Main menu

Background

Monday, 18 Oct 2010

မလေးရှားနဲ့ တရုတ်တိုင်ပေကို ပဲတီစိမ်းတန်ချိန် ၂၅ဝဝ ကျော်တင်ပို့        ယခုတစ်ပတ်အတွင်း အိန္ဒိယက အဝယ်မရှိသလောက်ဖြစ်ပေမဲ့ ပင်လယ်ရေကြောင်းက မလေးရှားနဲ့ တရုတ်တိုင်ပေကို တန်ချိန် ၂၅ဝဝ ကျော်တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးနဲ့ ကျောက်ပန်းတောင်းဘက်ကပဲတီစိမ်းများဈေးကွက်ကို အနည်းငယ်စီ စဝင်လာပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံမှာလည်း ပဲတီစိမ်းသစ်တွေ ထွက်ပေါ်နေပြီဖြစ်လို့ လက်ရှိပြည်တွင်း ဈေးကွက်တွေမှာ တရုတ်ဝယ်လက် အဝယ်နည်းနည်းအေးတယ်လို့ သိရပါတယ်။ ရန်ကုန်FOB  ဈေးများကို ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                 ပဲတီစိမ်း(အညာ)               ပခုက္ကူ                   ပဲတီရွှေဝါအသေး၁၄-၁ဝ-၁ဝ     ၈၈ဝ-၈၉ဝ                  ၉၇ဝ-၉၈ဝ                  ၁၁၅ဝ-၁၁၈ဝ၇-၁ဝ-၁ဝ      ၈၆ဝ-၈၈ဝ                   ၉၅ဝ-၉၆ဝ                  ၁၁၂ဝ-၁၁၃ဝMIRT (MAPT)

