Background
World Gold Price
November 2013 (USD/OZ)
Date
NY
Landon
Zurich
31
1659
1659
1662
1
-
-
-
2
1678
1678
1681
3
1681
1681
1682
4
1648
1647
1652
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
31-12-2012
758.30
757.60
1-1-2013
760.00
759.60
2-1-2013
763.50
763.50
3-1-2013
767.60
766.50
နှစ်သစ်ကူးအပြီးတွင် မြန်မာ့ရွှေဈေးသည် ကျပ် ရှစ်ထောင်ကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်း လာခဲ့ရာ ကျပ် ၇၅၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း မြန်မာ့ရွှေဈေးသည် ကျပ် ၇၇၂၀၀၀အထိ အမြင့်ဆုံးဈေးနှုန်းတွင် ရှိခဲ့သော် လည်း ဒီဇင်ဘာ ၄ ရက်မှစကာ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလ ဒုတိယပတ် တွင် အမြင့်ဆုံးဈေး ကျပ် ၇၆၈၀၀၀ အထိရှိခဲ့သော်လည်း တတိယပတ်မှ စတင်ကာ ကျဆင်းခဲ့သည်။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင် ဘာ ၃၁ ရက်တွင် မြန်မာ့ရွှေဈေးသည် ၇၅၈၃၀၀ ကျပ်အထိ ကျဆင်းခဲ့ သည်။နှစ်သစ်ကူးပွဲတော်မတိုင်မီ မြန်မာ့ရွှေဈေးသည် ကျဆင်းခဲ့သော် လည်း နှစ်သစ်ကူးပွဲတော်အပြီးတွင် မြန်မာ့ရွှေဈေးသည် ပြန်လည်မြင့် တက်ခဲ့ရာ ဇန်နဝါရီ ပထမပတ်အတွင်းမှာပင် ကျပ် ရှစ်ထောင်ကျော် မြင့်တက်ခဲ့သည်။
မြန်မာ့ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးထက်ဈေးမြင့်နေလို့ ပြည်တွင်းကို ရွှေများ ပြန်ဝင်နေကြောင်း သိရပါတယ်။ မန္တလေးမြို့ရှိ ရွှေဆိုင်ကြီးတစ်ဆိုင်မှ ရွှေဆိုင်ပိုင် ရှင်က "ရွှေဈေးက ကမ္ဘာ့ဈေးနဲ့ယှဉ်ရင် ပြည်တွင်း ဈေးမြင့်တော့ နယ်စပ်က ပြန်ဝင် လာတာ။ ခုက ဈေးကျပေမယ့် ကျသင့်တဲ့ဈေးကို မရောက်သေးဘူး။ ရွှေရှားတဲ့ အခြေအနေမို့ ပုံမှန်ဈေးမှာ တန့်နေတာ။ ကမ္ဘာ့ဈေးနဲ့ယှဉ်ရင်တော့ ကျတယ် ပြောရမယ်။ ဒီနှစ်မှာလည်း ရွှေဈေးနှုန်းက ထပ်တက်နိုင်တယ်။ ရွှေရှားတဲ့ အခြေ အနေရှိတာကြောင့် ယခုဈေးထက် တက်နိုင်တယ်။ ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့မှီပြီး ပြောင်းလဲ ပေမယ့် ပြည်တွင်းထွက်နှုန်းနဲ့ ငွေဈေးနဲ့ ကွာခြားတယ်။ ပြည်တွင်းဈေးက ကမ္ဘာ့ရွှေဈေးထက် မြင့်နေရင် ပြန်ဝင်လာမှာဘဲ။ နိမ့်နေရင် ပြန်ထွက်မှာပဲ။ အများ အားဖြင့်တော့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ထွက်တာများတယ်။ ပြည်တွင်းမှာ ထွက်တဲ့ရွှေကို ပြည်တွင်းမှာပဲသုံးဖို့ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တရားဝင် အရောင်း အဝယ်လုပ်ခွင့်ပေးသင့်တယ်။ တရားမဝင်ပို့နေကြတော့ ငွေလွှဲ တာလည်း စနစ်မကျဘူး"လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ ဘဏ္ဍာရေးချောက်ကမ်းပါးကို ကျော် လွန်နိုင်ရေး ဆွေးနွေးညှိနှိုင်းရာမှာ သဘောတူညီမှုရရေး ကြိုးစားရုန်း ကန်နေရဆဲဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ရွှေကို ဝယ်လိုအား မြင့်မားနေ ဆဲဖြစ်တယ်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေးကွက်ဟာ အတက်အကျများဖြင့်သာ ရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးကွက်သည် တန်ဆောင်တိုင်ပွဲတော်ကာလ အပြီးတွင် အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် အေးစက်ခဲ့သော်လည်း ဒီဇင်ဘာလလယ်ပိုင်းတွင်မူ အတက်အကျ အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်ကို တွေ့ရ သည်။
