Background
အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အတွင်း အိန္ဒိယ ပဲစင်းငုံဈေး လျော့ကျနှုန်းနည်းလာ အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ပဲစင်းငုံဈေးနှုန်းဟာ အောက်တိုဘာ လဆန်းနဲ့ နိုဝင်ဘာလဆန်းအတွင်း ကွာခြားမှု တစ်တန်ကိုကန်ဒေါ်လာ ၁ဝဝ ကျော် ၂ဝဝ နီးပါးထိရှိခဲ့ပေမဲ့ ကာလတူလလယ် ကွာခြားမှုနှုန်းမှာ ကန်ဒေါ်လာ ၅ဝ ကို လျော့ကျလာပါတယ်။ ယခုနောက်ပိုင်းဈေးနှုန်းလျော့ကျပေမဲ့ တစ်ပတ်နဲ့ တစ်ပတ် လျော့ကျနှုန်း မများဘဲ တည်ငြိမ်သလောက်ရှိလာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း အဝယ်တက်လာတာကြောင့်လည်း ဈေးဆက်မကျဘဲ ငြိမ်နေတာဖြစ်ပါတယ်။ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း၁၁-၁၁-၁ဝ ၇၁၂ ၇ဝဝ-၇၂ဝ၁၁-၁ဝ-၁ဝ ၇၇၃ ၈၁ဝ MIRT(MAPT)
အိန္ဒိယပဲမျိုးစုံအထွက် တန်ချိန် ၁၉သန်းထိ ရှိနိုင် အိန္ဒိယနိုင်ငံရဲ့ ယခုနှစ် ပဲမျိုးစုံထွက်ရှိမှုဟာ မုတ်သုံမိုးကောင်း ခဲ့တာ ကြောင့် ရည်မှန်းပမာဏထက် ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုရာသီအတွင်း ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၅ သန်းထုတ်လုပ်ဖို့ ရည်မှန်း ထားပေမဲ့ တန်ချိန် ၁၉ ဒသမ ဝ၈ သန်းခန့် ထိ ထွက်ရှိနိုင်တယ်လို့ အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ ပြည်နယ်များမှ အစီရင်ခံတင်ပြထားတယ်လို့ အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ပီကေဘာဆူက ပြောကြားပါတယ်။ ပဲအထွက် မျှော်မှန်းထားတာထက် ပိုမိုခြင်းက ပဲတင်သွင်းမှုကို လျော့ကျ စေပြီး ငွေကြေးဖောင်းပွမှုကိုလည်း သက်သာစေနိုင်လိမ့်မယ်လို့ ဆက်လက် ပြောကြားပါတယ်။ အစိုးရက ပဲမျိုးစုံရဲ့ပြည်နယ်သတ်မှတ်ဈေးနှုန်း ကို ၂ဝ ရာခိုင်နှုန်း တိုးမြှင့်ပေးလိုက်ခြင်းနဲ့ မျိုးစေ့နဲ့ ဓါတ်မြေသြဇာထောက်ပံ့မှု တိုးမြှင့် ပေးလိုက်တာကြောင့် လယ်သမားတွေ ပိုမိုစိုက်ပျိုးလာကြတဲ့အတွက် ဇွန်လ အထိ တစ်နှစ်ပတ်လုံး ထွက်ရှိမှုကို နှစ်စဉ်ရည်မှန်းပမာဏထက် တန်ချိန် ၅ သိန်းကျော်လွန်မယ်လို့ ၎င်းတို့အနေနဲ့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါ တယ်။ အိန္ဒိယမိုးပဲအထွက်ဟာ ယခုနှစ်မှာ တန်ချိန် ၆ သန်းကို ၃၉ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးဖြစ်သလို ဆောင်းပဲအထွက်ကိုလည်း တန်ချိန် ၁၁ သန်း ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဆောင်းစိုက်ပဲတွေထဲမှာ ကုလားပဲ ဖြူလုံးကြီးဟာ အဓိကပဲ ဖြစ်ပါတယ်။ မိုးပဲကို အောက်တိုဘာမှာ ရိတ်သိမ်းပြီး ဆောင်းပဲကိုတော့ ဧပြီလမှာ အပြီးရိတ်သိမ်းပါတယ်။ ယမင်းခင်၊
