Main menu

Background

Monday, 20 Sep 2010

အိန္ဒိယ ပဲစင်းငုံစိုက်ဧရိယာမြင့်တက်ပေမဲ့ ဈေးနှုန်းခိုင်မာနေဆဲ     အိန္ဒိယဈေးကွက်တွေမှာ ယခင်နှစ်က အထွက်မြင့်တက်လို့ လက်ကျန်များတယ်ဆိုပေမဲ့ အဝယ်ရှိနေ တာကြောင့် သြဂုတ်လဝက်မှ စက်တင်ဘာ လဝက်အတွင်းမှာတော့ ဈေးကျဆင်းသွားခြင်းမရှိဘဲ ခပ်မာမာ ဖြစ်နေတာတွေ့ရပါတယ်။ယခုနှစ် မိုးရာသီမှာလည်း ပဲစင်းငုံစိုက်ဧရိယာက မြင့်တက်နေတဲ့အပြင် မိုးရေကောင်းကောင်း ရရှိလို့ အပင်ဖြစ်ထွန်း အားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လာမယ့်ရက်တွေမှာတော့ အခြားမိုးပဲတွေလည်း ဈေးကွက်ထဲ လှိုင်လှိုင်ဝင် တော့မှာဖြစ်လို့ ဈေးနှုန်းအားပျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT - MAPT

Monday, 20 Sep 2010

အိန္ဒိယမှာ လက်လီသမားများအဝယ်နည်းလို့ ဈေးကျ      အိန္ဒိယပြည်တွင်းလက်ကားဈေးကွက်များမှာ လက်လီသမားများကဝယ်ယူမှုနည်းတာကြောင့် မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးများလည်း တစ်တန်ကို ရူပီး၁ဝဝဝ (ကန်ဒေါ်လာ၂၁ ဒသမ ၈) ခန့် ကျဆင်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ပဲ အဓိကစိုက်ပျိုးတဲ့ ဒေသများမှာ မိုးရွာသွန်းမှုတွေရှိလို့ ပဲအသစ်ဝင်ရောက်မှုဟာဝင်သင့်သလောက် မဝင်သေးဘူးလို့ သိရပါတယ်။ မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးဟာရူပီး ၁ဝဝဝ စီ လျော့ကျပြီး ရူပီး ၅၇ဝဝဝ-၆၂၅ဝဝ (ကန်ဒေါ်လာ ၁၂၄၂-၁၃၆၂)နဲ့ ရူပီး ၆၁ဝဝဝ-၆၅ဝဝဝ (ကန်ဒေါ်လာ ၁၃၃ဝ-၁၄၁၇) ဈေးအသီးသီးရှိတယ်လို့သိရပါတယ်။                                            ယမင်းခင်၊Sources: P T I

Monday, 13 Sep 2010

 ဓာတ်မြေသြဇာတင်သွင်းမှု ယခုအပတ်လျော့     စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဓာတ်မြေသြဇာ ၁၉၅၁၈ ဒသမ  ၁၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆၇၅ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများ ကတော့ မူဆယ်မှ ၁၉၃၂၉ ဒသမ ၁၂တန်၊ မြဝတီမှ ၇၁ တန်၊ တာချီလိတ်မှ ၂၄ တန်၊ ရိဒ်မှ ၉၄ တန် အသီးသီးဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလ အတွင်းမှာ ဓာတ်မြေသြဇာတန်ချိန် ၂ဝ၂၅ဝ ကျော်တင်သွင်းခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၇၃၂ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ ကော့သောင်းနဲ့ မောင်တောတို့မှ ဓာတ်မြေသြဇာ တင်သွင်းနိုင်ခြင်းမရှိသလို မြဝတီ၊ ရိဒ်နဲ့ တာချီလိတ်နယ်စပ်များမှ တင်သွင်းမှုလျော့နည်းခဲ့တဲ့အတွက် မူဆယ်မှ ပိုမိုတင် သွင်းမှုရှိပေမယ့်လည်း နယ်စပ်စခန်းအားလုံးရဲ့ တင်သွင်းမှုဟာ လျော့နည်းသွားရခြင်း ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကွန်ပေါင်းဓာတ်မြေသြဇာ တစ်တန် ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ် -    နယ်စပ်    အမိုျးအစား                          တစ်ဘက်နိုင်ငံဈေး(ဒေါ်လာ/တန်)    မူဆယ်    Compound Seed Fertilizar                          (NPK)   ၁၅း၅း၅                                         ၁၃ဝ                             ၁ဝး၁ဝး၅                                        ၁၃၅                             ၁၂း၁၃းဝ                                        ၁၆ဝ                            ၁၆း၂ဝးဝ                                        ၂၂ဝ                            ၁၆း၁၆း၈                                        ၂၂၅                                                                                                MIRT(DOBT)