Monday, 18 Oct 2010

 ကာလတိုအတွင်း အိန္ဒိယပဲမျိုးစုံဈေးနှုန်း ၁ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်      အိန္ဒိယနိုင်ငံအတွင်း ပွဲတော်ရာသီ ကျရောက်လာပြီဖြစ်လို့ ဝယ်လိုအား မြင့်တက်လာဖွယ် ရှိတာကြောင့် ပဲမျိုးစုံ ဈေးနှုန်း မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဒီပါဝလီလို အဓိကပွဲတော် ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ ပဲမိုျးစုံ ဝယ်လိုအား ဟာ ၁ဝ-၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယခုနှစ် ပဲအထွက် မြင့်တက်မယ့် ခန့် မှန်းချက်များကြောင့် ကာလရှည်မှာ တော့ ဈေးများများစားစား မြင့်တက် ဖွယ် မရှိဘူးလို့ ဆိုပါတယ်။     အိန္ဒိယနိုင်ငံရဲ့ မိုးရာသီ ပဲမျိုးစုံ စိုက်ဧရိယာဟာ မနှစ်ကထက်စာရင် ဟက်တာ သိန်း ၂ဝ မြင့်တက်ခဲ့ပြီး၊ အထူးသဖြင့် ပဲစင်းငုံ၊ မတ်ပဲနဲ့ပဲတီစိမ်း စိုက် ဧရိယာ ပိုမိုတယ်လို့ဆိုပါတယ်။ ပဲစင်းငုံ တစ်မျိုးထဲရဲ့ စိုက်ပျိုးမှုဟာ ထက်ဝက်ကျော် တယ်လို့ ဆိုပါတယ်။         စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စာရင်း များအရ ယခုရာသီအတွင်း စုစုပေါင်း ပဲစိုက်ဟက်တာ ၁၁ဝ သိန်းရှိလို့ ယခင် နှစ် စိုက်ပျိုးတဲ့ဟက်တာ ၉ဝ သိန်းထက် ဟက်တာသိန်း ၂ဝ ပိုမိုနေပါတယ်။ ဒါပေမဲ့ အချို့ဒေသတွေမှာ မိုးရက်ရှည် ရွာသွန်းမှု ကြောင့် သီးနံှများပျက်စီးမှု ရှိတယ်ဆိုတဲ့သတင်းများ ထွက်ပေါ်ခဲ့ ပေမဲ့ ပမာဏ အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။ ပျမ်းမျှအထွက်နှုန်း တစ်ဟက်တာကို ၅ဝဝ ကီလိုနှုန်းနဲ့ တန်ချိန် ၁ဝ သိန်းကို ပိုပိုထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ နောက်အရေးပါတဲ့ အချက်ကတော့ မြေဆီလွှာအစို ဓာတ်ရှိနေခြင်း က ဆောင်းရာသီစိုက်ပျိုးမှု အတွက် အခွင့် အရေး တစ်ရပ်ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ ဆောင်းသီးနံှကို အောက်တိုဘာ၊ နိုဝင်ဘာမှာစတင်စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်လမှာ ရိတ်သိမ်းကာ နှစ်စဉ် ထုတ်လုပ်မှုရဲ့ ၆ဝ ရာခိုင်နှုန်းထွက်ရှိ တယ်လို့ သိရပါတယ်။ ပြည်တွင်း ထုတ်လုပ်မှုမြင့်တက်တဲ့တိုင် ပြည်ပက တော့ ဆက်လက် တင်သွင်းနေရဆဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်လာတာနဲ့အမျှ ကျေးလက် ဒေသဝင်ငွေတိုးတက်လာသလို ဝယ်ယူ စားသုံးမှုနှုန်း မြင့်တက်လာတာကြောင့် လို့ဆိုပါတယ်။      စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပထမ အကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီပဲထုတ်လုပ်မှုဟာ တန်ချိန် ၆ သန်း ရှိနိုင်မှာဖြစ်လို့ ၂ဝဝ၉-၁ဝ ထုတ် လုပ်မှု ခန့်မှန်းတန်ချိန် ၄ ဒသမ ၃ သန်း ထက် ပိုမိုနေပါတယ်။ ကုလားပဲ ထုတ်လုပ်မှုကို စတုတ္ထအကြိမ် ခန့်မှန်း ရာမှာ ၂ဝဝ၉-၁ဝ မှာ တန်ချိန် ၇ ဒသမ ၃၅ သန်း ရှိပြီး၊ ၂ဝဝ၈-ဝ၉ မှာ တန်ချိန် ၇ ဒသမ ဝ၅ သန်းရှိခဲ့ပါတယ်။ မိုးရာသီ ပဲစိုက်ဧရိယာ တိုးတက်လာတာနဲ့အမျှပဲမျိုးစုံ ဈေးနှုန်းလည်း အကျဘက် ဆင်းခဲ့ရာ အထူးသဖြင့် ကုလားပဲဈေး ကျဆင်းခဲ့ပါတယ်။       ဒီပါဝလီပွဲတော်ပြီးရင်တော့ ပဲမျိုး စုံ ဈေးနှုန်းကျဆင်းဖွယ်ရှိပါတယ်။ ယခု ရာသီအထွက်မြင့်တက်မယ့် အခြေအ နေကြောင့် ပဲမျိုးစုံဈေးနှုန်း တည်ငြိမ် နိုင်ပြီး မြင့်တက်မှုရှိခဲ့ရင်တောင် ၅-၁ဝ ရာခိုင်နှုန်းဝန်းကျင်သာ တက်နိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်၊ှSource: commodityonline