ယခုရက်ပိုင်းအတွင်း မြန်မာ့ရွှေ ဈေးကွက်ဟာ အေးစက်နေကြောင်းသိ ရသည်။ မြန်မာ့ရွှေဈေးသည် တအိအိ ဖြင့် ပြန်လည်ကျဆင်းလာခဲ့သော် လည်း အရောင်းအဝယ်မှာ အေးစက် နေကြောင်း သိရသည်။"ဒီရက်ထဲမှာ ရွှေဈေးက တအိအိ နဲ့ကျလာတယ်ဆိုပေမယ့် ဖြတ်စဝယ်တဲ့ သူ ရောင်းတဲ့သူတွေရော ဒုံးဝယ်တဲ့သူ တွေရော အရောင်းရော အဝယ်ပါအေး နေတာ။ တရုတ်ဘက်ကလည်း အဝယ် ပါးသွားတော့ ဈေးကွက်မှာ အေးသွား တာလည်း ပါတာပေါ့"ဟု ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ သို့သော် အထည်ပိုင်းတွင်မူ အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရသည်။
World Gold Price
November 2012 (USD/OZ)
Date
NY
Landon
Zurich
26
1745
1746
1746
27
1747
1747
1749
28
1718
1719
1719
29
1717
1718
1718
30
1727
1727
1725
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
26-11-2012
780.50
780.20
27-11-2012
779.00
778.90
28-11-2012
779.30
779.20
29-11-2012
774.00
773.75
30-11-2012
776.00
775.90
မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲတော် အပြီးတွင် မြန်မာ့ရွှေဈေးသည် အနည်း ငယ် ပြန်လည်ကျဆင်းလာသည် ကို တွေ့ရသည်။တန်ဆောင်တိုင်ပွဲတော် မတိုင်မီက မြန်မာ့ရွှေဈေးသည် ကျပ် ၇၈၀၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ တန်ဆောင်တိုင် ပွဲ တော်ကာလအပြီးတွင် ကျပ် ၇၇၃၈၀၀ သို့ ပြန်လည်ကျဆင်းလာခဲ့သည်။ နိုဝင် ဘာလကုန်ရက်တွင်မူ မြန်မာ့ရွှေဈေး သည် ကျပ် ၇၇၅၈၀၀ သို့ ပြန်လည်မြင့် တက်ခဲ့သည်။ သို့သော် နိုဝင်ဘာလ အတွင်းအမြင့်ဆုံးဈေးဖြစ်သည့် ကျပ် ၇၈၀၀၀၀ အောက်သို့သာ ကျဆင်း ခဲ့သည်ကို တွေ့ရသည်။" မြန်မာ့ရွှေဈေးက အတက်အကျ အခုလိုပဲဖြစ်နေဦးမှာပဲ။ နည်းနည်းပေါ့။ သိပ်အတက်အကျကြီးဖြစ်မှာ မဟုတ်ပါ ဘူး။ ကမ္ဘာ့ရွှေဈေးကိုလိုက်ပြီး ချိန်ညှိ နေတာဆိုတော့ ကမ္ဘာမှာ ဖြစ်ပျက်နေ တဲ့ စီးပွားရေးအခြေအနေတွေကို လိုက် ပြီး ရွှေဈေးက အတက်အကျဖြစ်နေ တာ။ အခုလည်း ကမ္ဘာ့ရွှေဈေးက နေ့ စဉ်လိုလို အတက်အကျ ဖြစ်နေတာ။ ဒီမှာက ငွေလဲနှုန်းငြိမ်နေလို့သာ ရွှေဈေး က သိပ်အတက်အကျမရှိတာ။ ဒီတစ် ပတ်ထဲမှာဆိုရင် နိုဝင်ဘာလ ၂၆ ရက် က ဒီတစ်လရဲ့အမြင့်ဆုံးဈေးကို ရောက် သွားတာ။ ဒါကလည်း ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၇၄၉ ဒေါ်လာ အထိ ရောက်သွားတော့ မြန်မာ့ရွှေဈေးက လိုက်တက်တာပဲ။ ဒါပေမယ့်လည်း ခဏပဲလေ။ နောက်နှစ်ရက်ေ နတော့ ပြန်ကျသွားတာပဲ၊ အရောင်းအဝယ် ကတော့ပုံမှန်ရှိတယ်ဆိုပေမယ့် အဝယ် ထက် အရောင်းကပိုများ တယ်။ ရွှေဈေး နည်းနည်းကျတယ်ဆိုရင် ရောင်းတဲ့သူ တွေ များလာတာပဲ။ ဝယ်တဲ့သူက နည်း ပါတယ်" ဟု ရွှေကုန်သည်တစ်ဦးက ဆို သည်။ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး သည် နိုဝင်ဘာ ၂၆ ရက်က တစ် အောင်စလျှင် ၁၇၄၉ ဒေါ်လာဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၁၇၂၁ ဒေါ် လာသို့ ပြန်လည်ကျဆင်းခဲ့ကာ နိုဝင် ဘာ ၃၀ ရက်တွင် ၁၇၃၀ ဒေါ်လာသို့ အနည်းငယ် မြင့်တက်လာခဲ့သည်။မယ်သီတာ
World Gold Price
November 2012 (USD/OZ)
Date
NY
Landon
Zurich
19
1720
1723
1722
20
1730
1730
1731
21
1721
1721
1721
22
1725
1725
1729
23
1726
1727
1727
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
19-11-2012
770.50
770.20
20-11-2012
774.00
773.70
21-11-2012
772.00
771.80
22-11-2012
773.50
773.70
23-11-2012
773.50
773.50
ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ ရွှေဈေးသည် အတက်အကျများ ရှိနေ ကာ မတည်မငြိမ်ဖြစ်နေသည်ကို တွေ့ ရသည်။