Main menu

Background

Monday, 18 Jan 2010

        PEC ကုမ္ပဏီဟာ ဖေဖေါ်ဝါ ရီလနဲ့ မတ်လတွေမှာ အရောက်ပို့ရမယ့် ပဲမိုျးစုံတန်ချိန် ၁၉ဝဝဝ တင်သွင်းဖို့ ဇန်နဝါရီလ ၈ ရက်နေ့က တင်ဒါခေါ် ယူခဲ့တယ်လို့ ၎င်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။

Monday, 18 Jan 2010

        ၂ဝဝ၉-၂ဝ၁ဝ ဈေးကွက် ရာသီအတွက် ကနေဒါ ကောက်ပဲသီးနံှ ကော်မရှင်ရဲ့ သုံးသပ်ချက်အရ နောက် ဆုံးသီတင်းပတ်အတွင်း ကနေဒါရဲ့ ပဲလက်ကျန်ဟာ စုစုပေါင်းတန်ချိန် ၁၉၉၄ဝဝ ရှိတယ်လို့

Saturday, 16 Jan 2010

      ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံခန့် တင်ပို့သွားဖို့ ရည်မှန်းထားတယ်လို့ နိုင်ငံခြားကုန်သွယ်မှုဌာန  DFT မှ ညွှန်ကြားရေးမှူး ချုပ် ဝီချက်ဝီဆက်နွိုင်က ပြောကြားပါတယ်။ ယမန်နှစ်က ဆန်တန်ချိန် ၈ ဒသမ ၅၇ သန်း၊ တန်ဘိုးအားဖြင့် ကန်ဒေါ်လာ ၅ ဘီလီယံဖိုးခန့် တင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။

Saturday, 16 Jan 2010

      ဗီယက်နမ်နိုင်ငံက ဒီဇင်ဘာလအတွင်းမှာ ဆန်တန်ချိန်သုံးသိန်းနီးပါး တင်ပို့ပြီးဖြစ်လို့ ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအနေနဲ့ တန်ချိန် အားဖြင့် ၆ သန်း ကျော်ပြီဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၄၃ ဘီလီယံကျော် ရရှိပြီးဖြစ်တယ်လို့ ဗီယက်နမ်စားနပ် ရိက္ခာ အသင်းက ပြောကြားပါတယ်။

Saturday, 16 Jan 2010

      ကမ္ဘောဒီးယားနိုင်ငံဟာ ကောက် ပဲသီးနံှဦးဆောင်တင်ပို့တဲ့နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေတာကြောင့် ဒီနှစ်မှာ ဆန်တန်ချိန် ၇ သိန်းခန့် အထိ တင်ပို့သွားမယ်လို့ စိုက်ပိုျးရေးဝန်ကြီး ချန်တောင်ယူးက

