Main menu

Background

Sunday, 15 Jul 2012

     ပြည်တွင်းဈေးကွက်မှာ မတ်ပဲရောင်းဝယ်မှုသွက်နေ ဈေးကွက်အတွင်းသ    အိန္ဒိယနိုင်ငံမှာ မိုးနည်းခြင်းနဲ့ ရူပီးတန်ဖိုး  ကျဆင်းခြင်းတွေကြောင့် ပဲမျိုး ဖစုံဈေးက ဇွန်လဝက်ကတည်းက လက်ရှိ အချိန်ထိ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ မုတ်သုံမိုး က နိုင်ငံရဲ့ ဒေသတော်တော်များများမှာ ရွာသွန်းမှု မရှိတဲ့ အတွက် ဈေးနှုန်းထပ်တက်ဖွယ်ရှိနေပါတယ်။ ရူပီးတန်ဖိုးက ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒီနှစ်မှာ ကုလားပဲလို ပဲများ တင်သွင်းဖို့ လိုအပ်နေပြီ။ကုလားပဲဈေးတွေမြင့်တက်နေတယ် လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း ဥက္ကဌ  Mr Pravin  Dongre  မှ ပြောကြားပါတယ်။

Sunday, 15 Jul 2012

နိုင်ငံတကာ ပဲစိုက်ပျိုးထုတ်လုပ်မှုနဲ့ လက်ကျန်အခြေအနေအိန္ဒိယနိုင်ငံမှာ မိုးနည်းပါးတဲ့အတွက် မိုးသီးနှံစိုက်ပျိုးမှု နှောင့်နှေးတယ်ဆိုပေမဲ့ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာန ရဲ့  နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရတော့ ဇူလိုင် ၆ ရက်အထိ ပဲမျိုးစုံစိုက်ဧရိယာက မနှစ်က ကာလတူထက် အနည်းငယ်ပိုနေတာ တွေ့ရ ပါတယ်။ ယခင်နှစ်ဒီလိုအချိန်မှာ ပဲမျိုးစုံဟက်တာ ၁၂ ဒသမ ၃၈ သိန်း စိုက်ပျိုးထားပြီး လက်ရှိအချိန်မှာ ဟက်တာ ၁၃ ဒသမ ၀၄ သိန်းစိုက်ထားပြီလို့ မနှစ်ကထက် ဟက်တာ ၀ ဒသမ ၆၆ သိန်း ပိုစိုက်ထားပြီးပြီလို့ သိရပါတယ်။

Monday, 9 Jul 2012

    ၂၀၁၂-၂၀၁၃ မှာ အိန္ဒိယနိုင်ငံရဲ့ ပြောင်းအများဆုံး စိုက်ပျိုးတဲ့ ကာနာတာက၊ အန်ဒရာပရာဒေ့ရှ်နဲ့  မဟာရာရှပ်ထရာတို့မှာ မိုးနည်းပါးပြီး ကြက်ဘဲမွေးမြူရေးကဏ္ဍက နေ ဝယ်လိုအားတက်လာတာကြောင့် လာမယ့် ကာလများမှာပြောင်းဈေးနှုန်းမြင့်တက် ဖွယ် ရှိကြောင်းသိရပါတယ်။

Monday, 9 Jul 2012

    အမေရိကန်မှာ ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ပြောင်းအထွက်နှုန်း ကျဆင်းကာ ဈေးကွက်တွေမှာ ကုန်စည်ဈေးနှုန်း မြှင့်တင်နိုင်တဲ့အပေါ် စိုးရိမ်မှု တွေကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ ၃ လအတွင်း ဆက်တိုက် ကျဆင်း ခဲ့ရာမှ ဇူလိုင်မှာ ပြန်လည်မြင့်တက်ဖွယ်ရှိတယ်လို့ ဇူလိုင်လ ၅ ရက်နေ့မှာ  FAO  မှ ဆိုပါတယ်။ ရာသီဥတု ဆိုးဝါးခြင်းကြောင့် သီးနှံအထွက်ကျဆင်းမှုအလားအလာ ရှိပြီး၊ အမေရိကန်မှာ ပြောင်းကအထွက် ကျဆင်းနိုင်တဲ့အတွက် ကုန်စည်ဈေးများ မကြာခင်ကစပြီး တစ်ဖန်ပြန်မြင့်တက်လာတယ်လို့  FAO မှ ဆိုပါတယ်။ ဒါကြောင့် ယခုလအတွင်း  FAO  ရဲ့ စားနပ် ရိက္ခာ ဈေးနှုန်းညွှန်းကိန်း မြင့်တက်လာဖွယ်ရှိနေ တယ်လို့ ဆိုပါတယ်။

Monday, 9 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ  ကန်ဒေါ်လာ ၂ ဒသမ ၂၁၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၀၄ တန်ကျော်ကို ဇွန် ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် တန်ချိန် ၁၃၆၃ တန်ခန့်အပို့ပိုခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ (၃) လ တာကာလမှာ နယ်စပ်မှပြောင်း တင်ပို့မှုကိုကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာ ၂၄ ဒသမ ၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၆၇၃၉ တန်ကျော်တင် ပို့ထားပြီး ဖြစ်ပါတယ်။ ပြောင်းဖူးစေ့မြေပြင်ဈေးများကို ကြည့်ရာမှာ မိမိဘက် ရောတစ်ဘက် နိုင်ငံမှာ အနည်းငယ်မျှမြင့်တက်နေပါတယ် -