Monday, 18 Oct 2010

 တစ်လအတွင်း အိန္ဒိယမတ်ပဲဈေးကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်လျော့ကျ     အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအသစ် တစ်နေ့ကို အိတ် ၄ဝဝဝ ခန့်ထိ ဝင်ရောက်မှု တိုးတက် နေတာရယ်၊ အရည်အသွေးကောင်းပဲများမရှိလို့ ဝယ်ယူမှုနည်းတာရယ်တွေကြောင့် စက်တင်ဘာလ ၁၃ ရက်နဲ့ အောက်တိုဘာလ ၁၃ ရက်အတွင်း မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်ကျဆင်းလာတာ တွေ့ရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ပဲအကန့် အသတ်သာရရှိနိုင်လို့ နိုင်ငံတကာ ကမ်းလှမ်းမှု ငြိမ်သက်နေတယ်လို့ သိရပါတယ်။ ပဲအထွက်မြင့်တက်မှာဖြစ်လို့ကာလတိုအတွင်း ဈေးနှုန်းလျော့ကျနိုင်မယ်လို့ ဆိုပါတယ်။ မွန်ဘိုင်းဈေးကွက် ပေါက်ဈေးနဲ့ ချန်နိုင်း C & F ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                          ဒေါ်လာ/တန်                   မတ်ပဲ                   ချန်နိုင်း(C&F)၁၃-၁ဝ-၁ဝ     ၉၄၄        ၁ဝ၂၅        ၁၁၂၅၁၃-၉-၁ဝ       ၁၁၃၄      ၁ဝ၃၁        ၁၁၉ဝ                                                                                                                               MIRT(MAPT)

Monday, 18 Oct 2010

အိန္ဒိယအဝယ်လျော့လာလို့ ပဲစင်းငုံတန်ချိန် ၁၅ဝဝ ခန့်သာတင်ပို့   အိန္ဒိယဝယ်လက်များ ဝယ်ယူမှုအားပျော့လာတာကြောင့် ယခုတစ်ပတ် (အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်) အတွင်းတန်ချိန် ၁၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပြည်ပဝယ်လက်များ တင်ဒါလက်ကျန်တွေအတွက် အဝယ်အနည်းငယ်ရှိလို့ အရောင်းအဝယ် အနည်း အကျဉ်းတော့ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေထဲမှာ ပဲအသစ် မထွက်သေးပေမဲ့ အခြားပဲတွေ အသစ်ဝင်လာတာဖြစ်လို့ ရောင်းအားကျနေတဲ့ အတွက် မြန်မာနိုင်ငံက အဝယ်နည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                                            ဒေါ်လာ/တန်                     ပဲစင်းငုံနီ           ပဲစင်းငုံဖြူနီ/ အဖြူ၁၄-၁ဝ-၁ဝ     ၇၆ဝ-၇၇ဝ              ၆၅ဝ-၆၆ဝ၇-၁ဝ-၁ဝ       ၇၅ဝ-၇၆ဝ              ၆၃ဝ-၆၄ဝMIRT(MAPT)

Monday, 11 Oct 2010

မိုးပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်းနိုင်       ယခုနှစ်မိုးရာသီပဲမျိုးစုံစိုက်ပိုျးမှုက ယခင်နှစ်ကထက် ၇၈ ရာခိုင်နှုန်း မြင့်တက်နေကာ အထွက်မြင့်တက်မယ့် မျှော်လင့်ချက်တွေကြောင့် ကုလားပဲ ဈေးလျော့ကျနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းနေကြပါတယ်။ လက်ငင်းဈေးကွက် တွေမှာ ပွဲတော်အတွက် ဝယ်လိုအားတွေမြင့်တက်နေလို့ ဈေးမာနေပေမဲ့ အထွက် မြင့်တက်မှုက ဈေးဆက်မတက်အောင် ထိန်းထားလိမ့်မယ်လို့ ဆိုပါတယ်။ ပဲတီစိမ်း၊ မတ်ပဲများကလည်း ဈေးကွက်တွေကို ဆက်လက်ဝင်ရောက်နေ တဲ့အပြင် ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းနေခြင်းက အောက်တိုဘာလအတွင်း စိုက်ပျိုးတော့မယ့်ကုလားပဲအတွက် အစိုဓါတ်ကောင်း တွေရရှိစေပါတယ်။ အောက်တိုဘာလ ၆ ရက် ဒေလီလက်ငင်းဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လို့ ကုလားပဲ တစ်တန်ကို ရူပီး ၁၅၇ ဒသမ ၅ (ကန်ဒေါ်လာ ၃ ဒသမ ၅၇) မြင့်တက်ပြီး ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၃၃) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေးနှုန်းအကျဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                              ယမင်းခင်၊Sources: commodityonline

