Main menu

Background

Monday, 27 Sep 2010

လက်ပြောင်းတဲ့ မုံရွာပဲစင်းငုံ        မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်အနေနဲ့ မန္တလေး၊ ရန်ကုန်ဝယ်လက်အနည်းငယ်ရှိနေပြီး ကုန်သည်အချင်းချင်း လက်ပြောင်းနေကြတဲ့အတွက်စက်တင်ဘာလ တတိယပတ်မှာ အရောင်းအဝယ် အသင့်အတင့်သွက်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးအနေနဲ့ တစ်တင်း ၂ဝ၅ဝဝ ကျပ်ထိအမြင့်ဆုံး ဖြစ်ခဲ့ပြီး တစ်တင်း ၁၉၅ဝဝ ကျပ်ထိ အနိမ့်ဆုံးကျဆင်းခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှာ တစ်တင်း ၁၉၈ဝဝ ကျပ်နဲ့ တစ်ရက်တည်းတင်း ၂ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်ကနေ မန္တလေးကို တင်း ၁၅ဝဝခန့်နဲ့ ရန်ကုန်ကို တင်း ၂ဝဝဝ နီးပါး တင်ပို့ခဲ့ကြောင်း သိရပါတယ်။                                                     ထွန်းလှိုင်

Monday, 27 Sep 2010

အိန္ဒိယပဲစင်းငုံလက်ကျန်များတယ်ဆိုပေမဲ့ တစ်လအတွင်းဈေးသိသိသာသာမကျ      အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယမန်နှစ်က ပဲ အထွက်မြင့်တက်လို့ လက်ကျန် အလုံအလောက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပေမဲ့ တစ်လအတွင်း ဈေးနှုန်းကတော့ သိသိသာသာ ပြောင်းလဲကျဆင်း မှုမရှိတာတွေ့ရပါတယ်။ ယခုရက်ပိုင်းအတွင်း ပဲစင်းငုံအဝယ်ရှိနေတာကြောင့် ဈေးခိုင်မာနေတာတွေ့ရပါတယ်။ ဒါပေမဲ့ ယခုနှစ် ပဲစင်းငုံစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် ဟက်တာ တစ်သန်းကျော်ပိုမိုနေတဲ့ အပြင် လက်ရှိမိုးကောင်းကောင်းရွာသွန်း နေခြင်းကသီးနံှများဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေတာမို့ ပဲစင်းငုံဈေးက လာမယ့်ရက်တွေမှာ အကျဘက်ကို ဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တစ်လအတွင်း ဖြစ်ပေါ်တဲ့ ပဲစင်းငုံဈေးနှုန်းကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                             ဒေါ်လာ/တန်                    မွန်ဘိုင်း                 ချန်နိုင်း၂၃-၉-၁ဝ    ၇၆၈-၇၈၄                    ၇၆၈၁၇-၉-၁ဝ        ၇၆၇                       ၇၆၂MIRT(MAPT)

Wednesday, 22 Sep 2010

 နို့ဆီနဲ့ နို့စိမ်း ပုံမှန်ဝင်နို့မှုန့်အဝင်လျော     ပင်လယ်ရေကြောင်းကနေ စက်တင်ဘာလ ဒုတိယပတ်အတွင်း နို့ဆီတန်ချိန် ၆၈၅ ဒသမ ၅၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ၆၆၇၇၅၂ ဒေါ်လာနဲ့ နို့စိမ်း ၆၃ဝဒသမ ၄၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၂၃၈၉၅ ဒေါ်လာဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီတန်ချိန် ၁၂၃ တန်၊ နို့စိမ်းတန်ချိန် ၁ဝ၄တန် တင်သွင်းခဲ့တာမို့ ဒီအပတ်အဝင်နဲ့ယှဉ်ကြည့်ရင် အဝင် ၅ ဆ ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့ဆီကစင်ကာပူနဲ့ ထိုင်းဘက်က တင်သွင်းလာတာဖြစ်ပြီး နို့စိမ်းကိုတော့ စင်ကာပူ နိုင်ငံဘက်ကပဲ တင်သွင်းလာတာဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်း နို့မှုန့်အဝင်ကတော့ ၁ဝဝ ဒသမ ၇၄ တန်ရှိခဲ့ပြီး ယခင်အပတ်က ၉ဝ၂ တန် ရှိခဲ့တဲ့အတွက် ယခင်အပတ်ထက် တော်တော်လျော့ပြီး တော့သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT) 

