက်နေ့တွင် ၁၄၂၅ဒေါ်လာ၊ ဧပြီလ ၂၅ရက်နေ့တွင် ၁၄၄၅ဒေါ်လာ ရှိခဲ့ရာမှ ဧပြီလ ၂၆ရက်နေ့တွင် ၁၄၆၂ ဒေါ်လာသို့ ပြန်တက်လာခဲ့သည်။မယ်သီတာ
 

Thursday, 11 Apr 2013

မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း ကျပ်ငါးထောင်ကျော် ကျ ဆင်းသွားကြောင်း သိရသည်။ ယခင် ရက်သတ္တပတ်အတွင်းကတည်းက ကျ ဆင်းလျက်ရှိသည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်းနေ့စဉ်အတက် အကျများဖြင့် အကျဖက်သို့သာ ဦး တည်နေခဲ့ကြောင်းသိရသည်။

ရွှေဈေးကျဆင်းနေမှုကြောင့် ရွှေ ဝယ်ရောင်းသမားများ ငြိမ်နေပြီး အထည်သမားများသာ အလုပ်ဖြစ်ခဲ့ ကြကြောင်း သိရသည်။ မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့်  ကျဆင်းခဲ့ရသည်ဟုဆိုသော်လည်း ရွှေ ဝယ်လိုအားများ ကျဆင်းနေမှုကြောင့် မြန်မာ့ရွှေဈေးနှုန်းများ ကျဆင်းနေရ ခြင်းဖြစ်ကြောင်း သိရသည်။"ဒီတစ်ပတ်ထဲမှာ မြန်မာ့ရွှေဈေး က အကျဖက်ကို ဦးတည်နေတယ်။ ရွှေဈေးကျနေတော့ အထည်သမား တွေပဲ အဝယ်လိုက်နေတာ။ အရင်က ၅ ယောက်ပဲလာဝယ်ရင် အခုဆို ၁၀ ယောက်လောက် တစ်နေ့ကို ဝယ်အား ရှိတယ်။ ဈေးကျတဲ့အချိန် စပါးပေါ်၊ ပဲပေါ်တဲ့အချိန်ဆိုတော့ အထည်သမား  တွေ ပိုပြီးအလုပ်ဖြစ်တာပေါ့။ ကမ္ဘာ့ ရွှေဈေးကလည်း အကျဖက်မှာပဲရှိနေ တာ။ တက်မယ်လို့ အတက်ပြပြီးမှ ပြန် ကျတာဆိုတော့ ရွှေဝယ်ေ ရာင်းသမား တွေ ငြိမ်နေကြတာပေါ့"ဟု ရွှေဘုံသာ လမ်းအတွင်းမှ ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၁ ရက်နေ့က ကျပ် ၇၄၂၅၀၀ ရှိခဲ့ပြီး ဧပြီ လ ၃ ရက်နေ့တွင် ၇၃၇၀၀၀ သို့ ကျဆင်းခဲ့သည်။ ဧပြီလ ၅ရက်နေ့တွင် ကျပ် ၇၃၇၀၀၀ ဖြစ်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီ လ ၁ ရက်နေ့က ၁၅၉၅ ဒေါ်လာရှိခဲ့ပြီး ဧပြီလ ၄ ရက်နေ့တွင် ၁၅၄၂ ဒေါ်လာ၊ ဧပြီလ ၅ ရက်နေ့တွင် ၁၅၅၁ ဒေါ်လာ သို့ ပြန်လည်မြင့်တက်ခဲ့သည်။"တောင်ကိုရီးယားနဲ့မြောက်ကိုရီး ယားရဲ့ အခြေအနေက ကမ္ဘာ့ရွှေဈေး ကျဆင်းနေတာကို ပိုပြီးကျသွားေ အာင် ထောက်ပံ့ပေးလိုက်သလိုပဲ။ အဲဒီနှစ် နိုင်ငံရဲ့ မတည်ငြိမ်မှုက ကမ္ဘာ့စီးပွားရေး ကို အထိအခိုက်ေ တွ ဖြစ်လာနိုင်တယ်။ ဒီ မှာကလည်း သြင်္ကန်နဲ့ဆိုတော့ ရွှေ ဈေးက တက်ဖို့ဆိုတာထက် အကျဖက် ကိုပဲ သွားဖို့များနေတယ်"ဟု ၎င်းက ထပ်မံသုံးသပ်ပြခဲ့သည်။မယ်သီတာ
 

Tuesday, 9 Apr 2013

World Gold Price

April  2013 (USD/OZ)

