Main menu

Background

Monday, 4 Oct 2010

ဂျပန် အဝယ်လိုက်လို့ ပဲတီရွှေဝါတင်ပို့မှု တန်ချိန် ၃ဝဝဝ ကျော်ရှိ       ပင်လယ်ရေကြောင်းက တင်ပို့မှုလျော့ကျနေတဲ့ ပဲတီစိမ်းဟာ ယခုတစ်ပတ်မှာ ဂျပန်နဲ့တရုတ်တိုင်ပေက အဝယ်ရှိလာလို့ တန်ချိန် ၃ဝဝဝ ကျော် တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ လတ်တလောပြည်တွင်းဈေးကွက်တွေမှာ တရုတ်က အဝယ်ပြန် အေးသွားလို့ ဈေးလျော့သွားပေမဲ့ ဂျပန်အဝယ်ရှိလာတဲ့အတွက် FOB အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်မှာတော့ ပဲတီစိမ်းအသစ်တွေ တော်တော်များများ ဝင်ရောက်နေပြီဖြစ်တာကြောင့် အိန္ဒိယ ဝယ်လက်တွေ အဝယ် နားတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်ဒေါ်လာ/တန်                      ပဲတီစိမ်း(အညာ)               ပခုက္ကူ                      ပဲတီရွှေဝါအသေး၁-၁ဝ-၁ဝ           ၈၈ဝ-၈၉ဝ                  ၁ဝဝဝ-၁ဝ၁ဝ                    ၁၁၂ဝ-၁၁၃ဝ၂၃-၉-၁ဝ           ၈၈ဝ-၈၉ဝ                   ၁ဝ၆ဝ-၁ဝ၇ဝ                   ၁၁၈ဝ-၁၂ဝဝ

Monday, 4 Oct 2010

ဈေးဆက်ကျနေတဲ့ ဟင်္သာတမတ်ပဲ     မတ်ပဲဈေးက ဟင်္သာတဈေးကွက်မှာ ဆက်ကျနေပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် မတ်ပဲဈေးမှာ ၂၅၇ဝဝ ကျပ်နဲ့ ဈေးဆက်ကျနေပါတယ်။ ယခု အပတ်တွင် ပဲရောင်းဝယ်မှုမှာ ပုံမှန်ထက်နည်းသွားပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ဖြစ်ပေါ်နေသော ပေါက်ဈေးများနဲ့ တစ်ရက်ကို ပျမ်းမျှ အိတ် ၈ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                                                                              အေးအေးခိုင်

Monday, 4 Oct 2010

တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး တစ်တန်ကန်ဒေါ်လာ ၅ဝ ခန့်လျော့ကျ      အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲထုတ်လုပ်ရာဒေသတွေက မတ်ပဲ အသစ်တွေ ဝင်ရောက်လာပြီဖြစ်လို့ ယခုတစ်လအတွင်း မတ်ပဲဈေးတစ်တန်ကို  ကန်ဒေါ်လာ ၅ဝ ဝန်းကျင် လျော့ကျလာခဲ့ပါတယ်။ ဝယ်ယူသူများက ပဲလှိုင်လှိုင် ဝင်လာရင် ဈေးထပ်မံ လျော့ကျမဲ့ မျှော်လင့်ချက်တွေနဲ့ လက်ရှိအချိန်မှာ အဝယ်နည်း တာကြောင့်လည်း ဈေးပိုမိုကျဆင်းလာတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မတ်ပဲ စိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ဟက်တာ ၂ သိန်းကျော်ပိုမို နေတာကြောင့် ပဲထွက်ရှိမှု လည်း ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ လာမဲ့ရက်များမှာလည်း ဈေးလျော့ကျနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ တစ်လအတွင်း ဈေးနှုန်းများ   နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                       ဒေါ်လာ/တန်                    မွန်ဘိုင်း                 ချန်နိုင်း၃ဝ-၉-၁ဝ          ၁ဝဝ၂                ၁ဝဝ၂-၁၂ဝ၂၃ဝ-၈-၁ဝ      ၁ဝ၄၆-၁ဝ၆၇           ၁ဝ၂၄-၁၁၆၃