Monday, 20 Sep 2010

 အိန္ဒိယအစိုးရမှ ပဲတင်သွင်းတဲ့ အေဂျင်စီများအတွက် ထောက်ပံ့ကြေးဆက်ပေးနိုင်         အိန္ဒိယအစိုးရဟာ ပြည်တွင်းဈေးကွက်တွေမှာ စားနပ်ရိက္ခာဖြန့်ဖြူးမှုဖူလုံစေဖို့နဲ့ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ပြည်တွင်းကို ပဲတင်သွင်းနေတဲ့ အစိုးရပိုင်ကုမ္ပဏီများကို ထောက်ပံ့ကြေးပေးမယ့်အစီအစဉ်ကို ၆ လသက်တမ်းတိုးမြင့် ပေးဖွယ်ရှိတယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။ ပဲတင်သွင်းမှုအပေါ် ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်ဟာ စက်တင်ဘာလ ၃ဝ ရက်မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။  မိုးရာသီသီးနံှအထွက်ကောင်းနိုင်ပေမဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုက ဆက်လက်မြင့်တက်နေဆဲ ဖြစ်တာကြောင့်အဲဒီ အစီအစဉ်ကိုအစိုးရဝန်ကြီး အဖွဲ့မှသက်တမ်း တိုးမြှင့်ပေးဖို့ဆုံးဖြတ်ဖွယ် ရှိတယ်လို့ဆိုပါတယ်။ကမ္ဘာမှာ ပဲအများဆုံး ထုတ်လုပ်ပြီး အများဆုံး စားသုံးတဲ့ အိန္ဒိယဟာ နှစ်စဉ်ပဲမိုျးစုံတန်ချိန် ၁၅ သန်းခန့်ထုတ်လုပ်ပြီး၊ တန်ချိန် ၁၈ သန်းဝန်းကျင်စားသုံးမှုရှိပါတယ်။ လိုအပ်တဲ့ပမာဏကို ကနေဒါ၊ မြန်မာ၊ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျနဲ့ တူရကီတို့ကတင်သွင်းလျက်ရှိပါတယ်။      နိုင်ငံပိုင်အေဂျင်စီများနဲ့ သမဝါယမအသင်းများမှ မတ်လ ၃၁ ရက်မှာကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်အတွင်း တန်ချိန်၅၉၁၇၅၈ တင်သွင်းခဲ့ပြီး၊ ယင်းပမာဏကို ဆင်းရဲသားများအား အစိုးရထောက်ပံ့နှုန်းနဲ့ ရောင်းချပေးခဲ့ ကြောင်းသိရပါတယ်။ယခုနှစ်ဧပြီလမှ သြဂုတ်လ ၂ဝ ရက်အတွင်း အေဂျင်စီများမှ တန်ချိန် ၃၂၈ဝဝဝ တင်သွင်းဖို့ စာခုျပ်ခုျပ်ထားကြောင်းသိရပါတယ်။ယမင်းရွှေစင်၊ ှSource: business line

Monday, 20 Sep 2010

 သြစတြေးလျပဲမျိုးစုံအထွက်မြင့်တက်မယ်ခန့်မှန်း ဲ    သြစတြေးလျရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဆောင်းသီးနံှထွက်ရှိမှုဟာ မနှစ်ကထက် မြင့်တက်ပြီး တန်ချိန် ၄ဝ ဒသမ ၇သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သီးနံှများစွာအနက် ပဲမျိုးစုံဟာ ယခင်နှစ်က တန်ချိန် ၁ ဒသမ ၈၅ သန်းရှိခဲ့ရာမှယခုနှစ်မှာတန်ချိန် ၂ဒသမ ၃၄၄သန်းကိုမြင့်တက်ဖွယ်ရှိတယ်လို့ သြစတြေးလျစိုက်ပျိုးရေးနဲ့ အရင်းအမြစ် ဆိုင်ရာ စီးပွားရေးဗျူရို (ABARE )မှ ပြောကြားပါတယ်။ အဓိကတော့ ကုလားပဲဖြူလုံးကြီး အထွက်က တန်ချိန် ၇၉၁၇ဝဝ ထိ ၇၈ရာခိုင်နှုန်းခန့်မြင့်တက်နိုင်တာကြောင့်လို့ဆိုပါတယ်။အဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းမှုက ပျမ်းမျှအထက်မှာ ရှိခဲ့တာကြောင့် အထွက်မြင့်တက်မယ်လို့ ABAREမှ ခန့်မှန်းထားခြင်းဖြစ်ပါတယ်။ နယူးဆောက်ဝေးလ် မှာစိုက်ဧရိယာမြင့်တက်ခြင်းနဲ့ အထွက်နှုန်းက ပျမ်းမျှထက်ပိုနိုင်ခြင်းတို့ကြောင့်စုစုပေါင်း သီးနံှထွက်ရှိမှုဟာ အမြင့်ဆုံးအဖြစ် စံချိန်တင်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင်လက်ရှိ သီးနံှ ဈေးနှုန်းမြင့်တက်ခြင်းနဲ့ သင့်တင့်တဲ့ ရာသီဥတုအခြေအနေရှိနေခြင်းတို့က အထွက်နှုန်း မြင့်တက်အောင် တောင်သူများဓါတ်မြေသြဇာအသုံးချဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ယမင်းခင်Sources: statpub.com 