Sunday, 8 Jul 2012

    အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှု ကျဆင်းခြင်းကြောင့် ကြက်သွန်အထွက်ကျဆင်းမယ့် ခန့်မှန်းချက်များ နဲ့ အစိုးရက ဇွန် ၂၉ ရက်မှာ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP)မထားဘဲ ပြည်ပကို ကြက်သွန်နီ တင်ပို့ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဇူလိုင် ၃ ရက်လက်ငင်းဈေးကွက်မှာ ကြက်သွန်နီဈေး ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော် ဟင်းသီး ဟင်းရွက် သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရ ကြက်သွန် နမူနာဈေးနှုန်းက ယခင်ရက်မှာ တစ်တန် ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၂၇)တက်ပြီး၊ တစ်တန် ရူပီး ၇၅၀၀ (ကန်ဒေါ်လာ ၁၃၈)နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

Sunday, 8 Jul 2012

    မလေးရှားနိုင်ငံမှရောင်းချမှု အကန့်အသတ်သာရှိတာကြောင့် တရုတ်ကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာလက်ကျန် ၃၀ ရာခိုင်နှုန်းဝန်း ကျင်ကျဆင်းခဲ့တာကြောင့် အချို့ဒေသတွေမှာ ဈေးနှုန်း ၂ ဆမြင့်တက်ပြီး၊ အချို့ဒေသ တွေမှာ ၃ ဆအထိပင် မြင့်တက်ကြောင်း သိရပါတယ်။ စစ်တမ်းကောက်ယူ ချက်များ အရ ကလန်ချိုင့်ဝှမ်းဒေသမှာ ကြက်သွန်ဖြူတစ်ကီလိုကန်ဒေါ်လာ ၁ ဒသမ ၆ ရှိရာမှ တစ်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၄ ကိုမြင့်တက်ခဲ့ပြီး ပီနန်မှာ တစ်တန် ကန် ဒေါ်လာ သုည ဒသမ ၉၅မှ ကန်ဒေါ်လာ ၂ဒသမ ၈၄ ကိုတိုးလာကြောင်းသိရပါတယ်။

Sunday, 8 Jul 2012

    ယခုနှစ်မှာ ကုလားပဲအထွက်လျော့ခြင်းနဲ့ လက်ကျန်မှာလည်း တော်တော်များများကျဆင်းနေခြင်းတို့ကြောင့်  လာမယ့်ရက် တွေမှာ ကုလားပဲဈေးက စံချိန်သစ်တင်တဲ့အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ကုလားပဲ အထွက်လျော့လို့ လက်ကျန်ပြတ်လုနီးပါးဖြစ်ခဲ့ဘူးတဲ့အတွက် ကုလားပဲတစ်တန် ရူပီး ၄၈၀၀၀-၅၀၀၀၀ (ကန်ဒေါ်လာ ၈၈၁ - ၉၁၈)အထိ မြင့်တက်ရင်တောင် ဆိုးဝါးလာနိုင်မှာ မဟုတ်ပါဘူးလို့ ကုလားပဲ လက်ကားကုန်သည်  Mr  Prakash  Vora   မှ ပြောကြားပါတယ်။

Sunday, 8 Jul 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အချို့ဈေးကွက်မှာ ဈေးငြိမ်ပေမဲ့ အချို့ဈေးကွက်မှာတော့ ကုလားပဲဈေး ဆက်လက်တိုးလာပါတယ်။ ယခုနှစ်အတွင်း လက်ကျန်လျော့ကျခြင်းနဲ့ အထွက်လျော့ကျခြင်း တို့ကြောင့် ကုလာပဲဈေးမြင့် တက်ေ နပါတယ်။ ထုတ်လုပ်မှုလျော့တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လက်ကျန် ကျဆင်းနေပါတယ်။ လှောင်လက်များနဲ့ ဝယ်လက် များက ဈေးတက်မယ့် မျှော်လင့်ချက်ကြောင့် ဝယ်ယူစုဆောင်းထားခြင်းနဲ့ ပဲဝင်ရောက်မှု ကျဆင်းခြင်းတွေကြောင့် ဈေးဆက် လက်မြင့်တက်ဖွယ်ရှိပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-

Sunday, 8 Jul 2012

    ယခင်တစ်ပတ်က အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးအနည်းငယ် တိုးခဲ့ရာမှ ယခုတစ်ပတ် မှာ ပြန်လည်ေ လျာ့ကျခဲ့ပါတယ်။ ပဲတီစိမ်းခွဲခြမ်းများကို ဝယ်လိုအားနည်းလာတဲ့အတွက် ဈေးကွက်အများစု လျော့ကျ ခဲ့ပြီး အချို့ဈေးကွက် တွေ မှာတော့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အိန္ဒိယအချို့ဒေသတွေမှာ မိုးရွာ သွန်းမှုနှေးလို့ စိုက်ဧရိယာတွေလျော့ကျမှုရှိသလို အချို့ဒေသတွေမှာ ဈေးပိုရတဲ့ ဆီထွက်သီးနှံကို ပြောင်းလဲစိုက်ပျိုးလာကြတဲ့အတွက် ပဲတီစိမ်းစိုက်ပျိုးမှု ကျဆင်း မယ်လို့ ဈေးကွက်မှ ခန့်မှန်းကြပါတယ်။ ဇွန် ၂၉ ရက် မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာ ပဲတီစိမ်းကွန်တိန်နာ ၃ လုံး ဝင်ရောက်ကြောင်း သိရပါ တယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-

Pages