Monday, 4 Oct 2010

မတ်ပဲတင်ပို့မှု အရှိန်ကောင်းနေဆဲ      ပင်လယ်ရေကြောင်းကမတ်ပဲတင်ပို့မှုဟာအပတ်စဉ်တန်ချိန် တစ်သောင်း ကျော်နဲ့ တင်ပို့မှုရှိနေသလို ယခုတစ်ပတ် စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက် အတွင်းမှာလည်း တန်ချိန် ၁၁ဝဝဝကျော်အထိ အရှိန်ကောင်း နေဆဲဖြစ်တာ တွေ့ရပါ တယ်။ ဒါပေမဲ့ လက်ရှိဈေးကွက်တွေထဲမှာ အိန္ဒိယအဝယ်ပြန်လျော့ သွားတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို ပြည်တွင်းမိုးပဲအသစ်တွေ တိုးတက်ဝင်ရောက်လာတာကြောင့် အဝယ်ပြန်လျော့သွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အခြားပါကစ္စတန်၊ မလေးရှားနဲ့ထိုင်းတို့ဘက် အဝယ် အနည်းငယ်ရှိလို့ အရောင်းအဝယ်အနည်းငယ်တော့ ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန် FOB ဈး များကို ယခင်တစ်ပတ် ယခုတစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -                                                                                                                                 ဒေါ်လာ/တန်                  မတ်ပဲ (FAQ)          (SQ)၁-၁ဝ-၁ဝ    ၉၂ဝ-၉၃ဝ             ၁ဝ၉ဝ-၁ဝဝ၂၃-၉-၁ဝ    ၉၅ဝ-၉၆ဝ             ၁၁၁ဝ-၁၁၂ဝMIRT(MAPT)

Wednesday, 29 Sep 2010

 အိန္ဒိယ  PEC က ပဲမျိုးစုံတန်ချိန် ၁၃၈ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်     အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း တင်ပို့ရမယ့် ပဲမျိုးစုံတန်ချိန် ၁၃၈ဝဝဝ တင်သွင်းဖို့ တင်ဒါ နှစ်မျိုးခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ပထမတင်ဒါမှာ ကနေဒါမှ ပဲဝါလေးတန်ချိန် တစ်သိန်း ဖြစ်ပြီး ဒုတိယတင်ဒါမှာ ပဲမျိုး စုံတန်ချိန် ၃၈ဝဝဝ ဖြစ်ပါတယ်။ ပထမ တင်ဒါတင်သွင်းသူများအနေနဲ့ ပဲဝါလေးတန်ချိန် ၅ဝဝဝဝ ကို အောက်တိုဘာနဲ့ နိုဝင်ဘာ လအတွင်း မွန်ဘိုင်းဆိပ်ကမ်းကို တင်ပို့ရမှာဖြစ်ပြီး နောက်တန်ချိန် ၅ဝဝဝဝ ကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း မွန်ဘိုင်း ဆိပ်ကမ်းကို တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။      ဒုတိယတင်ဒါအရ တင်သွင်းမယ့်ပဲများကတော့ မြန်မာပဲစင်းငုံတန်ချိန် ၂ဝဝဝ၊ တန်ဇန်းနီးယားပဲစင်းငုံတန်ချိန် ၈ဝဝဝ၊ မာလာဝီပဲစင်းငုံတန်ချိန် ၄ဝဝဝ၊ မိုဇမ်းဘစ်ပဲစင်းငုံတန်ချိန် ၄ဝဝဝ၊ မြန်မာမတ်ပဲ FAQ တန် ၄ဝဝဝ၊ မြန်မာမတ်ပဲ SQတန်ချိန် ၂ဝဝဝ၊ မြန်မာပဲတီစိမ်းပခုက္ကူတန်ချိန် ၂ဝဝဝ၊ သြစတြေးလျကုလားပဲဖြူလုံးကြီးတန်ချိန် ၄ဝဝဝ၊ ကနေဒါနဲ့ အမေရိကန်တို့က ပဲလုံးတန်ချိန် ၈ဝဝဝ စီတို့ဖြစ်ကြောင်း သိရပါတယ်။ ယင်းပဲများကို မွန်ဘိုင်း၊ ကိုလ်ကတ္တားနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမှာဖြစ်ပြီး၊ တင်ဒါတင်သွင်းရမယ့် နောက်ဆုံးရက်မှာ စက်တင်ဘာလ ၂၇ ရက်ဖြစ်ကြောင်းသိရပါတယ်။ယမင်းခင်၊ Source: commodityonline 