Monday, 20 Sep 2010

 လှောင်လက်များထုတ်ရောင်းမှုကြောင့် အိန္ဒိယကုလားပဲဈေးကျဆ        အိန္ဒိယနိုင်ငံမှာ ယခုနှစ်မိုးပဲထွက်ရှိမှု မြင့်တက်မယ့်မျှော်လင့်ချက်ကြောင့်လှောင်လက်များထဲက ပဲလက်ကျန် များထုတ်လှောင် လာကြတဲ့အတွက် ကုလားပဲကြိုပွိုင့်ဈေးရော လက်ငင်းဈေးပါကျလာတယ်လို့ သိရပါတယ်။ မဟာရပ်ရှ်တရာနဲ့ကာနာတာကာတို့လို ပဲမိုျးစုံအဓိကစိုက်ပိုျးတဲ့ ပြည်နယ်များမှာ မတ်ပဲနဲ့ ပဲတီစိမ်းအသစ်များ ဈေးကွက်ထဲဝင် ရောက်နေပြီ ဖြစ်ပါတယ်။                                                                                                                             နိုဝင်ဘာလနောက်ပိုင်းမှာလည်း ပဲအသစ်များ လှိုင်လှိုင်ဝင် လာတော့မှာဖြစ်တဲ့အပြင် ၂ဝဝ၉-၂ဝ၁ဝ ပဲလက်ကျန်များလည်းရှိနေတာကြောင့် ရောင်းလိုအားများပြီး ဈေးဆက်လက်လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဃြီနဌ မှာကုလားပဲ အောက်တိုဘာလကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရူပီး ၂၈ဝ (ကန်ဒေါ်လာ၆ ဒသမ ၁) ခန့်လျော့ကျပြီး ရူပီး ၂၁၇၇ဝ (ကန်ဒေါ်လာ ၄၇၄) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်Sources: P T I 

Monday, 20 Sep 2010

 အိန္ဒိယဈေးကွက်မှာ လက်ရှိအမြင့်ဈေးနဲ့ ဝယ်လိုအားနည်းလို့ ဈေးကျ      အိန္ဒိယဈေးကွက်တွေမှာ ပဲရောင်းချမှုများပေမဲ့ လက်ရှိဈေးနဲ့ ဝယ်လိုအားကျဆင်းတာကြောင့် ပဲတီစိမ်းနဲ့ ပဲတီစိမ်းခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ ဒသမ ၆) ခန့်ကျဆင်းခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်ပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းတစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၈) လျော့ကျပြီး ရူပီး ၄၇ဝဝဝ-၅၁ဝဝဝ (ကန်ဒေါ်လာ ၁ဝ၂၄-၁၁၁၂) ဖြစ်လာပြီး ပဲတီစိမ်းခွဲခြမ်းဈေးကလည်း တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ဒသမ ၆) ကျဆင်းကာ အရည်အသွေးအလိုက် ရူပီး ၅၅ဝဝဝ-၅၉ဝဝဝ (ကန်ဒေါ်လာ ၁၁၉၉-၁၂၈၆) ၊ ရူပီး ၆ဝဝဝဝ-၆၂ဝဝဝ (ကန်ဒေါ်လာ ၁၃ဝ၈-၁၃၅၁) ဈေးအသီးသီးဖြစ်တယ်လို့ သိရပါတယ်။ယမင်းခင်၊ှSources: P T I

Monday, 20 Sep 2010

 ပြည်ဈေးကွက်လည်း ပြန်သွက်လာ         ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းဈေးအနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ပဲတီစိမ်းမှာအဝင်မရှိသလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာဒုတိယပတ်အတွင်း အရောင်းအဝယ်လည်း အေးနေခဲ့တာကိုတွေ့ရပါတယ်။ယခုစက်တင်ဘာတတိယပတ်မှာ ဝယ်လက်များအဝယ်ရှိလာလို့ အရောင်းသွက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ယခင် အပတ်က တစ်ရက်ကိုအိတ် ၃ဝ မှ ၄ဝ အထိသာ အရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တစ်ရက်ကို အိတ် ၁ဝဝ အထိအရောင်း သွက်ခဲ့ပြီး၊ ဈေးနှုန်းကလည်း တစ်တင်းလျှင် ၂၂ဝဝဝ ကျပ်ဖြစ်ခဲ့တဲ့ အတွက်ယခင်အပတ်ထက် တစ်တင်းကို၁ဝဝဝ ကျပ်ခန့် မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ခင်ဆွေဝင်း