Monday, 11 Oct 2010

ပါကစ္စတန်ဈေးကွက်ကို ပဲတီစိမ်းတန်ချိန် ၃ဝဝဝကျော် တင်ပို့နိုင်         ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှု တန်ချိန် ၃ဝဝဝ ကျော်သလို ယခုတစ်ပတ် (စက်တင်ဘာ၃ဝ မှ အောက်တိုဘာ ၆ ရက်)အတွင်းမှာလည်း ပါကစ္စတန်ကိုတင်ပို့ဖို့ စင်ကာပူဝယ်လက်တွေ အဝယ်ရှိလို့ တန်ချိန် ၃ဝဝဝ ကျော်တင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို ပဲအသစ်တွေဝင်လာပြီဖြစ်လို့ အိန္ဒိယဝယ်လက်ကတော့ မြန်မာပဲတီစိမ်းကို အဝယ်လျော့နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုကို ကြည့်မယ်ဆိုရင် တန်ချိန် ၁၁ဝဝဝ ကျော်ရှိတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ တင်ပို့မှု တန်ချိန် ၉၇ဝဝ ထက် သိသိသာသာ ပိုတာတွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုမှာ တန်ချိန် ၂ဝဝဝဝ နီးပါးရှိတာကြောင့် ကာလတူတင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးတာကြောင့် ရန်ကုန် FOBဈေးလည်း ပြန်လျော့လာ တာတွေ့ရပါတယ်။                   ပဲတီစိမ်း(အညာ)         ပခုက္ကူ               ပဲတီရွှေဝါအသေး၇-၁ဝ-၁ဝ         ၈၆ဝ-၈၈ဝ             ၉၅ဝ-၉၆ဝ            ၁၁၂ဝ-၁၁၃ဝ၁-၁ဝ-၁ဝ         ၈၈ဝ-၈၉ဝ            ၁ဝဝဝ-၁ဝ၁ဝ         ၁၁၂ဝ-၁၁၃ဝMIRT (MAPT)

Monday, 11 Oct 2010

 တင်ပို့မှု ယခင်အပတ်ကထက် ထက်ဝက်ကျော်လျော့ကျ     စက်တင်ဘာလ နောက်ဆုံးပတ်မှာ ပဲတီစိမ်း ၆ဝ၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းဖိုး တရုတ်နိုင်ငံသို့မူဆယ် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၂ဝ၃ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်တင်ပို့မှုက ထက်ဝက်ကျော်နီးပါး လျော့နည်းခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ ပဲတီစိမ်း ၃၇၃၆ တန်နဲ့ ပဲတီစိမ်း လုံးခြမ်း ၄၂၈ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာနှစ်ဝက်ကာလမှာတော့ ပဲတီစိမ်း တန်ချိန် ၆၉၅ဝဝ ကျော်နယ်စပ်စခန်းများမှ တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မိမိဘက်မြေပြင်ပေါက်ဈေးက ၉၂ဝ၃၁၄ ကျပ်ဖြစ်ပြီး ယခင်အပတ်ကထက် ၄၃၆ဝဝ ကျော် ဈေးပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးကတော့ ၁ဝ၁၁ ဒေါ်လာရှိပြီး ယခင်အပတ်ဈေးအတိုင်းပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်                            မိမိဘက်(ကျပ်/တန်)                                       တစ်ဘက်နိုင်ငံ(ယွမ်/တန်)ပဲတီစိမ်း         ယခု        ယခင်         ပြောင်းလဲမှု         ရာခိုင်နှုန်း      ယခု         ယခင်     ပြောင်းလဲမှု      ရာခိုင်နှုန်းပဲတီစိမ်း      ၉၂ဝ၃၁၄  ၈၇၆၆၃၃           ၄၃၆၈၁                 ၅        ၁ဝ၁၁                          ၁ဝ၁၁              -ြွှှုျ (ီဥြွှ)  