Tuesday, 7 Sep 2010

ပဲစင်းငုံဈေး ပြန်လည်ဦးမော့လာ      အိန္ဒိယ လက်ငင်းဈေးကွက်များမှာ လက်ကျန်အသင့်အတင့် ရှိနေပေမဲ့ အခိုျ့ဒေသတွေမှာ မိုးများနေတာကြောင့်  ဈေးကွက်ထဲကို ပဲဝင်ရောက်မှု လျော့ကျလာတဲ့အတွက် ယခုတစ်ပတ်မှာတော့ ပဲစင်း ငုံဈေး ပြန်လည်မြင့်တက်ခဲ့ပါတယ်။ဒါ့အပြင် ပဲခွဲစက်များနဲ့ ကုန်သည် များက ဝယ်လိုအား  ကောင်းနေတာကြောင့်လည်း ဈေးပြန်လည် ဦးမော့လာတာဖြစ်ပါတယ်။ တန်ဇန်းနီးယားက ပဲအသစ် တွေရောက် ရှိလာတော့မှာ ဖြစ်တဲ့အတွက် ရောင်းအားကို  ပိုမိုစေမှာဖြစ်လို့ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိပါတယ်။  ဈေးကွက်တွေ မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်- 

Tuesday, 7 Sep 2010

ပဲတီစိမ်းဈေးအေးလာ      ယခုသီတင်းပတ်အစပိုင်းမှာ အိန္ဒိယလက်ငင်းဈေးကွက်များမှာ ပဲဝယ်ယူမှုတွေရှိလာလို့ ဈေးခိုင်မာလာခဲ့ပါတယ်။ပဲအဓိကစိုက်ပိုျးတဲ့ ဒေသတွေမှာ မိုးရွာသွန်းတာကြောင့်လည်း ပဲရိတ်သိမ်းမှု နှောင့်နှေး ခြင်းက ဈေးကွက်ပေါက်ဈေးခိုင်မာစေဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါ တယ်။ ဒါပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ အခိုျ့ဈေးကွက်တွေ မှာ ဈေးကျဆင်းခဲ့ပါတယ်။ လက်ရှိရာသီ ပဲထွက်ရှိမှုမြင့်တက်မယ့် မျှော်လင့်ချက်များအပြင် ဈေးကွက်တွေကို ဝင်ရောက်လာတဲ့ ပဲများ မှာလည်း အစိုဓာတ်များနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ပဲအသစ်တွေဝင်ရောက်လာခြင်းကရောင်းအားကို ပိုများစေပါတယ်။ကာလတိုအတွင်းဈေးလျော့ကျနိုင်တယ်လို့ သုံးသပ် ကြပါတယ်။  ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်-    

Tuesday, 7 Sep 2010

ကုလားပဲဈေးမာရာမှ ပြန်အေး       အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ဈေးအနိမ့်နဲ့ ဝယ် လိုအား ကောင်းတာကြောင့် သီတင်းပတ်အလယ်ပိုင်းမှာ ကုလားပဲ ဈေးခိုင်မာလာခဲ့ပါတယ်။ ဒါပေမဲ့  ဈေးကွက်များမှာ လက် ကျန် များနေခြင်းနဲ့ အဝယ်ပြန်အေးသွားတာကြောင့် သီတင်းပတ် နှောင်းပိုင်းမှာ ဈေးပြန်အေးသွားခဲ့ပါတယ်။ ဒါ့အပြင် သြစတြေးလျမှာ ယခုရာသီ ကုလားပဲတန်ချိန် ၆ သိန်း-၆ ဒသမ ၅သိန်းခန့်ထိ ယမန် နှစ်ထက် ပိုမိုထွက်ရှိမယ့် ခန့်မှန်းချက်များက ရောင်းအားကို ပိုမိုစေဖို့ ရှိနေပါတယ်။ ကာလတိုအတွင်းမှာ ဈေးနှုန်းလျော့ကျ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။  ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ဖော်ပြထားပါတယ်-    

Tuesday, 7 Sep 2010

     အိန္ဒိယနိုင်ငံရဲ့ ပဲမိုျးစုံစိုက်ပိုျးမှုဟာ ယမန်နှစ်ကထက် မြင့်တက် ပေမဲ့ ထုတ်လုပ်မှုကတော့ စားသုံးမှု ကြီးထွားနေခြင်းနဲ့ နှိုင်းယှဉ်ရင် လျော့ကျမြဲ လျော့ကျနေဦးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါ တယ်။ ပြည်တွင်းလိုအပ်ချက် မြင့်တက်နေတာကြောင့် ပြည်ပနိုင်ငံ က ပဲတင်သွင်းမှုဟာ ယမန်နှစ်က တန်ချိန် ၃၄ သိန်း ရှိခဲ့ရာမှ  ယခုနှစ်မှာ တန်ချိန် ၄ဝ ထိ ရောက်ရှိဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။  မတ်ပဲဈေး ပြန်လည်မြင့်တက်လာ         အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲခွဲခြမ်းကို အဝယ်ပြန် သွက်လာတာကြောင့်ယခုတစ်ပတ်မှာမတ်ပဲဈေးပြန်လည်မြင့် တက်လာ ခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်ကမတ်ပဲအသစ်တွေဝင်ရောက်နေပြီဖြစ် ပေမဲ့ မိုးရွာသွန်းမှုကြောင့် ပဲတွေမှာ အရည်အသွေး ကျဆင်းမှုရှိနေ တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်များမှာ မဟာရပ်ရှတ ရာက ပဲအသစ်တွေလည်းစတင်ဝင်လာတော့မှာ ဖြစ်ပါတယ်။ ယခုလို ပြည်တွင်းပဲ အသစ်တွေ  ထွက်ပေါ်လာပြီဖြစ်လို့ ကမ္ဘာ့ဈေးကွက် ကျဆင်းဖွယ်ရှိတယ်လို့ ခန်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-  