Monday, 20 Sep 2010

မန်းဈေးကွက်မှာ ပြန်ဦးမော့     ပဲတီစိမ်းမှာ မန်းဈေးကွက်အတွင်း တရုတ်ဝယ်လိုအားမှာယခင်အပတ်ထက် အနည်းငယ်ဝယ်လိုအားပြန် ရှိလာပြီးရန်ကုန်ဝယ်လက်မှ ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် ဈေးအေးမသွားဘဲ ဈေးပြန်လည်ဦးမော့လာတာကို တွေ့ရပါတယ်။ဈေးကွက်အတွင်း စီးဝင်မှုနည်းလာသော်လည်း ရောင်းဝယ်မှုအနေနဲ့တော့ သိပ်အေးမသွားဘဲ ရောင်းဝယ်နေကြပါတယ်။ယခုတစ်ပတ်မှာတော့ ပဲတီစိမ်းဈေးကွက်ဟာ ဈေးနှုန်းအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်ကာ အရောင်းအဝယ်ဖြစ်နေပြီးပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၂၉၈ ကျပ်၊ လတ်စ ၁၂ဝဝ ကျပ်၊ အောက်စ ၁ဝ၆၇ ကျပ်ဝန်းကျင်တို့ဖြင့် ရောင်းဝယ် နေကြ ပါတယ်။ယခင်အပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြသလို ရောင်းဝယ်အားလည်း ပြန်လည် ကောင်းလာခဲ့ပါ တယ်။ မန်းဈေးကွက်အတွင်းမှာ ပဲတီစိမ်းဟာ ရောင်းဝယ်မှု အကောင်းဆုံးသီးနံှတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ ပြည်ပ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်းတရုတ်သို့ ၅ဝ၇ တန်တင်ပို့မှုရှိခဲ့သလို ရန်ကုန် ဈေးကွက်အတွင်းသို့ ၁၂ဝဝ တန် တင် ပို့ခဲ့ကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်းဟာဈေးကွက်အတွင်းမှာ ရောင်းဝယ်မှုအနေနဲ့ သိပ်အေးမသွားဘဲ ဈေးတက် ရင်တက်ဈေး၊ ကျရင်ကျဈေးတို့နဲ့ ဆက်လက် အရောင်းအဝယ်ဖြစ်နေဦးမယ်လို့ ကုန်သည်တချို့မှ ပြောကြောင်း သိရပါတယ်။

Monday, 20 Sep 2010

်တန်ချိန်၂ဝဝဝ ပတ်လည်နဲ့ ပုံမှန်တင်ပို့နေတဲ့ ပဲတီစိမ်း      ယခုနှစ်မှာ တရုတ်ပြည်ကို အသွားများတဲ့ ပဲတီစိမ်းဟာ ပင်လယ်ရေကြောင်း တင်ပို့မှု လျော့လာခဲ့ပြီး ယခုနောက်ပိုင်းလတွေမှာ အပတ်စဉ်တန်ချိန် ၂ဝဝဝ ပတ်လည်နဲ့ ပုံမှန်တင်ပို့နေတာကို တွေ့ရပါတယ်။ ယခုလတွေမှာ အိန္ဒိယမှာလည်းပဲတီစိမ်းအသစ်တွေ ပေါ်လာပြီဖြစ်လို့ မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွေမှာ အိန္ဒိယအဝယ်မရှိသလောက် ဖြစ်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့ ပါကစ္စတန်မှာ ရေကြီးခဲ့တာကြောင့် ပဲတီစိမ်းစိုက်ခင်းတွေ ပျက်စီးခဲ့လို့ မြန်မာပဲတီစိမ်းတွေ ပါကစ္စတန်ဝယ်လက်က ကမ်းလှမ်းဝယ်ယူမှုတွေရှိနေတာကြောင့် ပုံမှန်ထက်ပိုနေတာလို့ ပဲကုန်သည်များက ဆိုပါတယ်။ ရန်ကုန် FOBဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်                         FAQ(အညာ)         FAQ(ပခုက္ကူ)         ပဲတီစိမ်းရွှေဝါအသေး၁၆-၉-၁ဝ        ၈၈ဝ-၈၉ဝ          ၁ဝ၆ဝ-၁ဝ၇ဝ          ၁၁၈ဝ-၁၂ဝဝ၉-၉-၁ဝ           ၈၆ဝ-၈၈ဝ         ၁ဝ၆ဝ-၁ဝ၇ဝ           ၁၁၈ဝ-၁၂ဝဝMIRT (MAPT)

Pages