အောက်တိုဘာလဆန်း နဲ့ နိုဝင်ဘာလဆန်းအတွင်း အိန္ဒိယပဲတီစိမ်းဈေးကွာခြားမှုနည်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေဝင်ရောက်လာလို့ တစ်လအတွင်း ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိခဲ့ပေမဲ့ ကာလတူဈေးနှုန်းကတော့ ကွာခြားမှုမရှိသလောက်ဖြစ်တာတွေ့ရပါတယ်။ ပဲအထွက်မြင့်တက် မယ်လို့ ခန့်မှန်းကြပေမဲ့ လတ်တလောမှာတော့ ဈေးကွက်တွေကို ပဲဝင်ရောက်မှု နှေးကွေးလာတယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာ ပဲတီစိမ်းဈေး ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အောက်တိုဘာလဆန်းနဲ့ နိုဝင်ဘာလဆန်းအတွင်း ချန်နိုင်းမှာ ဖြစ်ခဲ့တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၃-၁၁-၁ဝ ၁ဝ၁၄ ၉၈ဝ-၁ဝဝဝ၄-၁ဝ-၁ဝ ၁ဝဝ၇ ၉၈ဝ MIRT(MAPT)
အရည်အသွေးကောင်း အဝယ်ရှိလို့ တစ်လအတွင်း အိန္ဒိယပဲတီစိမ်းဈေးမာနေ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ပုံမှန်အဝင်ရှိနေပေမဲ့ အရည်အသွေးကောင်း ပဲတီစိမ်းကို အဝယ်ရှိနေတာကြောင့် ပဲတီစိမ်းဈေးမကျဘဲ ဈေးမာနေတာတွေ့ရပါတယ်။ ယခင်လပိုင်းက တရုတ်နဲ့ တန်ဇန်းနီးယား ပဲတီစိမ်း များ တင်သွင်းရောင်းချခဲ့ပေမဲ့ ပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ လှိုင်လှိုင်ဝင်လာပြီဖြစ်လို့ တင်သွင်း ပဲအရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလ ကာလတူဈေးနှုန်း နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ချန်နိုင်းဈေးကွက် ချန်နိုင်း(C & F) ရူပီး ဒေါ်လာ ဒေါ်လာ၂၁-၁ဝ-၁ဝ ၄၇ဝဝဝ ၁ဝ၆ဝ -၂၁-၉-၁ဝ ၄၄ဝဝဝ ၉၆၂ ၁၄ဝဝMIRT (MAPT)
အိန္ဒိယဝယ်လက် အဝယ်နှေးပေမဲ့ တန် ၂၅ဝဝ ကျော် တင်ပို့မှုရှိဆဲ ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်တစ်ပတ်ကလိုဘဲ တန်ချိန် ၂၅ဝဝ ကျော် တင်ပို့မှုရှိ နေသေးတာတွေ့ရပါတယ်။ အိန္ဒိယ ဝယ်လက်အဝယ်နှေးပေမဲ့ ပါကစ္စတန်၊ စင်ကာပူ ဝယ်လက်တွေ အဝယ်ရှိနေတာကြောင့် တင်ပို့မှုရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်မှုနည်းပေမဲ့ မန္တလေးတိုင်းဒေသကြီး၊ မုံရွာနယ်ဈေးကွက်များမှာ တရုတ်ဝယ်လက်များ အဝယ်ရှိနေတာကြောင့် ဈေးအနည်းငယ်မြင့်တက် လာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲတီစိမ်း(အညာ) ပခုက္ကူ ပဲတီရွှေဝါအသေး၂၂-၁ဝ-၁ဝ ၉၃ဝ-၉၄ဝ ၉၇ဝ-၉၈ဝ ၁၂ဝဝ-၁၂၂ဝ၁၄-၁ဝ-၁ဝ ၈၈ဝ-၈၉ဝ ၉၇ဝ-၉၈ဝ ၁၁၅ဝ-၁၁၈ဝMIRT (MAPT)