Thursday, 2 Sep 2010

          ဗီယက်နမ်နိုင်ငံ စီးပွားရေးကုန်သည်အခိုျ့မှ မြန်မာ့ ကျောက်စိမ်းပန်းပုရုပ်တုများကို အထူးအလေးထား၍ ဝယ်ယူရန်ကမ်းလှမ်းမှု များရှိလာကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေ ကြည်က ပြောကြားသည်။       ''ဗီယက်နမ်က တခိုျ့ရင်းနှီးတဲ့ စီးပွားရေးမိတ်ဆွေတွေ က ကမ်းလှမ်းလာတယ်။ သူတို့က မြန်မာ့ကျောက်စိမ်း ပန်းပု တွေကို လိုချင်ကြတယ်။ နမူနာတွေတော့ ပေးထားတယ်။ ဒါကြောင့် ကျောက်စိမ်းပန်းပုထုရောင်းတဲ့သူတွေနဲ့ ချိတ်ဆက် ပေးထားတယ်။ ကျောက်စိမ်းပန်းပုနဲ့ပတ်သက်ပြီး ဆင်းတု တော်တွေကို အမှာများတယ်။ ကျောက်စိမ်း ဆင်းတုတော် တွေကို သူတို့က တော်တော်အလေးပေးထားတယ်။ နောက် ပြီး ကျားရုပ်၊ နဂါးရုပ်တုတွေကိုလည်း မှာထားတယ်၊ တခြား ကျောက်တွေနဲ့က ပန်းပွင့်ပုံ၊ ပန်းပင်ပုံ၊ သစ်ပင်ပုံတွေကို နမူနာ ပေးထားတာရှိတယ်၊ အရင်ကဆို ဒီကအရိုင်းတွေပဲ သွားတာ များတယ်။ ကုန်ချောအဖြစ် ပို့ချင်တယ်။ အခုဆိုရင် ကျောက် စိမ်းပန်းပုက ဈေးကွက်တစ်ခုအနေနဲ့ ရှိလာမယ်''ဟု ဦးရွှေ ကြည်က ပြောသည်။      အဆိုပါကျောက်စိမ်းပန်းပုမှာ ကျောက်စိမ်းအကာသား များကို ထုဆစ်ရသောကြောင့် အမှိုက်ထဲကရွှေဟု ခေါ်ဆို၍ ရနိုင်ကြောင်း၊ ကျောက်စိမ်းပန်းပုများကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေများလည်း ရရှိလာစေနိုင်မည် ဖြစ်ကြောင်းနှင့် ကျောက်မျက်များဖြင့်ပြုလုပ်ထားသော ပန်းပု များကိုလည်း  ဗီယမ်နမ်နိုင်ငံသို့  တိုးခဲျ့တင်ပို့နိုင်မည်ဖြစ် ကြောင်း ယင်းက ထပ်မံပြောကြားသည်။                                                                                                                                             မင်းသန့်

Thursday, 25 Feb 2010

   ကုန်စည်တွေရဲ့   သမိုင်းအစဉ်အလာအရ တောင်သူတွေအတွက် နှစ် နှစ်၊ ကုန်သည်တွေအတွက်  သုံးနှစ်၊ အကျိုးအမြတ်ရရှိတဲ့ အပေါ်အခြေခံပြီး၊ ကနေဒါတောင်သူများ  ပဲအမျိုးအစား ရွေးချယ်စိုက်ကြပါတယ်။    ယခုနှစ် ကနေဒါနိုင်ငံအနောက်ခြမ်းမှာ ပဲနီ လေးကို ပိုမိုစိုက်ပျိုးလာကြခြင်းက အဲဒီအချက်ကို   ပိုမိုပေါ်လွင်စေပါတယ်။

Thursday, 25 Feb 2010

   ပြည်ပက တင်သွင်းတဲ့ ဈေးနှုန်း ထက် တစ်ကီလိုကို ရူပီး ၁ဝ (ကန်ဒေါ် လာ ဝ ဒသမ ၂၁၅) လျှော့ချပြီး ဆင်းရဲသားများကို ရောင်းချ ပေးတဲ့ သက်သာချောင်ချိရေး အစီအစဉ်ဖြစ်တဲ့ လျှော့ဈေးနဲ့ရောင်းချတဲ့ကာလကို  လာမယ့်ဘဏ္ဍာနှစ်အထိ အစိုးရက သက်တမ်း တိုးဖွယ်ရှိတယ်လို့ စားသုံးသူရေးရာ ဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။

Pages