Wednesday, 29 Sep 2010

 နိုက်ဂျီးရီးယားသို့ ဆန်တန်ချိန် တစ်သန်းရောင်းချရန် ထိုင်းမျှော်မှန်း       ထိုင်းအစိုးရက မကြာသေးခင်က သိုလှောင်ထားတဲ့ ဆန်များမှ ဆန်တန်ချိန် တစ်သန်းကို ပြည်တွင်းကို ရောင်းချ ပေးခဲ့ ပါတယ်။ ပြည်တွင်း ဈေးနှုန်း တည်ငြိမ်စေဖို့နဲ့ သိုလှောင်ထားတဲ့ ဆန်တွေကို ရှင်းလင်းဖို့ ရည်ရွယ်ကြောင်း၊ ကောက်သစ်များ ပေါ်တော့မှာ ဖြစ်ရာ ထိုင်းအစိုးရအနေနဲ့ သိုလှောင်ထားတဲ့ ဆန်တွေကို အမြန်ရောင်း ရမှာဖြစ်ကြောင်း၊ နိုက်ဂျီးရီးယားနဲ့ ဆီနီဂေါကို စက်တင်ဘာလ ၂၆ နဲ့ အောက်တိုဘာလ ၄ ရက်အကြားသွားမဲ့ ထိုင်းစီးပွားရေး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဆန်တန်ချိန် တစ်သန်းထပ်မံ ရောင်းချနိုင်မယ် မျှော်လင့်ကြောင်း သိရပါတယ်။               ပပ၊Source:The Nation.com