Monday, 11 Oct 2010

မတ်ပဲတင်ပို့မှု တန်တစ်သောင်းအောက် လျော့      အိန္ဒိယဈေးကွက်တွေကို မတ်ပဲအသစ်တွေ ဝင်ရောက်လာပြီဖြစ်လို့ မြန်မာနိုင်ငံက တင်သွင်းမှုလျော့ကျခဲ့တဲ့ အတွက် စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှုဟာ တန်ချိန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်ပဝယ်လက်တွေက စက်တင် ဘာလ လောက် အဝယ်မသွက်ပေမဲ့ နည်းနည်းနဲ့ မှန်မှန်တော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပြည်ပကို စက်တင်ဘာအတွင်း တင်ပို့မှုဟာ တန်ချိန် ၄၈ဝဝဝ ခန့်ရှိပြီး သြဂုတ်လမှာ တန်ချိန် ၅၄ဝဝဝ ခန့်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် စက်တင်ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၄ဝဝဝဝ ကျော်သာရှိတဲ့အတွက် ယခုနှစ် ကာလတူ တင်ပို့မှု ပိုမိုခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                             ဒေါ်လာ/တန်               မတ်ပဲ(FAQ)        (SQ)၇-၁ဝ-၁ဝ  ၉၄ဝ-၉၅ဝ      ၁၁၁ဝ-၁၁၂ဝ၁-၁ဝ-၁ဝ  ၉၂ဝ-၉၃ဝ      ၁ဝ၉ဝ-၁၁ဝဝMIRT(MAPT)

Monday, 11 Oct 2010

စိုက်ဧရိယာမြင့်တက်ပြီး ပဲအဝင်များလာလို့ အိန္ဒိယ မတ်ပဲဈေးဆက်လက်ကျဆင်း             အိန္ဒိယ မဟာရပ်ရှတရာဒေသကို မတ်ပဲအသစ်များ ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပြီး ပဲစိုက်ဧရိယာက ယခင်နှစ်ထက် သိသိသာသာမြင့်တက်လို့ ဈေးကွက်များမှာ ဈေးဆက်လက်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ တောင်ပိုင်းမှာ မိုးကောင်း နေခြင်းက ပဲစင်းငုံနဲ့ မတ်ပဲထွက်ရှိမှု ပိုမိုကောင်းမွန် လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပက တင်သွင်းမှုများခြင်းကလည်း ဈေးမတက်အောင် ထိန်းထားသလို့ ရှိနေပါတယ်။       ဒေလီလက်ငင်းဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ရူပီး ၄၅ဝဝဝ (ကန်ဒေါ်လာ ၁ဝ၁ဝ) မှ ရူပီး ၄၄၅ဝဝ (ကန်ဒေါ်လာ ၉၉၉) ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Sources: P T I

Monday, 11 Oct 2010

ဈေးလျော့အဝယ်ရှိတဲ့ ပြည်ပဲစင်းငုံ         ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲစင်းငုံ ပိဿာ ၂ဝ တစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြတဲ့ အတွက် ယခင်အပတ်ထက် ကျပ် ၁ဝဝဝ ကျော်ခန့် ကျဆင်းသွားခဲ့ပါတယ်။ အိတ်စပို့သမားများ ဈေးလျှော့ အဝယ်ရှိခြင်း ကြောင့် ဈေးကျရခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ကျန်များပေမယ့် အချို့မှာ ကြိုက် ဈေးမရလို့ ထုတ်မရောင်းသလို ငွေလိုသူတစ်ချို့က ထုတ်ရောင်းနေတဲ့ အတွက် ပြည်ဈေးကွက်တွင် အရောင်းအဝယ် အသင့်အတင့်ဖြစ်ကြောင်း သိရပါတယ်။                                                                                                                  ဆုမွန်ဆွေ

Pages