ဆောင်းပဲမျိုးစုံနဲ့ ဂံျုအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို အိန္ဒိယတိုးမြှင့် အိန္ဒိယအစိုးရဟာ လာမယ့်နှစ်ဧပြီလမှာ ဈေးကွက်ထဲဝင်ရောက်မယ့် လက်ရှိစတင်စိုက်ပျိုးတဲ့ ဆောင်းသီးနံှများ ပဲမျိုးစုံဂံျုနဲ့ ဆီထွက်သီးနံှများရဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) များကို တိုးမြှင့်သွားမယ်လို့ သိရပါတယ်။ ဂံျုအထွက် MSP ကို တစ်တန် ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၉)သာ တိုးမြှင့်ပေးပေမဲ့ ကုလားပဲနဲ့ ပဲနီလေးအတွက် MSP ကို ယခင်နှစ်ထက် တစ်တန်ကို ရူပီး ၃၄ဝဝ (ကန်ဒေါ်လာ ၇၆ ဒသမ ၃၅) နဲ့ ရူပီး ၃၈ဝဝ (ကန်ဒေါ်လာ ၈၅ ဒသမ ၃၂) စီတိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ အစိုးရမှ ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွက် ပဲမျိုးစုံထုတ်လုပ်မှုကို တန်ချိန် ၁၆ ဒသမ ၅ သန်း ရည်မှန်းထားတဲ့အနက် ကုလားပဲကို တန်ချိန် ၇ ဒသမ ၅၈ သန်းထွက်ရှိဖို့ ရည်မှန်းထားတာကြောင့် ကုလားပဲ ပိုမိုစိုက်ပျိုးစေဖို့ ရည်ရွယ်လို့ ယခုလို ဈေးနှုန်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခင်နှစ်က ကုလားပဲတန်ချိန် ၇ ဒသမ ၃၅ သန်းအထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဆီထွက်သီးနံှများအနက် မုန်ညှင်းစေ့ တစ်တန်ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၉) သာ တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆောင်းသီးနံှများ အတွက် တိုးမြှင့်ပေးတဲ့ နှစ်အလိုက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းများကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ဂျုံ ကုလားပဲ ပဲနီလေး မုန်ညှင်းစေ့ နေကြာစေ့ ဘာလီ ၂၀၀၀-၀၁ ၁၃၈ ၂၄၈ ၂၇၁ ၂၇၁ ၂၇၁ ၁၁၃၂ဝဝ၄-ဝ၅ ၁၄၄ ၃၂၂ ၃၄၄ ၃၈၄ ၃၅ဝ ၁၂၂၂ဝဝ၅-ဝ၆ ၁၅၈ ၃၂၄ ၃၄၆ ၃၈၇ ၃၅၃ ၁၂၄၂ဝဝ၆-ဝ၇ ၁၉၂ ၃၂၆ ၃၄၉ ၃၈၇ ၃၅၃ ၁၂၇၂ဝဝ၇-ဝ၈ ၂၂၆ ၃၆၁ ၃၈၄ ၄ဝ၆ ၃၇၂ ၁၄၇၂ဝဝ၈-ဝ၉ ၂၄၄ ၃၉ဝ ၄၂၂ ၄၁၃ ၃၇၂ ၁၅၃၂ဝဝ၉-၁ဝ ၂၄၈ ၃၉၇ ၄၂၂ ၄၁၃ ၃၇၉ ၁၆၉၂ဝ၁ဝ-၁၁ ၁၅၃ ၄၇၄ ၅ဝ၈ ၄၁၇ ၄ဝ၆ ၁၇၆
်အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း တစ်တန်ကန်ဒေါ်လာ ၁၅ဝ ခန့်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ဝင်ရောက်လာပြီ ဖြစ်တာရယ် ပြုပြင်ပြီး မတ်ပဲတွေကို အဝယ်နည်းတာရယ်ကြောင့် စက်တင်ဘာလ ၂၁ ရက်နဲ့ အောက်တိုဘာလ ၂၁ ရက်အတွင်း တစ်တန်ကို ကနု်ဒေါ်လာ ၁၅ဝ ကျော်ခန့်လျော့ကျလာခဲ့ပါတယ်။ လက်ရှိမိုးပဲအထွက်မြင့်တက်မယ့် ခန့်မှန်းချက် များအရ ပဲဈေးဆက်လက်ကျဆင်းမယ့် အရိပ်အရောင်ကြောင့် လတ်တလော အရောင်းအဝယ် ဈေးအေးနေတယ်လို့ သိရပါတယ်။ တစ်လအတွင်း ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း(C & F)၂၁-၁ဝ-၁ဝ ၉၂၄ ၁ဝဝဝ-၁ဝ၁ဝ၂၁-၉-၁ဝ ၁ဝ၉၃-၁၁၁၅ ၁ဝ၉၅MIRT(MAPT)