Wednesday, 29 Sep 2010

 ထိုင်းဘတ်ငွေခိုင်မာနေခြင်းက ထိုင်းဆန်ဈေးကို မြင့်တက်စေတာကြောင့်အာရှဆန်ဈေးနှုန်းလည်း ပြောင်းလဲလာနိုင်        ထိုင်းဘတ်ငွေ တန်ဖိုးခိုင်မာနေခြင်းနဲ့ ထိုင်းဆန်အရောင်းက အကန့်အသတ်သာရှိခြင်းတို့အပြင် ပြည်ပအဝယ်ကပုံမှန် ရှိနေခြင်းတို့ကြောင့် ယခုတစ်ပတ်အတွင်း အာရှဆန်ဈေးနှုန်း အနည်းငယ်ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။ ထိုင်း၁ဝဝ မှတ် ဆန်ဖြူအဆင့် ြ ဆန်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၄၉ဝ နဲ့ ငြိမ်နေရာမှ ဘတ်ငွေတန်ဖိုး ခိုင်မာနေတဲ့အတွက်လာမယ့် သီတင်းပတ်အနည်းငယ်မှာ ဆန်ဈေးနှုန်း မြင့်တက်လိမ့်အုံးမယ်လို့ ဆန်တင်ပို့သူများက ဆိုပါတယ်။       ထိုင်းဘတ်ငွေတန်ဖိုးဟာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ယခုနှစ်အတွင်း ၉ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့လို့ ၁၃နှစ် အတွင်း အမြင့်ဆုံးပမာဏကို ရောက်ရှိလာတယ်လို့ဆိုပါတယ်။ ဘတ်ငွေခိုင်မာနေခြင်း ကဆန်တင်ပို့သူများ အတွက်ငွေကြေးလဲလှယ်ရာမှ ဆုံးရှုံးမှု သက်သာစေဖို့ ဆန်တင်ပို့ဈေး ဒေါ်လာကိုတိုးမြင့်ဖို့ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။ ထိုင်းဆန်ကို ပုံမှန်ဝယ်ယူနေကြတဲ့ ဟောင်ကောင်၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့က ဈေးကွက်အတွင်းမှာ ဆန်အဝယ်ရှိနေဆဲ ဖြစ်ခြင်းကလည်း ဆန်ဈေးနှုန်း ခိုင်မာစေဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။          ဒါ့အပြင် အင်ဒိုနီးရှားနဲ့ နိုက်ဂျီးရီးယားနဲ့ ဆန်ဝယ်ယူလိုတဲ့ အခြေအနေတွေကလည်း ဈေးနှုန်းကိုပိုမို အားကောင်းစေပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ ဆန်ဝယ်ယူရေးအဖွဲ့ Bulog ဟာ ထိုင်းဆန်တန်ချိန် ၃ သိန်းအထိ ဝယ်ယူဖို့ဆွေးနွေးလျက်ရှိပြီး နိုက်ဂျီးရီးယားကလည်း ဆန်တန်ချိန် တစ်သန်းဝယ်ယူဖို့ စိုင်းပြင်းလျက်ရှိနေပါတယ်။ ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့တဲ့ ထိုင်းနိုင်ငံဟာ ယခုနှစ် ဒီအချိန်ထိ ဆန်တန်ချိန် ၅ ဒသမ ၈ သန်းသာရောင်းချထားလို့ ယခင်နှစ် ကာလတူ ရောင်းချတဲ့ ဆန်တန်ချိန် ၆ ဒသမ ၃ သန်းထက် ၈ ရာခိုင်နှုန်းကျဆင်းနေပါတယ်။        ဒုတိယအများဆုံးဆန်တင်ပို့တဲ့ ဗီယက်နမ်နိုင်ငံ ဆန်ဈေးကတော့ ပြည်ပအဝယ်ပါးနေတာကြောင့် အနည်းငယ်ကျဆင်း နေပေမဲ့ ဆန်အရောင်းကလည်း အကန့်အသတ်သာရှိနေလို့ ဈေးတိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မဲခေါင်ဒေသမှာ ဒုတိယ သီးထပ်စပါးရိတ်သိမ်းပြီးတဲ့နောက် ဗီယက်နမ်မှာ ဆန်လက်ကျန် လျော့နည်းလာခြင်းနဲ့    ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့က ဆန်စဝယ်တော့မယ့် သတင်းများက လက်ရှိအချိန်ထိ ဆန်ဈေးနှုန်းကို မြှင့်တင်ပေးခြင်း မရှိသေးဘူးလို့ ကုန်သည်တစ်ဦးကဆိုပါတယ်။       ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝ၁၁ ခုနှစ်အတွက် ဆန်တင်သွင်းမှုကို နိုဝင်ဘာလမှစပြီး အနည်းငယ်တင်သွင်းဖို့ စီစဉ်နေပြီးအင်ဒိုနီးရှားနိုင်ငံကလည်း ယခုနှစ် ဒါမှမဟုတ် နောက်နှစ်မှာ ဆန်အမြောက်အမြားသိုလှောင်ဖို့ တင်သွင်းမယ်လို့ ဆိုပါတယ်။ဗီယက်နမ် ၅ မှတ်ဆန်ဈေးဟာ ယခင်သီတင်းပတ်က တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝ ရှိရာမှ ယခုအခါ ကန်ဒေါ်လာ၄၅ဝ-၄၇၅ ရှိပြီး ၂၅ မှတ်ဆန်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၄၂ဝ-၄၃၅ မှ ၄၃၅ ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။လမင်း၊ှSources: Reuters 