Date
NY
Landon
Zurich

1
1596
1596
1597

2
1598
1598

1600

3
1565
1566
1566

4
1549
1550
1550

5
1548
1550
1550

 

Domestic Gold Price

Kyats(Thousand)

Date
Yangon
Mandalay

1-4-2013
742.00
741.50

2-4-2013
744.00
743.00

3-4-2013
737.00
736.20

4-4-2013
735.00
734.30

5-4-2013
735.50
734.90

 
 

Tuesday, 9 Apr 2013

မြန်မာ့ရွှေဈေးသည်  ယခုတစ်ပတ် အတွင်း ဆက်လက် ကျဆင်းလျက်ရှိ ကြောင်း သိရသည်။  ကမ္ဘာ့ရွှေဈေး သည်လည်း ကျဆင်းလျက်ရှိသဖြင့် မြန် မာ့ရွှေဈေးကျဆင်းရသည်ဟု ရွှေကုန် သည်အချို့ သုံးသပ်လျက်ရှိကြသည်။"ဒီတစ်ပတ်ထဲမှာ  ပိတ်ရက်တွေက လည်း များတယ်။ ကမ္ဘာ့ရွှေဈေးက လည်းကျနေတယ် ဆိုတော့ မြန်မာ့ရွှေ ဈေးက လည်း ကျသွားတာပေ့ါ။  ဈေး ကလည်း ကျနေတော့ ဝယ်ရောင်းလုပ် တဲ့သူတွေ ငြိမ်နေကြတဲ့အတွက် ဈေး ကွက်က လှုပ်လှုပ်ရှားရှား  သိပ်မရှိ တော့ဘူး။   ကမ္ဘာ့ရွှေဈေးကလည်း အကျဘက်ကို ဦးတည်နေတယ်။ ကျ တယ်ဆိုပေမယ့် သိပ်အကျကြီး မဟုတ် တော့ ဈေးကစားလို့မရဘူးဖြစ်နေတာ ပေါ့။ ကမ္ဘာ့ရွှေဈေးကလည်း ဒီရက်ထဲ မှာ ပြန်ကျလာ တယ်။ ဒီနေ့ဆို ၁၅၉၇ ဒေါ်လာပဲရှိတော့တယ်။  မနေ့ကဆို ၁၆၀၅ ဒေါ်လာဆိုတော့ ဈေးက ကျ သွားတာပေါ့။ အခု သြင်္ကန်လည်း နီး နေပြီဆိုတော့  တက်ဖို့  မရှိတော့ဘူး။ သြင်္ကန်ပြီးမှ အနေအထားကို စောင့် ကြည့်ရဦးမယ်' ဟု ရွှေဘုံသာလမ်း အ တွင်းမှ  ရွှေကုန်သည်တစ်ဦးက ဆို သည်။

Monday, 8 Apr 2013

ယခုတစ်ပတ်တွင်  မြန်မာ့ရွှေဈေးအနည်းငယ်  မြင့်တက်ခဲ့သော်လည်း ပြန်လည်ကျဆင်းလာခဲ့သဖြင့် ရွှေဝယ် ရောင်း သမားများ အခက်တွေ့ခဲ့ရသည်။ ပြီးခဲ့သည့်  ရက်သတ္တပတ်အတွင်းက ကျပ် ၇၃၅၀၀၀ သာ  ရှိခဲ့သော်လည်း ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ရွှေ ဈေးသည် တက်ရိပ်ပြလာခဲ့သည်။

Monday, 8 Apr 2013

အမေရိကန် အလုပ်အကိုင်ခန့်ထားမှု ပမာဏမှာ မျှော်လင့် ထားတဲ့နှုန်းထက် တိုးတက်ခဲ့ခြင်းကြောင့် စတော့ရှယ်ယာ များကိုသာ စိတ်ဝင်စားမှုများလာပြီး ရွှေကိုဝယ်ယူရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စား မှုနည်းလာရာ ကမ္ဘာ့ရွှေဈေးများ ကျဆင်းလျက်ရှိတယ်။

Tuesday, 12 Mar 2013

ယခုတစ်ပတ်အတွင်းမှာ မြန်မာ့ရွှေ ဈေးကွက်ဟာ တက်မလိုဖြစ်ပြီးမှ ပြန် လည်ကျဆင်းကာ တန်းတစ်ခုတွင် ရပ် တည်နေခြင်းကြောင့် တည်ငြိမ်နေသလို ဖြစ်နေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Pages