ပြည်ပဝယ်လက် လိုသလောက်သာအဝယ်ရှိလို့ တန် ၈၅ဝဝ ခန့်တင် လတ်တလောပြည်တွင်းဈေးကွက်တွေမှာ ပြည်ပဝယ်လက်များ လိုအပ် သလောက်သာအဝယ်ရှိနေလို့ ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်)အတွင်းမှာလည်း တန် ၈၅ဝဝ ခန့်သာ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ အဝယ် နည်းတာကြောင့် ရန်ကုန် FOB ဈေးလည်း လျော့ကျလာတာ တွေ့ရပါတယ်။ လက်ရှိ ပြည်တွင်းငွေလဲလှယ်နှုန်း ကျဆင်းနေတာကြောင့် ပဲတင်ပို့သူများ တွက်ချေ ကိုက်မှုမရှိလို့ ပဲတင်ပို့မှု လျော့ကျနိုင်တယ်လို့ ကုန်သည်တချို့က ဆိုပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) (SQ) ၂၂-၁ဝ-၁ဝ ၉၄ဝ-၉၅ဝ ၁၁၁ဝ-၁၁၂ဝ၁၄-၁ဝ-၁ဝ ၉၅ဝ-၉၆ဝ ၁၁၂ဝ-၁၁၃ဝ MIRT(MAPT)
အိန္ဒိယပဲစင်းငုံ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ခန့်ကျဆင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မိုးပဲအသစ်တွေ ဝင်ရောက်လာနေပြီ ဖြစ်တာရယ်၊ အထွက်မြင့်တက်မယ့် မျှော်မှန်းချက်တွေရယ်အပြင် ပဲစင်းငုံကို အဝယ်နည်းတာတွေရယ်ကြောင့် စက်တင်ဘာလ ၂၁ ရက်မှ အောက်တိုဘာလ ၂၁ ရက်အတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ခန့်ကျဆင်းလာတာတွေ့ရပါတယ်။ ပဲစင်းငုံအများဆုံးစိုက်ပျိုးတဲ့ ကာနာတာကာမှာ ရာသီဥတုကောင်းမွန်နေခြင်းက လည်း ပဲစင်းငုံအပင်များ တိုးတက်နေတာကြောင့် အထွက်နှုန်းတိုးတက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပဲစင်းငုံအသစ်ဈေးကွက်တွေထဲ ဝင်ရောက်လာခြင်းမရှိမီ တန်ဇန်းနီးယားက တင်သွင်းပဲများ ဝင်ရောက်လာတာကြောင့် ရောင်းအားများနေ တာမို့ ကာလတိုအတွင်းလည်း ဈေးနှုန်းလျော့ကျအုံးမယ်လို့ ခန့်မှန်းကြပါတယ်။ ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း (C & F)၂၁-၁ဝ-၁ဝ ၆၈၂-၆၈၈ ၈ဝဝ၂၁-၉-၁ဝ ၇၈၇ ၈၂ဝMIRT(MAPT)
ပြည်ပအဝယ်အနည်းငယ်ရှိလို့ တန် ၂ဝဝဝ ကျော်တင်ပို့မှုရှိ ပင်လယ်ရေကြောင်းက ယခင်တစ်ပတ်မှာ တန်ချိန် ၁၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပေမဲ့ ပြည်ပဝယ်လက်များရဲ့ FOB အဝယ်အနည်းငယ်ရှိလို့ ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်) အတွင်းမှာ တန်ချိန် ၂၁ဝဝ ကျော်တင်ပို့မှု ရှိတာတွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းပေမဲ့ အရောင်းအဝယ် ထိုင်းတာကြောင့် မြန်မာနိုင်ငံက ပဲစင်းငုံများအဝယ်လျော့ သွား ခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ/ အဖြူ၂၂-၁ဝ-၁ဝ ၇၃ဝ-၇၄ဝ ၆၃ဝ-၆၄ဝ၁၄-၁ဝ-၁ဝ ၇၆ဝ-၇၇ဝ ၆၅ဝ-၆၆ဝ MIRT(MAPT)