Wednesday, 13 Jan 2010

၂ဝဝ၉ ခုနှစ် အစပိုင်းမှာ လောင်စာဆီဈေးကျဆင်းခြင်းနဲ့အတူ စားအုန်းဆီဈေးလည်း ကျဆင်းခဲ့ပါတယ်။ ကမ္ဘာမှာ စားအုန်းဆီတင်သွင်းမှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယက ပြည်တွင်းစားဆီဈေး လျှော့ချဖို့အတွက် စားဆီတင်သွင်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သလို နိုင်ငံတကာစားဆီဈေးကျဆင်းနေတာကြောင့် စားအုန်းဆီအများဆုံး တင်ပို့တဲ့ အင်ဒိုနီးရှားဟာလည်း စားအုန်းဆီ တင်ပို့ခွန်ကို သုညအထိ လျှော့ချခဲ့ပါတယ်။   ဒုတိယ ၃ လမှာတော့ ရေနံဈေးနှုန်းမြင့်တက်လာခြင်းနဲ့ ဥရောပဟင်းသီးဟင်းရွက်ဈေးမြင့်တက်လာခြင်းက စားအုန်းဆီ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေခဲ့တာမို့ စားအုန်းဆီဈေး ဆက်လက်မြင့်တက်ခဲ့ပါတယ်။    ဒုတိယနှစ်ဝက်အစပိုင်း နိုင်ငံအနံှ့အပြားမှာ ဆီထွက်သီးနံှအထွက်လျော့နည်းခြင်းကြောင့် ကမ္ဘာ့စားဆီ ဈေး ဆက်လက် မြင့်တက်ခဲ့ရာ ပဲပုပ်ဆီဈေးနဲ့ နေကြာဆီဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ မြင့်တက်ခဲ့သလို စားအုန်းဆီဈေးဟာလည်း တစ်တန်ကို ကန်ဒေါ်လာ ၂၅ဝ မြင့်တက်ခဲ့ပါတယ်။     ဒါပေမဲ့ တတိယ ၃လပတ်မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ စားဆီသိုလှောင်ထားရှိမှုပမာဏက မျှော်လင့်မထားတဲ့ ပမာဏကိုမြင့်တက်ခဲ့လို့ တင်သွင်းမှုလျော့ကျလာတဲ့အတွက် စားအုန်းဆီဈေး ပြန်လည် ကျဆင်းခဲ့ပါတယ်။  အောက်တိုဘာလမှာတော့ အမေရိကန်နဲ့ အာဂျင်တီးနားတို့မှာ ပဲပုပ်အထွက်ပိုမယ့် ခန့်မှန်းချက်တွေ ကြောင့် စားအုန်းဆီ ဈေးအားပျော့ကာ နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယနဲ့ တရုတ်တို့က ဝယ်လိုအားပြန်ခိုင်မာလာ တာရယ်၊ အယ်နီညိုကြောင့် စားအုန်းဆီ အထွက်လျော့ပြီး ရောင်းလိုအားနည်းတာအပြင်၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ တင်ပို့မှုတွေများလို့ လက်ကျန်နည်းလာတာ ရယ်ကြောင့် စားအုန်းဆီဈေးပြန်ခိုင်မာလာပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလကစပြီး အင်ဒိုနီးရှားက စားအုန်းဆီကြမ်းတင်ပို့ခွန် ၃ ရာခိုင်နှုန်းကို ပြန်လည်စည်းကြပ်လိုက် တာကြောင့် ၂ဝ၁ဝ မှာတော့ စားအုန်းဆီဈေး ပြန်လည်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။    ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအနေနဲ့ ရေနံဈေးနှုန်းအပေါ် အခြေခံတဲ့စားအုန်းဆီဈေးနှုန်းဟာ ရေနံဈေးနှုန်း အတက်အကျအရ စားအုန်းဆီဈေး အပြောင်းအလဲများရှိခဲ့သလို ဆီထွက်သီးနံှစိုက်ပိုျးတဲ့နိုင်ငံတွေရဲ့ ရာသီဥတု အခြေအနေ၊ ထွက်ရှိမှုနဲ့ တင်သွင်း နိုင်ငံ၊ တင်ပို့နိုင်ငံများရဲ့ မူဝါဒများအပေါ်လည်း များစွာတည်မှီပြောင်းလဲကြောင်း တွေ့ရှိရပါတယ်။ MIRT (MAPT)

Sunday, 10 Jan 2010

   ၂ဝဝ၉ ခုနှစ်ဦးပိုင်းမှာ အိန္ဒိယပြည်တွင်း ပဲဈေးကွက်မှာ ပဲမျိုးစုံရောင်းချမှု တိုးတက်လာစေဖို့အတွက် ပဲမျိုးစုံတင်သွင်းမှု အခွန် ကင်းလွတ်ခွင့်နဲ့ ကာဘူလီကုလားပဲကလွဲပြီး ကျန်တဲ့ပဲအမိုျးအစားအားလုံးကို ပြည်ပတင်ပို့မှုပိတ်ပင်တဲ့ကာလကိုလည်း တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်တယ်လို့ မတ်လမှာကြေငြာခဲ့ပါတယ်။  ဒီလတွေမှာ အစိုးရပိုင်အေဂျင်စီများဖြစ်တဲ့ PEC, MMTC, STC နဲ့ Nafed တို့က ပဲတွေအဆက်မပြတ် တင်သွင်းလာကြပါတယ်။ ဒါကြောင့် ပထမပိုင်းလတွေမှာ ပဲမျိုးစုံဈေးတွေ တည်ငြိမ် သေးတယ်လို့ဆိုရမှာပါ။

Pages