Wednesday, 29 Sep 2010

 ယူအေအီးက ဆန်တင်သွင်းမှုပြောင်းလဲလာမယ်ဆိုရင် ပါကစ္စတန်အကျိုးရှိနိုင်       ယူအေအီးနိုင်ငံက အိန္ဒိယဆန်တင်သွင်းမှုကို လျှော့ချလာမယ်ဆိုရင် ပါကစ္စတန်က ယူအေအီးကို ဆန်တင်ပို့ရမယ့်အခွင့်အလမ်းရရှိလာနိုင်တယ်လို့ ဆန်တင်ပို့သူတစ်ဦးကဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ ယှဉ်ပြိုင်ရမှုကတော့ စိန်ခေါ်နေအုံးမှာပါလို့ ၎င်းကဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂ဝဝ၈ ခုနှစ်မှာ ဘာစမာတီမဟုတ်တဲ့ဆန်တင်ပို့မှုကို ပိတ်ပင်ခဲ့ခြင်းဟာ ယူအေအီးအတွက် အိန္ဒိယအပြင် အခြားနိုင်ငံတွေက ဆန်တင်သွင်းဖို့ဖြစ်လာခဲ့တယ်လို့ ကရာချိဆန်တင်ပို့သူ ှ့Shams U1 Islamကပြောကြားပါတယ်။      ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနမှ အစိုးရကို အကြံပြုတာကတော့ အိန္ဒိယနိုင်ငံက ဆန်ဈေးကွက်ဝေစုအမြောက်အမြားကို ရယူထားပေမဲ့ ဆန်ရောင်းချမှု ကျဆင်းလာပြီဖြစ်လို့ အိန္ဒိယနိုင်ငံက ဆန်တင်သွင်းမှုကို ရှောင်ရှားသင့်တယ်လို့ဆိုပါတယ်။ယခင်နှစ်က ယူအေအီးဟာ အိန္ဒိယဆန်ကို ၇၂ ရာခိုင်နှုန်း၊ ပါကစ္စတန်ဆန်ကို ၂၁ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံက၆ ရာခိုင်နှုန်း တင်သွင်းခဲ့ကြောင်း၊ အိန္ဒိယအပေါ် မှီခိုအားထားမှုကို ရှောင်ရှားဖို့နဲ့ ထိုင်းနိုင်ငံက တိုးတက်ဝယ်ယူဖို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိယူအေအီးမှာ ထိုင်းစံပယ်ဆန်မွှေးက ထင်ရှား၊ လူသိများလာလို့ ပါကစ္စတန် တင်ပို့သူများအနေနဲ့ထိုးဖောက်ဖို့ ခက်နေသေးတယ်လို့ဆိုပါတယ်။     ပါကစ္စတန်နိုင်ငံဟာ ယခင်နှစ်က ဆန်တန်ချိန် ၄ ဒသမ ၆ သန်းတင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပြီး၊ ယခုနှစ်မှာလည်း တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။လဝန်း၊ှSource: riceonline

Monday, 27 Sep 2010

ယခုအပတ် ဒီဇယ်ဆီတင်သွင်းမှုပို           စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှဓာတ်ဆီ ၈၈ဝ၄၅ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၅၉ သန်း၊ဒီဇယ်ဆီ ၁၂၁၅၂၄ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၈၇ သန်းဖိုးနဲ့ သဘာဝဓာတ်ငွေ့ရည် ၁၂ဝ၆ဝ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ၅၆၅၃ ဒေါ်လာဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကို ကော့သောင်းမှ ၂၂၅ဝဝ ဂါလန်၊ တာချီလိတ်မှ၆၅၅၄၅ ဂါလန် တင်သွင်းခဲ့ပြီး၊ သဘာဝဓာတ်ငွေ့ရည် ၁၂ဝ၆ဝ ကီလိုဂရမ်လည်းတင်သွင်းခဲ့ပါတယ်။        ကန်ပိုက်တီးကလည်း ဓာတ်ဆီ ၁၄၄၃ ဂါလန်နဲ့ တာချီလိတ်က ဓာတ်ဆီ၁၂ဝဝ၈ဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန်၃ဝ၁ဝဝဝ နီးပါး လျော့နည်းတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီကိုမူ ၉၄၂၇ ဂါလန်ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။        တာချီလိတ်နယ်စပ်မှ သဘာဝဓာတ်ငွေ့ရည်ကို ယခင်အပတ်က တင်သွင်းနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ယခုအပတ်မှာ ၁၂ဝ၆ဝ ကီလိုဂရမ် တင်သွင်းနိုင်ခဲ့ပါတယ်။တာချီလိတ်နယ်စပ်ရှိ တစ်ဖက်နိုင်ငံပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်-ဒီဇယ်ဆီ                             ၃ .၇၆ ဒေါ်လာဓာတ်ဆီ                             ၁ .၈၅ ဒေါ်လာသဘာဝဓာတ်ငွေ့ရည်             ဝ .၄၇ ဒေါ်လာMIRT (DOBT)

