Main menu

Background

Thursday, 25 Feb 2010

   ယခု သီတင်းပတ်တွေမှာ နိုင်ငံတကာ ကုလာပဲဖြူလုံးကြီးဈေးကွက်ဟာ အရောင်းအဝယ်အားပျော့နေဆဲဖြစ်ပါတယ်။ ယခုနှစ် အိန္ဒိယပဲရိတ်သိမ်းချိန်မှာ မိုးရွာသွန်းမှုကြောင့် နှောင့်နှေးမှုဖြစ်နိုင်ပေမယ့် ကာဘူလီကုလားပဲရဲ့ ထွက်ရှိမှုကိုတော့ ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ဆို ပါတယ်။

Thursday, 25 Feb 2010

   အယ်နီညိုကြောင့်  လယ်ယာကဏ္ဍမှာဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိနိုင်ငံရဲ့ ဆန်သိုလှောင်ရုံတွေမှာ ဆန်အလုံအလောက်  ရှိနေတာရယ်၊ လာမယ့်လတွေမှာ   တင်သွင်းထားတဲ့ ဆန်တွေရောက်လာတော့မှာ ဖြစ်တာရယ်ကြောင့် ထပ်ပြီးအပိုဆောင်း တင် သွင်းဖို့ မလိုအပ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံစားနပ်ရိက္ခာအာဏာပိုင်  NFA မှ တာဝန်ရှိသူများက ပြောကြားပါတယ်။     ဆန်တန်ချိန်  လေးသိန်းဝန်းကျင်မှာ နိုင်င်ငံကိုရောက်ရှိပြီးဖြစ်ပြီး တန်ချိန် ၁ ဒသမ ၇ သန်းခန့်မှာ မနီလာကို တင်ပို့နေဆဲဖြစ် တယ်လို့ NFA လက်ထောက်အုပ်ချုပ်ရေးမှူး Jose Cordero က ပြောကြားပါတယ်။ လက်ရှိနိုင်ငံရဲ့ အရန် န်သိုလှောင်မှု တန်ချိန် ၂ ဒမသ ၆ သန်းရှိတဲ့အနက် တန်ချိန် ၁ ဒသမ ၂ သန်းမှာ သိုလှောင်ရုံတွေမှာရှိပြီး တန်ချိန်  တစ်သန်းမှာ NFA က သိုလှောင်ထားပြီး တန်ချိန် ၄၁၇၁ဝဝ  ခန့်မှာ စီးပွားရေးလုပ်ငန်းရှင်တွေလက်ထဲမှာ ရှိတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ယမန်နှစ် မုန်တိုင်း များ ကြောင့် ဆန်တန်ချိန် ၂ ဒသမ ၄ သန်းအထိ တင်သွင်းနေတာ ဖြစ်ပါတယ်။ Sources: riceonline

Monday, 8 Feb 2010

    ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုသဘော တူညီချက်  AFTA အစီအစဉ်အရ ပြည်တွင်းဆန်ထုတ်လုပ်သူများအား ထိခိုက်မှုမရှိစေရန် ထိုင်းနိုင်ငံသည် ဆန်တင်သွင်းမှုအတွက် တင်းကျပ်သည့် သတ်မှတ်ချက်များ ချမှတ်ထားပါသည်။ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းမည့်ဆန်များ အား စံချိန်စံညွှန်းပြည့်မီမှု၊ သန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုတော့မည်ဟု ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားပါသည်။

Friday, 29 Jan 2010

      ငွေကြေးဖောင်းပွမှု မြင့်တက်ချိန်မှာ ကုလားပဲဟာ အိန္ဒိယအစိုးရရဲ့ စောင့်ကြည့်အကဲခတ်ရမယ့် ကုန်စည်ဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ပဲသိုလှောင်မှုကန့်သတ်ခြင်းအပါအဝင် ကုလားပဲအပေါ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့တာကြောင့် လက်ရှိ ပြည်တွင်းမှာ ကုလားပဲအလံျှပယ်ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယကုလားပဲ တောင်သူများအသင်း လက်အောက်မှာရှိတဲ့ တောင်သူ များဟာ အစိုးရက တောင်သူတွေဆီက ကုလားပဲအနည်းဆုံး တန်ချိန်နှစ်သန်း ဝယ်ယူပေးဖို့တောင်းဆိုခဲ့ပါတယ်။

Saturday, 23 Jan 2010

       အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ Nafed ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အရှေ့ဘက်ကမ်းခြေကို အရောက်ပို့ရမယ့် ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့ တင်ဒါကို ဇန်နဝါရီလ ၁၁ ရက်နေ့ ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှာခေါ်ယူထားပါတယ်။ ဒါ့အပြင် နောက်ထပ်တင်ဒါအနေနဲ့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတန်ချိန် ၅ဝဝဝ စီ ဒါမှမဟုတ်၊