Monday, 27 Sep 2010

 အစိုးရရဲ့ ထောက်ပံ့ဈေးနှုန်းမြင့်တက်ခြင်းက အိန္ဒိယလယ်သမားများအတွက် ပဲမျိုးစုံစိုက်ဧကကို တိုးခဲျ့စေနိုင်ခဲ့     အိန္ဒိယအစိုးရရဲ့ ပဲမျိုးစုံဝယ်ယူတဲ့ဈေးနှုန်းမြှင့်တင်ဖို့ ကြေညာခဲ့ခြင်းက ယခုမိုးရာသီ ပဲမျိုးစုံစိုက်ပျိုးမှုတိုးခဲျ့ဖို့ လယ်သမားများကို တွန်းအားဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်များကတော့ ပြည်တွင်းရောင်းချနိုင်မှု တိုးတက်လာခြင်းနဲ့လိုအပ်ချက်အကြားကွာဟမှုကို ဖြည့်ဆည်းနိုင်ဖို့ကိုတော့ သံသယဖြစ်နေတယ်လို့သိရပါတယ်။ နှစ်စဉ်ရူပီးသန်းပေါင်းများစွာသုံးစွဲ နေရတဲ့ ပဲတင်သွင်းမှုဟာ ကာလတိုအတွင်းမှာတော့ လျော့ကျလိမ့်မယ်လို့ ဆိုပါတယ်။        ယခုနှစ် ပဲစိုက်ပျိုးမှုဟာ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၇ ဒသမ ၃၃ သိန်းပိုမိုခဲ့ပါတယ်။ စားနပ် ရိက္ခာဈေးနှုန်း ဖောင်းပွမှု ကြာရှည်နေတဲ့အိန္ဒိယဟာ လယ်သမားတွေပဲပိုမိုစိုက်ပျိုးဖို့ ထောက်ပံ့ဈေးနှုန်းကို တစ်တန်ရူပီး ၃၈ဝဝ နဲ့၇ဝဝဝ (ကန်ဒေါ်လာ ၈၄ - ၁၅၅) အတွင်း ၃၃ ရာခိုင်နှုန်း မြင့်တင်ခဲ့တယ်လို့သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ပဲစင်းငုံအတွက်အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း  (MSP)  ကို တစ်တန်ရူပီး ၂၈ဝဝဝ မှ ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၁၈-၆၆၄) ကို စိုက်ပျိုးရေးဆိုင်ရာကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင်က သတ်မှတ်ခဲ့ပါတယ်။             တောင်သူတွေကို မက်လုံးပေးမှု သိသိသာသာမြင့်တက်လာတာကြောင့်လည်း စက်တင်ဘာလ ၉ ရက်နေ့ စုစုပေါင်း ပဲစိုက်ဧရိယာ ၁၁ဝ ဒသမ ဝ၈ သိန်းထိရှိခဲ့ရာ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၉ဝ ဒသမ ၅၇ သိန်းထက် ပိုမိုခဲ့တာ ဖြစ်ပါတယ်။          ဒါပေမဲ့ ဒီလိုစိုက်ဧရိယာတိုးတက်ခြင်းဟာ စိုက်ပျိုးမြေအသစ်ကို တိုးခဲျ့လာတာမဟုတ်ဘဲ အခြားသီးနံှ အမျိုးအစားကနေပဲကိုပြောင်းလဲ စိုက်ပိုျးလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဒုတိယအရေးပါတဲ့ ပဲ ၉မိုျးရဲ့စိုက်ပျိုးမှုဟာ ၂ဝဝ၈-၂ဝဝ၉ မှာ ဟက်တာ၃၆၁၈၅ ရှိရာမှ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တစ်တန်ကို ရူပီး ၂၇၆ဝဝ (ကန်ဒေါ်လာ ၆ဝ၉ )ကိုရူပီး ၂၄ဝဝ (ကန်ဒေါ်လာ၅၃)တိုးမြင့်ပေးခဲ့တဲ့အတွက် ၂ဝဝ၉-၂ဝ၁ဝမှာ ဟက်တာ ၃၈၇၅ဝ တိုးတက်ခဲ့ တယ်လို့ သိရပါတယ်။ရေရှည်ဖြေရှင်းရမယ့်အနေနဲ့ စိုက်ပျိုးရေးထုတ်ကုန် တိုးမြင့်ခြင်းအားဖြင့် စားနပ် ရိက္ခာ ဖူလုံမှုပြဿနာနဲ့ ငွေကြေးဖောင်းပွမှုမရှိဘဲ လယ်သမားများရဲ့ဝင်ငွေပိုမိုမြင့်မားလာစေဖို့ ဖြစ်တယ် လို့ဆိုပါတယ်။ယမင်းရွှေစင်၊ှSource: Economictimes

Pages