Saturday, 23 Jan 2010

       ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအစပိုင်း အမေရိကန်နိုင်ငံရဲ့ ပဲမိုျးစုံလက်ကျန်သိုလှောင်မှုဟာ ၂ဝဝ၈ ခုနှစ် ကာလတူထက် သိသိ သာသာ မြင့်တက်ခဲ့တယ်လို့ အမေရိကန်စိုက်ပိုျးရေးဌာနက တင်ပြထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့နဲ့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ လက်ကျန်ပဲအခြေအနေကိုနှိုင်းယှဉ်ရာမှာ

Saturday, 23 Jan 2010

       အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်တွေမှာ လှောင်လက်တွေက ပဲတွေထုတ်ရောင်းလာတာကြောင့် ဇန်နဝါရီလ ၁၃ ရက် နေ့မှာ အချို့ပဲဈေးနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ သိုလှောင်လက်ကျန်တိုးလာတာအပြင် အရောင်းအဝယ်နည်းပါးခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေတာဖြစ်ပါတယ်။     မတ်ပဲဈေးနှုန်းဟာ တစ်တန်ကို ၂ ဒသမ ၁ ရာခိုင်နှုန်းနီးပါး၊ ရူပီး ၅ဝဝ

Saturday, 23 Jan 2010

       ကနေဒါပဲမိုျးစုံ စိုက်ပျိုးထုတ်လုပ်သူများအနေနဲ့ ပဲထုတ်လုပ်မှုအရှိန်ရနေပြီဖြစ်ပေမဲ့ အာရှဈေးကွက်အတွင်း အခွင့်အလမ်းတွေ တိုးတက်ရရှိဖို့ ဆောင်ရွက်ဖို့လိုအပ်လာပြီလို့ Sasketchewan Pulse Growers (SPG) မှ အမေရိကန်စိုက်ပျိုးရေးပညာ ရှင် Bruce Scher  မှ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြောကြားပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယလိုနိုင်ငံတွေကို ပဲလုံး၊ ကုလားပဲဖြူ လုံးကြီး၊ ပဲနီလေးအပါအဝင် ပဲမျိုးစုံတင်ပို့ခြင်း့နဲ့ တန်ဖိုးမြင့်ထုတ်ကုန် အမြောက်အမြား တင်ပို့တဲ့ အခွင့်အလမ်းတွေ ရှိနေတာ ကြောင့် ဒီအခွင့်အလမ်းကို လက်ကိုင်ထားသင့်တယ်လို့လဲ ၎င်းကဆိုပါတယ်။

Friday, 22 Jan 2010

   အာရှအချို့ဒေသတွေမှာ ကောက်ပဲသီးနံှ အထွက်ကျဆင်းတာနဲ့ ကုန်စည်ဈေးကွက်အပြောင်းအလဲများတာတွေက ၂ဝ၁ဝ မှာ ဆင်းရဲတဲ့နိုင်ငံများအတွင်း စားနပ်ရိက္ခာဈေးနှုန်းများနဲ့ပတ်သက်တဲ့ နောက်ထပ်အန္တရာယ်နဲ့ တွေ့ကြုံနိုင်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က ကမ္ဘာ့ဘဏ်ဥက္ကဌ Robert Zoellickက ပြောကြားပါတယ်။   အောက်တိုဘာလမှာ အမေရိကန်စားနပ်ရိက္ခာနဲ့ စိုက်ပိုျးရေးအဖွဲ့အစည်း USDAက ခန့်မှန်းတာတော့ ဒီနှစ်ကမ္ဘာ့ဆန်ထုတ်လုပ် မှုဟာ တန်ချိန် ၄၄၆ သန်းခန့်ရှိနိုင်တာမို့ ၂ဝဝဝ ခုနှစ်ကစပြီး၊

Monday, 18 Jan 2010

       လွန်ခဲ့တဲ့ နှစ်အတွင်းမှာ ၄ဝ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တဲ့ ပဲမိုျးစုံ ဈေးနှုန်းဟာ ၂ဝ၁ဝ မှာလည်း ဝယ်လို အားနဲ့ ရောင်းလိုအား မမျှတာကြောင့် ဈေးနှုန်းထပ်မံမြင့်တက်အုံးမယ်လို့ ဒီဇင်ဘာ  ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်း များ အသင်း Assocham က ပြောကြားခဲ့ပါတယ်။ ပြည်တွင်းပဲမိုျးစုံ ထုတ်လုပ်မှုလျော့ကျတာရယ်၊ လူဦးရေတိုးပွားလာတာအပြင် နိုင်ငံ တကာဈေးကွက်မှာ ပဲမိုျးစုံဈေးနှုန်း ပိုမိုမြင့်မားတာတွေက

Pages